News – Hlawga National Park
  • News

Request

We really appreciate each and everyone who are generously donating so far for animals. However, there are some rules and regulations to comply with to prevent the formation of crowds during the pandemic period. For this reason, we only allow a small number of donors to participate in our program. You are requested to book in advance to participate in the donation program. That’s why, we will be accepted only the group or person who is booking in advance. We...

Animal Feeding Program FAQs

The park is being closed temporarily due to the current pandemic and the reopening date will be announced through social media. During the pandemic period, we introduce a feeding program that allow a small number of people can participate in. Only five people per group allow to enter the park in the program. There are two options to participate in our program: the donors can bring a predefined quantity and types of vegetables or, can be donated the predefined amount...

Birds Watching Tour

We would like to introduce a new program called “Birds Watching Tour”. It will be launched starting on 20th December and you will have to book 3 days ahead to join it. Activities 🔹Bird Watching 🔹Jungle & Adventure Tray 🔹Cycling 🔹Fishing 🔹Camping *For bicycling and Fishing, you have to bring your own. Package Type 🔹Maximum 5Pax 🔹Maximum 10Pax 🔹Maximum 15pax Due to the Covid-19 Pandemic, we will only allow 2 groups for a day. Duration Check-in time :6AM Check-out time...

Private Tour Program

In "Private Tour Package "allow 2 to 10 person per group and one day prebooking require. In Private Tour Package: Free access to Mini Zoo Free access to the Safari Park Free Buggy Service or Private car pass Able to bring animal food from outside to feed the animals Price - 5000 MMK per person For your Booking : 09429998624

Daycation Program

Meet the nature with your lovely friends and family in your leisure time. The Package include: 🛏 2 Bedrooms 🛋 Living Room 🚪  Dinning Room 💰  35000 MMK per Banglow ⏰ 09:00AM to 04:00PM 👨‍👩‍👧‍👦Allow 2 to 10 person per group and one day prebooking require. For your Booking : 09429998624

Camping Season is Here!!!

🏕️ Camping Season is Here!!! 🤗 ❄️အေးမြတဲ့ ဆောင်းအငွေ့အသက်၊ လတ်ဆတ်တဲ့လေထုနဲ့ စိမ်းစိမ်းစိုစို‌ သစ်ပင်များအကြားမှာ ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့အတူ လာရောက်အပန်းဖြေ အနားယူချင်သူတို့အတွက် အားလုံးမျှော်လင့်နေကြတဲ့ လှော်ကားဥယျာဉ်ရဲ့ Camping ရာသီပြန်လည်ရောက်ရှိလို့ လာပါပြီ 🥳🥳🥳 ⛺️တောအုပ်လေးထဲမှာ ရွက်ဖျင်တဲလေးထိုးပြီး သဘာဝရဲ့အရသာကို အပြည့်အဝခံစားရင်း အနားယူအပန်းဖြေကြမလား၊ ⛹️မိသားစု၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဂိမ်းလေးတွေ ကစားမလား၊ 🎸ဂစ်တာတီးပြီး သီချင်းလေးတွေ ဆိုကြမလား၊ ♟️Chessထိုးမလား၊ Scrabble ကစားမလား၊ ဒိုးဆက် (Domino) ဆက်ကြမလား၊ 🏸ကြက်တောင်ရိုက်မလား၊ ခြင်းခတ်မလား .....စတဲ့ကစားနည်းမျိုးစုံထားရှိပေးထားမှာ ဖြစ်ပါတယ်။ 🚶ကျန်းမာရေးအတွက်လည်း တောလမ်းကလေးတွေမှာ လမ်းလျှောက်လို့လည်းရမယ်၊ 🚴‍♂️ စက်ဘီးစီးဝါသနာပါတဲ့ သူတွေအတွက်လည်း တောလမ်းကလေးမှာ စက်ဘီးစီးခွင့်ရမယ်၊ မနက် (၈) နာရီမှ ညနေ (၄) နာရီထိ ဥယျာဉ်အတွင်း စိတ်ကြိုက်အပန်းဖြေလည်ပတ်ခွင့်ရမယ့်အပြင် 🦌🐒 သဘာဝအတိုင်းကျက်စားနေတဲ့ တိရစ္ဆာန်လေးတွေကိုလည်း နီးနီးကပ်ကပ်အစာကျွေးနိုင်မှာ ဖြစ်ပါတယ်။ 🍱 နေ့လည်စာအတွက်လည်း စိတ်ပူစရာမလိုပါဘူး။ အရသာကောင်းမွန်ပြီး တမူထူးခြားတဲ့ နေ့လည်စာများကို စီစဉ်ပေးထားတာမို့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ထမင်းလက်စုံစားနိုင်ပါတယ်။ 📣 ဒီလို စိတ်လှုပ်ရှားစရာ Activity...

SEAZA Conference

မလေးရှားနိုင်ငံ၊ Penang၊ Taiping၊ Grand Baron Hotel တွင် (၅−၁၁−၂၀၂၃)ရက်နေ့မှ (၈−၁၁−၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရှနှင့် အာဆီယံဒေသတွင်း တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံး (South East Asia Zoos and Aquarium Association-SEAZA) ၏ အကြိမ် (၃၁) ကြိမ်မြောက်ညီလာခံကို အစည်းအရုံးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ အမှုဆောင်အရာရှိချုပ် (CEO) နှင့် ဝန်ထမ်းများ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး)နှင့် သစ်တောဦးစီးဌာန (ရန်ကုန်တိုင်း)မှ ဒုတိယညွန်ကြားရေးမှူး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါညီလာခံတွင် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ တက်ရောက်သူ (၂၅၉) ဦးရှိခဲ့ပြီး သုတေသနစာတမ်းပေါင်း (၅၉) စောင် ဖတ်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ သုတေသနစာတမ်း (၄) စောင် ဖတ်ကြားတင်သွင်းခဲ့ပါတယ်။

လှော်ကားဥယျာဉ်မှာ Camping လာရောက်ခဲ့သော International School တစ်ခုမှ ကျောင်းသား/သူများ

လှော်ကားဥယျာဉ်မှာ Camping လာရောက်ခဲ့သော International School တစ်ခုမှ ကျောင်းသား/သူများ ကျောင်းသား/သူများဟာ လှော်ကားဥယျာဉ်အတွင်းရှိ Mini Zoo သို့လည်ပတ်ခြင်း🐅🦌 Trekking လမ်းလျှောက်ခြင်း👣 Camping Site ရှိ Tent များတွင် အနားယူခြင်း 🏕️ သဘာဝတောတွင်းလမ်းလျှောက်ခြင်း၊🚶 စက်ဘီးစီးခြင်း🚴 ကြက်တောင်ရိုက်ခြင်း🏸 နေ့လည်စာလက်ဆုံစားခြင်းများ 🍱 ပြုလုပ်ခဲ့ကြပြီး ညနေပိုင်းမှာတော့ လှော်ကားဥယျာဉ်မှ ပျော်ရွှင်စွာထွက်ခွာခဲ့ကြပါတယ် 🚌 မိမိတို့ရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ Camping ထွက်မယ်၊ Trekking ‌လျှောက်မယ်ဆိုရင်တော့ သဘာဝနဲ့အနီးစပ်ဆုံးထိတွေ့နိုင်ပြီး ကျယ်ဝန်းလှပတဲ့၊ သဘောကောင်းတဲ့ Trekking Guide တွေရှိတဲ့ လှော်ကားဥယျာဉ်ကို ကြွလှမ်းခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်၊🤗🤗🤗

🦤📷 Exploring the Nature: Bird Watching 📹🦩

🦤📷 Exploring the Nature: Bird Watching 📹🦩 ဒီတစ်ပတ်ပိတ်ရက်လေးမှာ ရန်ကုန်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ အေးချမ်းပြီး သဘာဝတောအုပ်လေးတွေ ဖုံးလွှမ်းနေတဲ့ လှော်ကားဥယျာဉ်မှာ လူကြိုက်များတဲ့ Bird Watching Tour Program လေးနဲ့ ထိတွေ့ ခံစားကြည့်နိုင်ဖို့ရာ ဖိတ်ခေါ်ပါရစေ 🤗 Bird Watching Tour ဆိုတာ ဘာလဲ? 📹 🦤 🦩တစတစ ဝင်လာတဲ့ ဆောင်းဥတု မနက်ခင်းမှာ သဘာဝတောအုပ်ကလေးဖြစ်တဲ့ လှော်ကားဥယျာဉ်အတွင်းရှိ သဘာဝအတိုင်းပျံသန်း ကျက်စားနေကြတဲ့ ငှက်များ၊ ခေတ္တမျှ လာရောက်ဆောင်းခိုကြတဲ့ ငှက်များ၊ သားပေါက်ရန် ဥယျာဉ်သို့ လာရောက်နားခိုကြတဲ့ ငှက်မျိုးစုံကို Binoculars တွေထဲမှတစ်ဆင့် ငှက်နာမည်၊ မျိုးစိတ်နဲ့ ကွဲပြားခြားနားတဲ့အရောင်အသွေး အသွင်အပြင်တွေကို ဥယျာဉ်မှ Guide မှ တစ်ဆင့် လေ့လာခွဲခြားရှင်းပြပြီး နားထောင်မှတ်သားရင်း စိတ်လှုပ်ရှားစရာ အတွေ့အကြုံအသစ်တွေနဲ့အတူ အပန်းဖြေလေ့လာဖန်တီးနိုင်ကြမယ်။ 🏕 ငှက်ကြည့်လေ့လာအပန်းဖြေပြီးတဲ့အခါ ဥယျာဉ်အလှ၊ ရေကန်အလှ၊ သဘာဝအလှတွေကို ခံစားကြည့်ရှုပြီး Camping Ground မှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့အတူ ပျော်ပျော်ပါးပါး နေ့လည်စာ သုံးဆောင်ရင်း ရွေးချယ်စရာများတဲ့ ဂိမ်းလေးတွေ ကစားကြမယ်၊ ဂစ်တာတီးပြီး...

