လှော်ကားဥယျာဥ်သည် သဘာဝနှင့်သစ်တောသစ်ပင် ချစ်ခင်သူများအဖို့တော့ အဖိုးဖြတ်နိုင်သော နေရာတခုဖြစ်ယုံသာမက အမျိုးသားအမွေနှစ်တခုလည်းဖြစ်ပါတယ်။ လှော်ကားဥယျာဉ်တွင် ဘေးမဲ့လွှတ် ထားသည့် တိရိစ္ဆာန်လေးများကို အနီးကပ်မြင်တွေ့ရမှာဖြစ်ပြီး၊ ရွှေသမင်၊ ဆတ်၊ နွားနောက်၊ မျောက်၊ တောဝက်၊ ဒရယ်နှင့် ငှက်မျိုးစုံတို့ကို သဘာဝအတိုင်းမြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဆာဖာရီဥယျာဉ်အတွင်းတွင်လည်း အနားယူအပန်းဖြေနိုင်သော အပန်းဖြေစခန်း(၄)ခု ရှိပြီး ထိုအပန်းဖြေစခန်းများတွင် သီးသန့်အပန်းဖြေအနားယူလိုသူများ အတွက် သီးသန့် နားနေဆောင်များ ကိုလည်း ဖွင့်လှစ်ထားပြီး ဆင်စီးခြင်း၊ တောတွင်းလမ်းလျှောက်ခြင်း၊ ဥယျာဉ်အတွင်းရှိ ကန်သာယာတွင် စက်လှေစီးခြင်း၊ အပျော်တမ်းငှက်ကြည့်ခြင်း စသည့်အစီအစဉ်များကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
လှော်ကားဥယျာဉ်၏ သဘာဝအလှများကို ခံစားကြည့်ရှုနိုင်မည့် မျှော်စင်၊ ကြိုးတံတား၊ မိုးတွင်းအခါတွင် သဘာဝကန်သာယာအတွင်းမှ ရေလျှံသည့် ဘီးဆံပါတ်ရေတံခွန်များ တည်ရှိပြီး လည်ပတ်အပန်းဖြေ အနားယူရန် ကောင်းသောနေရာများဖြစ်ပါတယ်။
Copyright 2018. All rights reserved.