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ (သာမညဖလအခါတော်နေ့) ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်(သမညဖလအခါတော်)နေ့မှာ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြည်သာပြီး မိမိတို့လိုရာဆန္ဒများပြည့်ဝကြစေကြောင်း လှော်ကားဥယျာဉ်မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။

2024 Miss Grand Myanmar အလှမယ်များ

ရန်ကုန်မြို့တွင် Activity အဖြစ်‌ လှော်ကားဥယျာဉ်သို့ လာရောက်လည်ပတ်ခဲ့ကြသော 2024 Miss Grand Myanmar အလှမယ်များ၏ အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက်ပါတယ် 🤗🤗

🎉 𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 🎉

🇲🇲 အမျိုးသားနေ့ ဒို့မမေ့ 🇲🇲 🎉 𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 🎉 ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်၊ ကြာသပတေးနေ့တွင် ကျရောက်သော (၁၀၃)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုကြိုဆိုရင်း မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြည်သာကြစေကြောင်း လှော်ကားဥယျာဉ်မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။  

အပြည်ပြည်ဆိုင်ရာ မျောက်များနေ့ (International Monkey Day)

အပြည်ပြည်ဆိုင်ရာ မျောက်များနေ့ (International Monkey Day) ၊🐒🐒🐒 ဒီဇင်ဘာလ(၁၄)ရက်နေ့၊ မျောက်များနေ့(Monkey Day)မှာ တိရစ္ဆာန်ဥယျာဉ်ထဲက မျောက်လေးတွေအကြောင်းကို ဗဟုသုတအနည်းငယ်မျှဝေချင်ပါတယ်။ မျောက်တွေကို အမြီးပါမျောက်နှင့် အမြီးမပါမျောက်ဟူ၍ နှစ်မျိုးခွဲခြားထားပါတယ်။ ဒါ့အပြင် အမြီးပါ မျောက်တွေကိုလည်း(၂)မျိုးပြန်ပြီး ထပ်မံခွဲခြားထားပါတယ်။ ဒီနေ့ကျရောက်တဲ့ မျောက်များနေ့(Monkey Day) မှာ အမြီးပါမျောက်ကလေးတွေအကြောင်းကို ဗဟုသုတအနည်းငယ် မျှဝေပါရစေ… ပထမဦးဆုံးအနေနဲ့…အမြီးပါမျောက်တွေကို…အင်္ဂလိပ်လို(Monkeys) လို့ခေါ်ပြီး၊ အမြီးမပါတဲ့ မျောက်တွေကိုတော့ (Ape) လို့ခေါ်ပါတယ်။ အမြီးပါမျောက်နှင့် အမြီးမပါ မျောက်တွေကို သတ္တဗေဒဘာသာရပ်အခေါ်ဝေါ်အနေနဲ့ မျိုးစဉ်(Order) လိုခေါ်တဲ့ ၊ ပရိုင်းမိတ် (Primates) အတွင်းမှာ ပါရှိတဲ့အတွက် ကျွနှ်ပ်တို့လူသားတွေနဲ့ မျိုးစဉ်တစ်ခုတည်းမှာ အတူတည်ရှိနေတာကြောင့် မျောက်တွေဟာ လူတွေနဲ့ပိုမိုနီးစပ်ပြီး အခြားသောတိရစ္ဆာန်များထက် အသိဉာဏ်ကိုမိုမြင့်မားကြပါတယ်။ အမြီးပါတဲ့မျောက်တွေကို ထပ်မံပြီးခွဲခြားပြရရင် ကမ္ဘာဟောင်းမျောက်(Old World Monkeys) နှင့် ကမ္ဘာသစ်မျောက်(New World Monkeys) ဆိုပြီး (၂)မျိုးထပ်မံခွဲခြားကြပြန်ပါတယ်။ ကမ္ဘာသစ်မျောက်တွေဟာ တောင်အမေရိကတိုက်ထဲမှာနေထိုင်ပြီး ကမ္ဘာဟောင်းမျောက်တွေကတော့ အာရှတိုက်နှင့် အာဖရိကတိုက်တွေမှာ နေထိုင်ကြပါတယ်။ ကမ္ဘာသစ်မျောက်နဲ့ ကမ္ဘာဟောင်းမျောက်တွေကို ယခုလို ခွဲခြားလေ့လာနိုင်ပါတယ်။ ကမ္ဘာဟောင်းမျောက် : ▫️အစာသိုလှောင်နိုင်သည့် ပါးစောင်အိတ်ပါရှိသည်။ ▫️အမြီးပါရှိသော်လည်း ထိုအမြီးဖြင့် သစ်ပင်/သစ်ကိုင်းများကို မတွယ်ချိတ်နိုင်ပါ။...

🌳Back to Nature🌳

🌳Back to Nature🌳 မွမ်းကြပ်မှုတွေ စိတ်ဖိစီးမှုတွေဖြေဖျောက်ဖို့ မြို့ပြရဲ့ဆူညံရှုပ်ထွေးမှုအဝေးမှာ စိတ်ပြေလက်ပျောက် ‌အနားယူအပန်းဖြေနိုင်ဖို့အတွက် သဘာဝအငွေ့အသက်တွေပြည့်နှက်နေတဲ့ ရန်ကုန်မြို့အနီးရှိ လှော်ကားဥယျာဉ်မှာ ပြုလုပ်နိုင်တဲ့ Activity လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Camping🏕️ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ပဲဖြစ်ဖြစ် အနားယူအပန်းဖြေရင်း ဂိမ်းလေးတွေကစားကြမယ်၊ ကြက်တောင်ရိုက်၊ စက်ဘီးစီးကြမယ် ဆိုရင်တော့ Hlawga Camping ကတော့ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ နေ့လည်စာပါ စီစဉ်ပေးထားမှာဖြစ်တဲ့အတွက် ပျော်ပျော်ပါးပါး ထမင်းလက်စုံစားလို့ရတာပေါ့ ☺️ Birdwatching🐦🦤 ငှက်ကြည့်ဝါသနာအရပဲဖြစ်ဖြစ်၊ ဗဟုသုတရချင်လို့ပဲဖြစ်ဖြစ် လေ့လာချင်တယ်ဆိုရင်တော့ Hlawga Birdwatching ကို ရွေးချယ်နိုင်ပါတယ်။ သဘောကောင်းတဲ့ ငှက်ကြည့်လမ်းပြလည်းရှိပြီး နေ့လည်စာအတွက်လည်း စီစဉ်ပေးထားတာမို့ ပေါ့ပေါ့ပါးပါး အပန်းဖြေရင်း ငှက်ကြည့်နိုင်ပါတယ်။ Trekking🚶 အားကစားဝါသနာပါသူများအတွက်ကတော့ တောခရီးကြမ်းလမ်းလျှောက်ခြင်း (Trekking) ကို ရွေးချယ်နိုင်ပါတယ်။ Water activities (SUP & ADV Boat)🏄🚣 Adventure Boatနဲ့ SUP စီးရတာ နှစ်သက်သူတွေအတွက် မိသားစု၊ သူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါး စီးလို့ရပါတယ်။ မစီးတတ်သေးတဲ့သူတွေအတွက်လည်း သေချာဂရုစိုက်ပြီး သင်ပြပေးမယ့် နည်းပြလည်း ရှိတာမို့ စမ်းသပ်စီးချင်သူတွေအတွက်လည်း စိတ်ပူစရာမလိုတော့ဘူးပေါ့။ Activity လေးတွေရဲ့ ဈေးနှုန်းလေးတွေ သိချင်တယ်၊ လာရောက်လည်ပတ်ချင်တယ်ဆိုရင်တော့...

မန်ဒရင်းဘဲငှက် (Mandarin Duck)

မန်ဒရင်းဘဲငှက် (Mandarin Duck) သည် ရေဘဲအမျိုးအစား ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တွေ့ရခက်ခဲသော ဆောင်းခိုငှက်တစ်မျိုး လည်းဖြစ်ပါတယ်။ ရေဘဲအမျိုးအစားများထဲတွင် အမွေးအတောင် အရောင်စုံလင်လှပြီး ကျောကုန်းအပေါ်တွင် ကွေးတက်သွားတဲ့ ရွက်အတောင် (Sail Fins) ပါသဖြင့် တခြား‌သော ငှက်အမျိုးအစားများထက် သာလွန်ထူးခြား လှပပါတယ်။ လှော်ကားဥယျာဉ်ရှိ ရေကန်တွင် မနှစ်က လာရောက်ဆောင်းခိုခဲ့သော မန်ဒရင်းဘဲငှက်တစ်ကောင်သည် ယခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ရောက်ရှိဆောင်းခိုနေပြီဖြစ်သဖြင့် ငှက်ချစ်သူများနှင့် ငှက်ကြည့်ဝါသနာရှင်အပေါင်းတို့ လာရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဒီလိုရှားပါးလှပသော ဆောင်းခိုငှက်မျိုးစိတ်ဖြစ်တဲ့ မန်ဒရင်းဘဲငှက်များအပြင် တခြားထူးခြားရှားပါးလှပသော ဆောင်းခိုငှက်များကို လှော်ကားဥယျာဉ်ကြီးမှာ လာရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်နော်။ ငှက်ကြည့်ဝါသနာရှင်များ သက်တောင့်သက်သာနဲ့ လေ့လာနိုင်ပြီး Guide နှင့် နေ့လည်စာပါဝင်သော Birdwatching Package လည်းရှိတာမို့ လှော်ကားဥယျာဉ်ကိုသာ လှမ်းလာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါရစေ။ Booking နှင့် အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက Hlawga Park Page Messenger (သို့) ဖုန်း- 09429998624, 09423104231

⛄⛄Merry Christmas ☃️☃️

⛄⛄Merry Christmas ☃️☃️   We wish you and your family health, happiness, harmony, and fulfilment.   ❄️❄️Merry Christmas to all of you.🌲🌲

“လှော်ကားဥယျာဉ်သို့ လာရောက်ဆောင်းခိုနေသော Northern Shoveler”

“လှော်ကားဥယျာဉ်သို့ လာရောက်ဆောင်းခိုနေသော Northern Shoveler”   လှော်ကားဥယျာဉ်အတွက် မှတ်တမ်းမရှိသေးသော ရေငှက်အမျိုးအစားတစ်မျိုးဖြစ်သည့် Northern Shoveler (Female) ကို 23.12.2023 ရက်နေ့တွင် ဥယျာဉ်ရှိ Camping Ground ရေကန်တွင် မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့သည့် ဆောင်းခိုရာသီတွင် မှတ်တမ်းတင်ထားသော Mandarin Duck ရေဘဲအမျိုးအစား၊ Spot-billed Duck ရေဘဲများနှင့် တစ်အုပ်စုထဲတွင် တွေ့ရှိ မှတ်တမ်းတင်နိုင်ခြင်းလည်း ဖြစ်ပါတယ်။ Northern Shoveler ရေဘဲ အမျိုးအစားမှာ သိသာထင်ရှားသော ထိပ်ကားဇွန်းပြားပုံစံ နှုတ်သီးအကြီးစား (Huge and Spatula-shape Bill) က တခြားရေဘဲအမျိုးအစားများနှင့် မတူပဲ သိသာထင်ရှားပါတယ်။ ငှက်ကြည့်ဝါသနာရှင်နှင့် ငှက်ချစ်သူတို့လာရောက်လေ့လာနိုင်ပါကြောင်း တင်ပြရင်း လှော်ကားဥယျာဉ်သို့ လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗🤗

🥳Happy New Year🎊

🥳Happy New Year🎊   May this year bring new happiness, new goals, new achievements, and a lot of new inspirations on your life. Wishing you a year fully loaded with happiness. Wishing every day of the new year to be filled with success, happiness, and prosperity for you. 🎇🎆

🇲🇲 Myanmar Independence Day 🇲🇲

🇲🇲 Myanmar Independence Day 🇲🇲   ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုပါသည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ (Karen New Year Day)

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ (Karen New Year Day)   ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား ဝမ်းမြောက်လှိုက်လှဲစွာဖြင့် ကြိုဆိုလိုက်ပါသည်။

Let's Go Camping !!! ⛺️

Let's Go Camping !!! ⛺️   ဆောင်းရာသီအငွေ့အသက်တွေကြား လှော်ကားဥယျာဉ်ရဲ့ တောအုပ်လေးတွေထဲက camping အငွေ့အသက်များနဲ့အတူ တစ်နေ့တာလုံး စိတ်အပန်းဖြေအနားယူချင်သူတို့အတွက် ရွေးချယ်စရာ နေရာလေးတစ်ခုပါပဲ။   ⛺️ 📸 Tent လေးထိုးပြီး မြို့ပြရဲ့ မွန်းကြပ်မှုတွေကို ဖြေဖျောက်ရင်း Photo Spot လှလှလေးတွေမှာ အမှတ်တရဓါတ်ပုံလေးတွေ ရိုက်ကြမယ်။   🚴‍♂️🚶ကျန်းမာရေးအတွက်လည်း တောလမ်းကလေးတွေမှာ လမ်းလျှောက်ကြမယ်၊ စက်ဘီးလေးတွေစီးကြမယ်။   🎯🎸သူငယ်ချင်း၊ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဂိမ်းလေးတွေ ကစားကြ၊ ဂစ်တာတီးပြီး သီချင်းလေးတွေ ဆိုကြရင်း လှော်ကားဥယျာဉ်ရဲ့ အရသာကောင်းမွန်ပြီး တမူထူးခြားတဲ့ လယ်တော Menu နဲ့အတူ အပေါင်းအသင်းတွေနဲ့အတူ ထမင်းလက်စုံစားကြမယ်။   ဒီလို စိတ်လှုပ်ရှားစရာ Activities တွေနဲ့အတူ နံနက် (၉) နာရီမှ ညနေ (၅) နာရီထိ တစ်နေ့တာ ကုန်ဆုံးရင်း မြို့ပြရဲ့ မွန်းကြပ်မှုတွေကို ဖြေဖျောက်ချင်တယ်ဆိုရင်တော့ အခုပဲ booking တင်လိုက််တော့နော်!   📞09 429998624, 09 423104231 📩 Chat Box မှာ စိတ်ကြိုက်ရက်လေးကို (၂) ရက်ကြိုတင်...

SUP ဆိုတာ ဘာလဲ? 🤔

SUP စီးနင်းရင်း အားလပ်ရက်မှာ အပေါင်းအသင်း၊ သူငယ်ချင်းများနှင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံများကို ရယူလိုက်ပါ။ 🚣🏻‍♂️🚣🏻‍♂️🚣🏻‍♂️ SUP ဆိုတာ ဘာလဲ? 🤔 Standup Paddleboarding (SUP) သည် ရေလွှာလျှောစီးခြင်း (Surfing) မှ အစပြုလာသော Water Sport တမျိုးဖြစ်ပါတယ်။ SUP စီးနင်းရာတွင် SUP rider များသည် Board ပေါ်တွင် မတ်တတ်ရပ်ပြီး Paddle ကို အသုံးပြုကာ စီးနင်းကြပါသည်။ ဟာဝိုင်ယီကျွန်းစုများမှ စတင်ပေါ်ပေါက်‌လာသော Water Sport Activity တခုဖြစ်သည့်အပြင် Paddle boarding နဲ့ Yoga practice ပေါင်းစပ်ပြီး SUP Yoga လေ့ကျင့်ကြသူများလဲရှိပါတယ်။ 🚣🏻‍♂️🚣‍♂️🚣‍♂️ ဒီလိုမျိုး စိတ်လှုပ်ရှားစရာကောင်းတဲ့ Water Activity ကို Hlawga Park မှာ အနားယူ အပန်းဖြေရင်း လာရောက်စီးနင်းလို့ရ‌ပါတယ်။ ယခုမှစတင်စီးနင်းမည့် သူများအတွက်လည်း လှော်ကားဥယျာဉ်မှ ကျွမ်းကျင်တဲ့ Trainers တွေက အနီးကပ်သင်ပြပေးသွားမှာမို့လို့ အတွေ့အကြုံလုံးဝမရှိတဲ့ Beginners တွေပါ ပျော်ပျော်ရွှင်ရွှင်ပြုလုပ်နိုင်တဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ 🚣‍♂️🚣‍♂️🚣‍♂️ SUP Water Activity...

🎉လှော်ကားဥယျာဉ်ဝင်ခွင့်လက်မှတ်ဝယ်ပြီး Mini Zooကိုပါ အခမဲ့ဝင်ကြမယ် 🥳

🎉လှော်ကားဥယျာဉ်ဝင်ခွင့်လက်မှတ်ဝယ်ပြီး Mini Zooကိုပါ အခမဲ့ဝင်ကြမယ် 🥳 သဘာဝရဲအရသာကို ခံစားရင်း အပန်းဖြေအနားယူနိုင်ဖို့ လှော်ကားဥယျာဉ်ကြီးကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ စိမ်းလန်းတဲ့ သစ်ပင်များအကြား လတ်ဆတ်တဲ့ သဘာဝလေထုကို ရှူရှိုက်ရင်း အားကစားလုပ်ချင်သူများ၊ အားလပ်ရက်မှာ မိသားစုနဲ့ အချိန်ပေး အနားယူအပန်းဖြေချင်သူများ၊ သူငယ်ချင်းအပေါင်းအဖော်များနဲ့အတူ ပျော်ပျော်ပါးပါး လည်ပတ်ချင်သူများနဲ့ တိလေးတွေကို အနီးကပ်အစာကျွေးချင်တဲ့ တိချစ်သူများအတွက် လှော်ကားဥယျာဉ်ဟာ ရွေးချယ်စရာနေရာတစ်ခုဖြစ်ပါတယ်။ လှော်ကားဥယျာဉ်ဝင်ခွင့်လက်မှတ်ကို ဝယ်ယူပြီး Mini Zooကိုပါ အခမဲ့ဝင်ရောက်လည်ပတ်နိုင်ပါ ကြောင်း သတင်းကောင်းပါးရင်း ဖိတ်ခေါ်လိုက်ပါတယ်🤗🤗🤗

Happy Chinese New Year

🎊🐲Wish Everyone have happiness, prosperity and good health in this Year of Dragon....🐉🎉

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲 ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

“ချစ်သူများနေ့ (Valentine's Day)”

“ချစ်သူများနေ့ (Valentine's Day)”   မျက်စိနဲ့လည်းမမြင်နိုင်၊ ထိတွေ့ကြည့်လို့လည်းမရနိုင်သလို ထုထည်ကြီးမားပြီး တိုင်းတာ၍မရနိုင်သည်မှာလည်း ချစ်ခြင်းမေတ္တာတရားပင်ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာတရားကို အနက်အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြသော်လည်း ချစ်ခြင်းမေတ္တာကို ဖွင့်ဟပြသနိုင်သောနေ့သည် ချစ်သူများနေ့ (Valentine's day) တစ်ရက်သာရှိပါတယ်။ 💕💕 ချစ်ခင်မြတ်နိုးရသူ အချင်းချင်း အပြန်အလှန် လက်ဆောင်အဖြစ် အ‌ရုပ်များ၊ ချောကလက်များကို သာမက ရှေးအစဉ်အလာအားဖြင့် ပန်းစည်းများနှင့်သကြားလုံးများကိုလည်း ပေးလေ့ရှိကြပါတယ်။မည်သည့်လက်ဆောင်ပဲဖြစ်ဖြစ် ချစ်ရသူ အမြတ်တနိုး တန်ဖိုးထား၍ ပေးသောစိတ်ရင်းကသာ အဓိကဖြစ်ပါတယ်။💝💝 ချစ်သူနှစ်ဦးအကြား အပြန်အလှန်နားလည်မှု၊ တန်ဖိုးထားလေးစားမှုနဲ့ ကတိကဝတ်တို့ကို အမှတ်ရစေနိုင်သော နေ့ထူးလည်းဖြစ်ပါတယ်။ ချစ်သူများနေ့ (Valentine Day) ဟာ အနောက်တိုင်း ရှေးယဉ်ကျေးမှု အစဉ်အလာနေ့ ဖြစ်ပြီး ယခုအခါ တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုသောနေ့တစ်ခု ဖြစ်ပါတယ်။ 💞💞 ချစ်သူများနေ့(Valentine's day) မှာ ချစ်ရသူလေးနဲ့ ယှဉ်တွဲ လျှောက်လှမ်းပြီး အနားယူအပန်းဖြေရင်း လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 🤗🤗

Bird Watching Tour at Hlawga Park

Bird Watching Tour at Hlawga Park ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် BIN- Birds in Nature နဲ့ WWG- Wild Wings Group တို့မှ ပူးပေါင်းပြီး လှော်ကားဥယျာဉ်အတွင်း ငှက်လေ့လာခြင်း / ငှက်ကြည့်ခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ ထိုအစီအစဉ်တွင် ဆောင်းခိုငှက်များနဲ့ အခြားငှက်မျိုးစိတ်များအား‌ လေ့လာကြည့်ရှုခြင်း၊ မြင်တွေ့ရသည့် ငှက်များအား မျိုးစိတ်ခွဲခြား ပြသပေးခြင်းနှင့် မှတ်တမ်းတင်ခြင်းများပါဝင်ခဲ့ပြီး၊ ငှက်ကြည့်ဝါသနာရှင်များမှ လာရောက်လေ့လာခဲ့ကြပါတယ်။ ငှက်မျိုးစိတ်များအား မှတ်တမ်းတင်စာရင်းပြုစုခြင်းပြုလုပ်ရာတွင် ငှက်မျိုးစိတ်ပေါင်း (၄၁) မျိုး မှတ်တမ်းရရှိခဲ့ပြီး၊ လှော်ကားဥယျာဉ်အတွင်း ငှက်ကြည့်ဝါသနာရှင်များမှ ငှက်မျိုးစိတ်များအား လေ့လာကြည့်ရှုနေတဲ့ ပုံရိပ်များအား မျှဝေပေးလိုက်ပါတယ်။ 🐦🦅 Bird Watching Tour ဆိုတာ ဘာလဲ 🤔 အလွန်အေးတဲ့ ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွင် နေထိုင်ကျက်စားတဲ့ ငှက်အချို့ဟာ ဆောင်းရာသီမှာ သူတို့နေထိုင်ရာအရပ်ကနေ ပူနွေးတဲ့ အရပ်ဒေသနဲ့ အီကွေတာရပ်ဝန်းဒေသများဆီသို့ နှစ်စဉ် ခေတ္တမျှပြောင်းရွှေ့နေထိုင်တတ်ကြပါတယ်။ လှော်ကားဥယျာဉ်ဟာ ထိုသို့ တွေ့ရခဲလှတဲ့ ဆောင်းခိုငှက်ကလေးတွေ လာရောက်ကျင်လည်ကျက်စားရာ နေရာတစ်ခုဖြစ်သည့်အပြင် မြန်မာ့မျိုးရင်းငှက်များ၊ ရာသီအလိုက် သားပေါက်ရန် လာရောက်ကြတဲ့ ငှက်များနဲ့...

တောင်သူလယ်သမားနေ့ (Peasants' Day)

တောင်သူလယ်သမားနေ့ (Peasants' Day)   စိုက်ပျိုးရေးကို အခြေခံသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူဦးကြီးများရဲ့ဇွဲလုံ့လဝီရိယ၊ကြိုးစားအားထုတ်မှုနှင့် ကျေးဇူးတရားကို အသိအမှတ်ပြုဂုဏ်ယူသော အထိမ်းအမှတ်ဖြင့် တောင်သူလယ်သမားနေ့ကို မတ်လ (၂)ရက်နေ့တွင် နှစ်စဉ်ကျင်းပခဲ့ပါတယ်။   ၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

World Wildlife Day (ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့) 🐅🦌🦏🦍

World Wildlife Day (ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့) 🐅🦌🦏🦍   မတ်လ ( ၃ ) ရက်နေ့သည် ကမ္ဘာပေါ်ရှိ ရှင်သန် ကျက်စားနေကြသည့် တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းရန် အသိပညာပေးသည့်အနေဖြင့် World Wildlife Day ကို စတင်ဂုဏ်ပြုခဲ့သည့် နေ့ ဖြစ်ပါတယ်။ 🤗🤗🤗   ၂၀၁၃ ခုနှစ်မှ စတင်၍ United Nation General Assembly မှ World Wildlife Day ကို မတ်လ ( ၃ ) ရက်နေ့တွင် ဂုဏ်ပြုကျင်းပရန် သတ်မှတ်ခဲ့ကြပါတယ်။   ၂၀၂၄ ခုနှစ်၊ World Wildlife Day ဆောင်ပုဒ်မှာ (Connecting People and Planet: Exploring Digital Innovation in Wildlife Conservation) ဟူ၍ ကွန်ပျူတာ ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များဖြင့် ဆန်းသစ်တီထွင်၍ တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းကာကွယ်ခြင်း ဖြစ်ပါတယ်။   တောရိုင်းတိရစ္ဆာန်များသည် ဂေဟစနစ်ကို ဟန်ချက်ညီမျှအောင် ထိန်းသိမ်းဆောင်ရွက်ကြရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက် ရှိကြပါတယ်။ ဝတ်မှုန်ကူးခြင်းမှသည်...

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women's Day)

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women's Day)   ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ ပိုမိုများပြားလျက်ရှိသည်။ ဤသို့ အမျိုးသမီးဦးရေများပြားလာမှုနှင့်အတူ အမျိုးသားများနည်းတူ အမျိုးသမီးများကိုလည်း တန်းတူရည်တူအခွင့်အရေးပေးနိုင်အောင် ဆောင်ရွက်ကြရသည်။ အမျိုးသမီးများအခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာကြသည်။ အမျိုးသမီးများ၏ စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်လာကြသည်။ ထို့ကြောင့်ပင် နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝန်း အမျိုးသမီးကဏ္ဍကို ကျယ်ပြန့်စွာဖော်ထုတ်ရန် အခမ်းအနားများ ကျင်းပလေ့ရှိသည်။ နှစ်စဉ်ဆောင်ပုဒ်တစ်ခုသတ်မှတ်ထုတ်ပြန်လျက် အမျိုးသမီးကဏ္ဍကို မြှင့်တင်ရန် အသိပေးလေ့ရှိသည်။ အမျိုးသမီးများ စွမ်းရည်ကို မြှင့်တင်ပေးပြီး တိုင်းပြည်နှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်ကြရန် အသိပေးတိုက်တွန်းထားခြင်းဖြစ်သည်။ ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာချိန် ဤသို့တိုက်တွန်းလိုက်ခြင်းသည် အလွန်ပင် အကြောင်းအကျိုး ဆက်စပ်မှုရှိလာသည်။ ခေတ်ကာလ အခြေအနေအရ လိုက်လျောညီထွေရှိလှသော တိုက်တွန်းဆော်ဩမှုပင်ဖြစ်သည်။ အမျိုးသမီးများ၏ ပင်ကိုဗီဇသည် များသောအားဖြင့် အားနွဲ့ကြသူများဖြစ်သော်လည်း အမျိုးသားများနှင့်အပြိုင် ကာယအား၊ ဉာဏအား၊ စိတ်ဓာတ်စွမ်းအားများ မွေးမြူနိုင်ရမည်။ အမျိုးသားများနည်းတူ လက်ရုံးရည်၊ နှလုံးရည်စွမ်းရည်များ ကြံ့ခိုင်သူများဖြစ်အောင် ကြိုးစားအားထုတ်နိုင်ရမည်။ အရည်အချင်းပြည့်ဝပြီး စိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားရမည်။ လုပ်ရည်ကိုင်ရည် ထက်ထက်မြက်မြက် လုပ်ကိုင်နိုင်ကြရမည်ဖြစ်သည်။ သို့မှသာ အမျိုးသမီးများ၏...

အရှေ့တောင်အာရှ တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံး

အရှေ့တောင်အာရှ တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံး (Southeast Asia Zoos and Aquariums Association-SEAZA) အဖွဲ့ကြီး၏ လုပ်ငန်းခွဲကော်မတီတစ်ခု ဖြစ်သည့် Animal Welfare and Ethic Committee-AWEC သည် ပုံမှန်ကျင်းပမြဲဖြစ်သော Online Zoom Meeting ကို ၂၀၂၄ ခုနှစ်၊ မတ်လ(၆) ရက်နေ့ နေ့လည် (၁:၃၀) မှ (၂:၃၀) ထိ ကျင်းပပြုလုပ်သွားခဲ့ရာ မြန်မာနိုင်ငံ၊ Htoo Zoos and Gardens Business မှ AWEC ကော်မတီဝင် ဒေါက်တာမြင့်သိန်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ကော်မတီသည် SEAZA မှချမှတ်ပေးထားသော တိရစ္ဆာန်မျိုးစိတ်များ၏ မွေးမြူခြင်းဆိုင်ရာ လမ်းညွှန်ချက် (Husbandry Guideline) ကို ရေးဆွဲမည်ဖြစ်ပြီး ကနဦးစီမံကိန်း Pilot Project အတွက် Best Practice Guidelines များရှိပြီးဖြစ်သည့် လူဝံမျိုးစိတ် အော်ရမ်အူတန် (Orangutan) အား ရွေးချယ်ခဲ့ကြပါသည်။ ထို့အပြင် AWEC အနေဖြင့် တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာဖော်ဆောင်နိုင်ရေးနှင့် ပတ်သက်ပြီး လက်ရှိစစ်ဆေးတွေ့ရှိခဲ့သည့် အတွေ့အကြုံများကို ဖလှယ်ခဲ့ကြပြီး အစည်းအဝေးတွင် တိရစ္ဆာန်ဥယျာဉ်များရှိ တိရစ္ဆာန်များ၏...

🌳အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ 🌳 (International Day of Forests)

🌳အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ 🌳 (International Day of Forests)   ကမ္ဘာ့ကုလသမဂ္ဂ (United Nations) မှ ဦးစီး၍ နှစ်စဉ်နှစ်တိုင်း မတ်လ (၁၂) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ (United Nations) မှ သစ်ပင် သစ်တောများသည် ကမ္ဘာကြီးအတွက် သန့်ရှင်းသည့်လေထုနှင့် အခြားသောကောင်းကျိုးများစွာကို ဆောင်ရွက်ပေးနေသော သစ်တောများ မပျောက်ကွယ် မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း ကမ္ဘာ့နိုင်ငံများအား အသိပညာပေးသည့် နေ့တစ်နေ့လည်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှ စတင်၍ ဂုဏ်ပြုလာသည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့သည် ယခုနှစ်ဆိုလျှင် (၁၂) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ကို ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ အမျိုးစုံလင်သော သစ်တောတို့၏ အရေးပါမှုကို သတိပြုမိစေရန်အတွက်ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၏ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အတွက် ဆောင်ပုဒ်မှာ (Forest and Innovation) ဖြစ်ပြီး သစ်တောများကို ထိန်းသိမ်းကာကွယ်ရန် ဆန်းသစ်တီထွင်မှုများကို ပြုလုပ်လာကြခြင်းဟူ၍ ဖြစ်ပါတယ်။ သစ်တော သစ်ပင်များသည် လူသားများနှင့် တိရစ္ဆာန်များအတွက် သန့်ရှင်းသောလေနှင့် ရေတို့ကို ထောက်ပံ့ပေးရုံသာမက လူသားများအတွက် အစားအစာ၊ အမိုးအကာနှင့် ဆေးဝါးများကိုလည်း ထောက်ပံ့ပေးလျက်ရှိကြပါတယ်။ သဘာဝမှပေးထားသည့်...

🐻 ကမ္ဘာ့ဝက်ဝံများနေ့ 🐻 (World Bear Day)

🐻 ကမ္ဘာ့ဝက်ဝံများနေ့ 🐻 (World Bear Day)   ကမ္ဘာပေါ်တွင် အာရှတိုက်၊ ဥရောပတိုက်၊ တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်ကြီးများတွင် ဝက်ဝံမျိုးစိတ် (၈) မျိုး ပျံ့နှံ့ ရှင်သန်ကျက်စားကြပါတယ်။ ထိုမျိုးစိတ် (၈) မျိုးထဲမှ (၂) မျိုးသည် မြန်မာနိုင်ငံတွင် ရှင်သန်နေထိုင်ကျက်စားသည်ကို တွေ့ရှိရပါတယ်။ ဝက်ဝံမျိုးစိတ် ( ၈ ) မျိုးမှာ North American Black Bear, Brown Bear, Polar Bear, Asiatic Black Bear, Andean Bear, Panda Bear, Sloth Bear နှင့် Sun Bear တို့ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် ဟိမဝန္တာဝက်ဝံ (Asiatic Black Bear) နှင့် ခွေးဝံ (ခေါ်) ပသျှူးဝက်ဝံ (Sun Bear) ဟူ၍ မျိုးစိတ် (၂)မျိုး ရှင်သန်နေထိုင်ကြပါတယ်။   ၁၉၉၂ ခုနှစ်မှ စတင်၍ ကမ္ဘာ့ဝက်ဝံများနေ့ကို ကျင်းပခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း (၃၂) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ဝက်ဝံများနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ...

💦 Wandering Wave: Walking Thingyan 💦

💦 Wandering Wave: Walking Thingyan 💦   လှော်ကားဥယျာဉ်ရဲ့ Walking Thingyan ကို ဧပြီလ (၁၅) ရက် (သင်္ကြန်အကြတ်)နေ့မှ (၁၆) ရက် (သင်္ကြန်အတက်)နေ့အထိ (၂)ရက်တိုင်တိုင် လှော်ကားဥယျာဉ်ရဲ့ စခန်း (၃) ဧရိယာမှာ ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ 🎉🎉 🎉   Walking Thingyan Event အတွင်း   🔫 အတူပါဝင်ဆင်နွှဲနိုင်မည့် ရေကစားမဏ္ဍပ်၊ 🎤 တေးဂီတဖျော်ဖြေပွဲ (Music Band)၊ 🥡 စတုဒီသာကျွေးမွေးမည့် အစီအစဉ်၊ 📸 ဓါတ်ပုံလှလှလေးတွေရိုက်ကူးနိုင်မယ့် Photo Booth နှင့် 🏄🏼 Standup Paddleboarding ကဲ့သို့ water activity များအပြင် လာရောက်လည်ပတ်ကြတဲ့ မိဘပြည်သူများအတွက် လူသုံးကုန်ပစ္စည်းနှင့် စားသောက်ဖွယ်ရာရောင်းချပေးမည့် စျေးဆိုင်ခန်းများစွာလည်းပါဝင်သွားမှာပဲဖြစ်ပါတယ်။   သင်္ကြန်အချိန်ကာလအတွင်း လှော်ကားဥယျာဉ်ရဲ့ Walking Thingyan ကို မိသားစု၊ အပေါင်းအသင်း သူငယ်ချင်းများနဲ့အတူ ပါဝင်ဆင်နွှဲဖိတ်ခေါ်လိုက်ပါတယ်နော် 🤗🤗🤗    ဈေးပွဲတော် ဆိုင်ခန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Page Messenger (သို့) ဖုန်း - 09421055343,...

🎉 Happy National Zoo Lovers Day! 🐾❤️

🎉 Happy National Zoo Lovers Day! 🐾❤️   တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ ( National Zoo Lovers Day) ကို နှစ်စဉ် ဧပြီလ (၈) ရက်နေ့၌ အမေရိကန်နိုင်ငံတွင် အဓိက ကျင်းပပြုလုပ်လေ့ရှိပါတယ်။   တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ကို   - တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိအမြင်များ ပိုမိုတိုးပွါးလာစေရန် - မျိုးသုဉ်းလုနီးပါးမျိုးစိတ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်ရန် - မိမိနိုင်ငံတွင်းရှိ တိရစ္ဆာန်ဥယျာဉ်များနှင့် ဥယျာဉ်များအတွင်း ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ပိုမိုချစ်ခင်မြတ်နိုးကာ ယင်းတို့၏ ကောင်းကျိုးချမ်းသာအတွက် ပိုမိုဆောင်ရွက်နိုင်စေရန် - လူအများကို သဘာဝနှင့် ပိုမိုနီးစပ်လာစေရန် - တိရစ္ဆာန်ဥယျာဉ်များတည်ရှိနေခြင်း၏ အရေးကြီးသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန်နှင့် တိရစ္ဆာန်ဥယျာဉ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ 🌿 🐾❤️      ဒီနေ့မှာတော့ လှော်ကားဥယျာဉ် Mini Zooနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေနှင့် Mini Zoo အတွင်းမှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဘယ်တိရစ္ဆာန်လေးတွေကို အနှစ်သက်ဆုံးလဲဆိုတာကို မျှဝေပေးသွားကြပါဦး 🐯🐻🐵

မြန်မာ့နှစ်ကူး အချိန်အခါသမယ

မြန်မာ့နှစ်ကူး အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပြီး လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း လှော်ကားဥယျာဉ်မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💦

🐅🐆မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) 🦏🐘

🐅🐆မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) 🦏🐘   မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) ဆိုသည်မှာ တောရိုင်းတိရစ္ဆာန်နှင့် မျိုးစိတ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လူတိုင်းတွင် တာဝန်ရှိကြောင်းကိုအသိပညာပေးတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ 🐅🦏🌳   "မျိုးသုဉ်းရန်အန္တရာယ်ရှိသော" ဟူသည့် စကားရပ်၏ အဓိပ္ပါယ်မှာ လူ (သို့မဟုတ်) ပြင်ပ သက်ရောက်မှုတစ်ခုခုကြောင့် နေရင်းဒေသအတွင်းရှိ ဇီဝမျိုးစိတ်တစ်မျိုး၏ အရေအတွက်သည် စံသတ်မှတ်ချက်များအရ အလွန်အမင်းကျဆင်းနေခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ 🦏🐘🌳   မျိုးစိတ်ဟု ခေါ်ဆိုရာတွင် မျိုးရိုးဗီဇ ဖလှယ်ခြင်း (သို့မဟုတ်) အပြန်အလှန်ပေါက်ပွားနိုင်သော သတ္တလောကနှင့် ရုက္ခလောကရှိ ဇီဝရုပ်များကို ဆိုလိုခြင်းဖြစ်ပါတယ်။ 🐢🐘🌳   ကမ္ဘာကြီးရဲ့ ဂေဟစနစ် ပြောင်းလဲလာခြင်း၊ ကမ္ဘာ့လူဦးရေ ပိုမိုများပြား တိုးပွားလာခြင်း၊ အလွန့်အကျွံ့ အမဲလိုက်ခံရခြင်း၊ ရှင်သန်ပေါက်ဖွားရာ နေရင်းဒေသများ နည်းပါးလာခြင်းတို့က မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်နှင့်နီးစပ်ကာ ကမ္ဘာကြီးပေါ်မှ အပြီးတိုင်ပျောက်ကွယ်မည့် အရေးနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ 🐅🌱🌳🌏   မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ကြုံ တွေ့နေရသော ဇီဝမျိုးစိတ်များထဲတွင် နို့တိုက်သတ္တဝါမျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ်များ၊ ရေနေသတ္တဝါမျိုးစိတ်များ၊ အပင်မျိုးစိတ်များ အများအပြားရှိနေပါတယ်။ 🦥🦒🐋🦆  ...

🐢 ကမ္ဘာ့လိပ်များနေ့ (World Turtle Day) 🐢

🐢 ကမ္ဘာ့လိပ်များနေ့ (World Turtle Day) 🐢   နှစ်စဉ် မေလ (၂၃) ရက်နေ့ကို ကမ္ဘာ့လိပ်များနေ့အဖြစ် သတ်မှတ်ထားပြီး လူထုအတွင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အသိအမြင်များ တိုးပွါးလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။   လိပ်များ၏သမိုင်းကြောင်းကို ဖော်ပြရမည်ဆိုလျှင် ရှေးလွန်ခဲ့သော နှစ်သန်းပေါင်းများစွာ ဒိုင်နိုဆောသတ္တဝါ (Dinosaurs) များ မပေါ်ပေါက်ခင်ကာလ၊ နှစ်သန်းပေါင်း (၃၉၅ မှ ၂၂၅) ပလီအိုဇိုအစ် (Paleozoic Era) ခေတ်အတွင်းရှိ ပါမီယမ် (Permian Period) ကာလ၊ လွန်ခဲ့သော နှစ်သန်းပေါင်း (၂၉၀) ခန့်ကတည်းက ကမ္ဘာမြေပေါ်သို့ ပထမဦးဆုံး အောင်မြင်စွာ လုံးလုံးလျားလျား ခြေချနိုင်ခဲ့သည့် ရှေးကျသော တွားသွားသတ္တဝါများ (Primitive Reptiles) မှ တစ်ဆင့်၊ ဆင့်ကဲဖြစ်စဉ်အရ တိုးတက်ပြောင်းလဲလာပြီး လွန်ခဲ့သော နှစ်သန်းပေါင်း(၂၆၀) ခန့်မှစတင်ပြီး ကမ္ဘာမြေပေါ်တွင် ယနေ့ထက်တိုင် နှစ်ပေါင်းရှည်ကြာစွာ ရှင်သန်ပေါက်ပွားနေထိုင်လာခဲ့ကြသည့် တွားသွားသတ္တဝါများဖြစ်ကြပါတယ်။ 🐢🌏   ကမ္ဘာမြေပေါ်တွင် ယနေ့ထက်တိုင် နှစ်သန်းပေါင်းရှည်ကြာစွာ ရှင်သန်ပေါက်ပွား နေထိုင်လာခဲ့ကြသည့် တွားသွားသတ္တဝါများ ဖြစ်ကြသည့် ဖိုးသက်ရှည်လိပ်များသည် လူသားတို့အတွက် အသားနှင့်ဥအား အစားအစာအဖြစ်...

🌧️ 𝐌𝐨𝐧𝐬𝐨𝐨𝐧 𝐁𝐮𝐧𝐠𝐚𝐥𝐨𝐰 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 🌧️

🌧️ 𝐌𝐨𝐧𝐬𝐨𝐨𝐧 𝐁𝐮𝐧𝐠𝐚𝐥𝐨𝐰 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 🌧️ 𝐇𝐥𝐚𝐰𝐠𝐚 𝐏𝐚𝐫𝐤 ကို လာရောက်လည်ပတ်ကြတဲ့ မိဘပြည်သူများအတွက် 𝐌𝐨𝐧𝐬𝐨𝐨𝐧 𝐁𝐮𝐧𝐠𝐚𝐥𝐨𝐰 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 အကြောင်း သတင်းကောင်းပါးပါရစေ 🎊🎉📣 မိုးရာသီ အထူးအစီအစဉ်အနေနဲ့ 𝐉𝐮𝐧𝐞 မှ 𝐀𝐮𝐠𝐮𝐬𝐭 လကုန်အထိ ပရိုမိုးရှင်းကာလအတွင်းမှာ လှော်ကားဥယျာဉ်အတွင်းရှိ မည်သည့် ဘန်ဂလို (𝐁𝐮𝐧𝐠𝐚𝐥𝐨𝐰) အမျိုးအစားကိုမဆို လာရောက်တည်းခိုကြတဲ့ မိဘပြည်သူများအတွက် 𝐒𝐔𝐏 (𝐒𝐭𝐚𝐧𝐝𝐮𝐩 𝐏𝐚𝐝𝐝𝐥𝐞𝐛𝐨𝐚𝐫𝐝𝐢𝐧𝐠) ကို (𝟑𝟎) 𝐌𝐢𝐧𝐮𝐭𝐞𝐬 အခမဲ့ စီးနင်းခွင့် (𝟏) ကြိမ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ 🏄‍♂️🛖🌳 မိုးဖွဲဖွဲလေးရွာနေချိန်လေးမှာ သဘာဝတောအုပ်ထဲက ကြာပင်တွေပြည့်နှက်နေတဲ့ ကန်ရေပြင်ကြီးကိုငေးမောကြည့်မလား 🪷🌳🌧️ ကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်တွေကို တစ်ဝကြီး ရှုရှိုက်ပြီး မိသားစု၊ သူငယ်ချင်းများနဲ့အတူ အပန်းဖြေ အနားယူကြမလား 🍃🌱🌳 လှော်ကားဥယျာဉ်ထဲမှာရှိတဲ့ ကျယ်ဝန်းပြီး အေးချမ်းစွာ အနားယူ အပန်းဖြေနိုင်မယ့် ဘန်ဂလိုလေးတွေမှာ မိုးရာသီပရိုမိုးရှင်းကာလအတွင်း မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းများနဲ့အတူ အနားယူ လည်ပတ်ရင်း၊ အခမဲ့ 𝐒𝐔𝐏 စီးနင်းကာ ပျော်ပျော်ပါးပါး အပန်းဖြေနိုင်ဖို့ လှော်ကားဥယျာဉ်သို့ လာရောက်လည်ပတ်ဖို့ နွေးထွေးစွာဖိတ်ခေါ်လိုက်ရပါတယ်။ 🛖🏄‍♂️🍃🌳 Bungalows...

🌧️ 𝐌𝐨𝐧𝐬𝐨𝐨𝐧 𝐁𝐮𝐧𝐠𝐚𝐥𝐨𝐰 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 🌧️

🌧️ 𝐌𝐨𝐧𝐬𝐨𝐨𝐧 𝐁𝐮𝐧𝐠𝐚𝐥𝐨𝐰 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 🌧️ မိဘပြည်သူများကို နှစ်စဉ်နှစ်တိုင်းပေးနေကြ promotion လေးကို ထပ်မံမိတ်ဆက်ပေးလိုက်ပါရစေနော်🎊🎉📣 🌳🌧️မိုးရာသီ အထူးအစီအစဉ် အနေနဲ့ June လမှစလို့ August လကုန်ထိ ပရိုမိုးရှင်းကာလလို့ သတ်မှတ်ပြီး လှော်ကားဉယျာဉ်ထဲက 🏡🏡မည်သည့်ဘန်ဂလို အမျိုးအစားကိုမဆို လာရောက်တည်းခိုကြတဲ့ မိဘပြည်သူများကို 🏄‍♂️🏄‍♂️SUP (Standup Paddleboarding) ကို ⌚⌚30 Minutes အခမဲ့ စီးနင်းခွင့် (၁)ကြိမ် ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်🎊🎉📣 🤗🤗မိုးရာသီရဲ့ ပရိုမိုးရှင်း ကာလလေးလည်းကုန်တော့မှာမို့ ဒီပရိုမိုးရှင်းလေးကို Join လိုက်ရအောင် ထပ်မံဖိတ်ခေါ်လိုက်ပါတယ်ရှင်…🤗🤗 🍃🌱🛖🏄‍♂️🍃🌳လှော်ကားဉယျာဉ်ထဲက ဘန်ဂလို အမျိုးအစားနှင့် ရရှိနိုင်မည့် Service တွေကို တစ်ပုံချင်းစီမှာ ဖော်ပြပေးထားတာဖြစ်လို့ အမြန်ဆုံး Booking တင်လိုက်တော့နော်….🤗🤗 🪷🌳🌧️🍃🌱🛖🏄‍♂️🍃🌳 Bungalows Await, Come Make Your Mark. ❤️ 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐎𝐟𝐟𝐞𝐫: 𝐅𝐫𝐞𝐞 𝟑𝟎-𝐌𝐢𝐧𝐮𝐭𝐞 𝐒𝐔𝐏 (𝐒𝐭𝐚𝐧𝐝𝐮𝐩 𝐏𝐚𝐝𝐝𝐥𝐞𝐛𝐨𝐚𝐫𝐝𝐢𝐧𝐠) 𝐒𝐞𝐬𝐬𝐢𝐨𝐧 ❤️ 📞 𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐔𝐬 𝐟𝐨𝐫 𝐌𝐨𝐫𝐞 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧: - 09429998624 - 09423104231...

Brain Work International School

“ Brain Work International School” မှ ကျောင်းသားကျောင်းသူများ၏ လေ့လာရေးခရီးစဉ်   “ Brain Work International School” မှ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများမှ လှော်ကားသဘာ၀ဉယျာဉ် အတွင်း သဘာ၀အတိုင်းထိန်းသိမ်းမွေးမြူပြသထားသော တိရစ္ဆာန်များနှင့် Mini zoo အတွင်းစနစ်တကျထိန်းသိမ်းမွေးမြူထားသော တိရစ္ဆာန်များအား လာရောက်လေ့လာခဲ့သော ပုံရိပ်များကို မျှဝေလိုက်ပါတယ်🤗🤗   International school များ၊ အစိုးရကျောင်းများနှင့် ကုမ္ပဏီအသင်းအဖွဲ့များပါ မိမိတို့ရဲ့ Team Building အနေနဲ့ လှော်ကားဉယျာဉ်မှာ ဗဟုသုတရချင်လို့ပဲ ဖြစ်ဖြစ်၊ အပန်းဖြေချင်လို့ပဲဖြစ်ဖြစ် လာရောက်လည်ပတ် ချင်သူတွေကို လှော်ကားသဘာ၀ဥယျာဉ် မိသားစုမှ နွေးထွေးပျူငှာစွာ ဖိတ်ခေါ်လိုက်ပါတယ်🤗🤗

YBS စီးပြီး လှော်ကားသွားကြမယ် 🚍🚍🚍

YBS စီးပြီး လှော်ကားသွားကြမယ် 🚍🚍🚍 လှော်ကားဉယျာဉ် ကို YBS စီးပြီး လာရောက်လည်ပတ်ချင်သော သားသား၊ မီးမီးနှင့် မိဘပြည်သူများအတွက် လှော်ကားဉယျာဉ် သို့ ရောက်ရှိနိုင်တဲ့ YBS ကားနံပါတ်လေးတွေ လမ်းညွှန်ပေးပါရစေ။ 🚍 37-ထောက်ကြန့်-ဆူးလေ 41 - မှော်ဘီ.သခင်မြ ပန်းခြံ 90 - တိုက်ကြီး. သခင်မြပန်းခြံ 105 - မှော်ဘီ.ဆူးလေ 106 -ဥက္ကံ. ဆူးလေ 96 - ထောက်ကြန့်. သာကေတရူခင်းသာ 116 -ထောက်ကြန်..ဆူးလေ 👉👉လမ်းညွန်ပေးထားတဲ့ 🚍🚍YBS နံပတ်တွေထဲက ထဲက မိမိတို့နဲ့ နီးစပ်ရာ YBS ကားနံပါတ်ကိုစီးပြီး 🚏🚏၃၇ဂိတ်ဟောင်းမှတ်တိုင်၊ရန်ကုန် - ပြည် လမ်းမပေါ် က လှော်ကားဉယျာဉ် ဆိုတဲ့ ဆိုင်းဘုတ်လေးအတိုင်း ၀င်လာခဲ့ရုံဖြင့် လာရောက် လည်ပတ်လို့ရပါတယ်နော်🤗🤗 ✨✨အခုဆိုရင် လှော်ကားဉယျာဉ် ကို ဘယ် YBS ကားနံပါတ်တွေစီးပြီး လာလို့ရလဲဆိုတာ သိပြီဖြစ်လို့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်🤗🤗 #HlawgaPark #YangonBusService

🌳Back to Nature🌳

🌳Back to Nature🌳   ရန်ကုန်မြို့နဲ့ အနီးဆုံး မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ ရုန်းထွက်ဖို့ အကောင်းဆုံးနေရာ တစ်ခုကို ညွှန်းပါဆိုရင် လှော်ကားသဘာ၀ဉယျာဉ် လို့ပဲ ပြောပါရစေရှင်🤗🤗   မွန်းကြပ်မှုတွေ စိတ်ဖိစီးမှုတွေဖြေဖျောက်ဖို့ မြို့ပြရဲ့ဆူညံရှုပ်ထွေးမှုအဝေးမှာ စိတ်ပြေလက်ပျောက် ‌အနားယူအပန်းဖြေနိုင်ဖို့အတွက် လှော်ကားသဘာ၀ဉယျာဉ်🤗🤗   သဘာဝအငွေ့အသက်တွေပြည့်နှက်နေတဲ့ ရန်ကုန်မြို့အနီးရှိ လှော်ကားဥယျာဉ်မှာ ပြုလုပ်နိုင်တဲ့ Activity လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။   Birdwatching🐦🦤   ငှက်ကြည့်ဝါသနာအရပဲဖြစ်ဖြစ်၊ ဗဟုသုတရချင်လို့ပဲဖြစ်ဖြစ် လေ့လာချင်တယ်ဆိုရင်တော့ Hlawga Birdwatching ကို ရွေးချယ်နိုင်ပါတယ်။ သဘောကောင်းတဲ့ ငှက်ကြည့်လမ်းပြလည်းရှိပြီး နေ့လည်စာအတွက်လည်း စီစဉ်ပေးထားတာမို့ ပေါ့ပေါ့ပါးပါး အပန်းဖြေရင်း ငှက်ကြည့်နိုင်ပါတယ်။   Trekking🚶   အားကစားဝါသနာပါသူများအတွက်ကတော့ တောခရီးကြမ်းလမ်းလျှောက်ခြင်း (Trekking) ကို ရွေးချယ်နိုင်ပါတယ်။   Water activities (SUP & ADV Boat)   Adventure Boatနဲ့ SUP စီးရတာ နှစ်သက်သူတွေအတွက် မိသားစု၊ သူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါး စီးလို့ရပါတယ်။ မစီးတတ်သေးတဲ့သူတွေအတွက်လည်း သေချာဂရုစိုက်ပြီး သင်ပြပေးမယ့် နည်းပြလည်း ရှိတာမို့ စမ်းသပ်စီးချင်သူတွေအတွက်လည်း စိတ်ပူစရာမလိုတော့ဘူးပေါ့။  ...

✨အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေးအသိပညာမြှင့်တင်ရေးနေ့✨

✨အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေးအသိပညာမြှင့်တင်ရေးနေ့✨   👉👉🌍🌎ကမ္ဘာပေါ်တွင် ✨🗾အန္တာတိကတိုက်နှင့် ✨🗾သြစတြေလျှတိုက်မှလွဲ၍ ကျန်တိုက် ကြီးများ တွင် နေထိုင် ကျက်စားကြသော လင်းတများကို လှော်ကားဥယျာဉ် တွင် စနစ်တကျ မွေးမြူပြသထားပါတယ်ရှင် 🤗🤗   👉👉🌎ကမ္ဘာပေါ်တွင်လင်းတမျိုးစိတ်ပေါင်း (၂၃) မျိုး ရှင်သန်ပေါက်ပွားနေထိုင်ကြပြီး အမေရိကတိုက်တွင် နေထိုင်သော လင်းတ မျိုးစိတ်များကို ✨✨🌍ကမ္ဘာသစ်လင်းတဟုခေါ်ပြီး အာရှတိုက်၊ ဥရောပတိုက်နှင့် အာဖရိကတိုက်တို့တွင်တွေ့ရှိရသော လင်းတမျိုးစိတ်များကို ✨✨🌍ကမ္ဘာဟောင်းလင်းတ မျိုးစိတ်များရယ်လို့ ခွဲခြားသတ်မှတ်ထားပါတယ်   👉👉လင်းတများရဲ့ အမူအကျင့် များက သဘာဝ ပတ်ဝန်းကျင်ကိုသန့်ရှင်းစေရုံသာမက မြေကြီးကိုလည်း မြေသြဇာကောင်းမွန်အောင် အထောက်အကူပြုပေးပြန်ပါတယ်🤗🤗   👉👉လင်းတတွေရဲ့ထူးခြားတဲ့ အမူအကျင့်ကတော့ ဆွေးမြေ့နေသော ရုပ်အလောင်းများ၏ အကြွင်းအကျန်များကို သန့်ရှင်းပေးခြင်းဖြင့် အနံ့ အသက်ဆိုးများကို ကာကွယ်တားဆီးနိုင်သည့်အပြင် ကာဗွန်ထုတ်လွှတ်မှုကို သိသိသာ သာ လျှော့ချပေးနိုင်ပြီး ဗက်တီးရီးယာ ကြောင့်ဖြစ်ပေါ်နိုင်သည့် အဆိပ်သင့်ရောဂါ (botulism) နှင့် ပလိပ်ရောဂါကဲ့သို့သော ဘက်တီးရီးယားများကို ဖယ်ရှားပေးပါတယ်✨✨   👉👉လင်းတမျိုးစိတ်များ အကောင်ရေလျှော့နည်းလာခြင်း၏ အဓိကပြဿနာမှာ အဆိပ်သင့် အသေကောင်များကို စားသုံးမိခြင်းကြောင့် 👉👉လင်းတမျိုးစိတ်များ မျိုးသုဉ်းမည့်အန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။   ယခုအခါနိုင်ငံတကာမှ 👉👉လင်းတမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မသွားစေရန်...

အားလုံးပဲ မဂ်လာပါရှင်…………..

အားလုံးပဲ မဂ်လာပါရှင်…………..🥰 လှော်ကားဥယျာဉ်ကို ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ခုဆိုရင်တော့(၃၅) နှစ်တိုင် ပြည့်ခဲ့ပြီဖြစ်ပါတယ်။🎉ယခုနှစ်မှာတော့ အရင်နှစ်များနဲ့မတူပဲ လှော်ကား Fan လေးများအတွက် - Bungalow (၅) လုံး🏡 Biking Member Ticket (၁၀) စောင်🚲🎟️ SUP Ticket (၁၀)🏄🎫 စောင်တို့ကိုမဲဖောက်ပေးသွားမှာဖြစ်လို့ စာလေးကိုအဆုံးထိဖတ်ပေးဖို့ တိုက်တွန်းပါရစေနော်…..။ လှော်ကားဥယျာဉ်ကို အများပြည်သူ 🧑‍🤝‍🧑 အပန်းဖြေအနားယူနိုင်စေရန်နှင့် 🐮🐒🦜 သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပါတယ်။ လှော်ကားဥယျာဉ်ထဲတွင်သဘာဝနဲ့ထိတွေ့ အပန်းဖြေအနားယူနိုင်သော ဝန်ဆောင်မှုများ၊ အစီအစဉ်များနှင့်🐒🐮🐘 တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအသိအမြင်များ တိုးပွားလာစေရန် ပိုမိုကောင်းမွန်သော အသိပညာပေးလုပ်ငန်းများဖြင့် ဝန်ဆောင်မှုများပေးနိုင်ရန်လည်းကောင်း၊👨‍👩‍👧‍👦 အများပြည်သူ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေ လည်ပတ်နိုင်ဖို့အတွက် 🌳 လှော်ကားဥယျာဉ်မှ အစဉ်အမြဲ ကြိုးစားဆောင်ရွက်လျက်ရှိပြီး ၊🍀🦜🧘သဘာဝရဲ့အရသာကို လာရောက်ခံစားအပန်းဖြေဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။ ကဲ…ဒါဆိုရင် ကံစမ်းမဲ အစီအစဥ်လေးရဲ့ Mission လေးတွေကတော့ လှော်ကား Fan လေးများအနေဖြင့် Mission (1) သူငယ်ချင်းများ🧑‍🤝‍🧑👭👫ကို Mention လေးတွေခေါ်ပြီး လှော်ကားနဲ့ပတ်သတ်တဲ့အမှတ်တရလေးတွေကို Comment 💬ရေးပေးရန် Mission (2) post လေးကို Public ဖြင့်...

အားလုံးပဲမဂ်လာပါ လှော်ကား fan လေးတို့ရေ………🥰.

အားလုံးပဲမဂ်လာပါ လှော်ကား fan လေးတို့ရေ………🥰. ဒီနေ့ပြောပြပေးသွားမှာကတော့ ပြီးခဲ့တဲ့ (23.9.2024) တနင်္လာနေ့ တင်ပေးခဲ့တဲ့ Giveaway post ရဲ့ Winner လေး🏆တွေကို ဒီနေ့(စနေနေ့)ညမှာဆိုရင် ကံထူးရှင်လေးတွေရဲ့ Messenger 📩အထိ လာရောက်ပြောကြားပေးသွားမှာြဖစ်ပါတယ်။ ⚠️စည်းကမ်းချက်လေး အနေနဲ့ကတော့ ဒီ Gift Card လေးတွေကိုထဲကမှ Bungalow free Ticket နဲ့ SUP Free Ticket လေးတွေကို (30.9.2024) လှော်ကားရဲ့ Anniversary နေ့ဖြစ်တဲ့တနဂ်နွေနေ့(၁)ရက်သာအသုံးပြုလို့ ရမှာပဲဖြစ်ပါတယ်။ ⚠️ နောက်ထပ်အစီအစဥ◌်လေးတစ်ခုအနေနဲ့ကတော့ (30.9.2024)ရက်နေ့မှာလာတဲ့ လှော်ကား fan လေးကို မေးခွန်းလေး❓တွေမေးပြီးလက်ဆောင်လေးတွေလဲပေးသွားမှာဖြစ်လို့ လာရောက်အပန်းဖြေရင်း တပတ်တာပင်ပန်းမှုတွေကို ဖြေဖျောက်ရင်းလာရောက်အပန်းဖြေနိုင်ရန်ဖိတ်ခေါ်လိုက်ပါတယ်နော်။☺️ #HlawgaPark #anniversary

Happy (35th) Anniversary ပါလှော်ကား Fan လေးတို့ရေ…..🎉🎈

  ✨လှော်ကားဥယျာဉ်ကို ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ဒီနေ့မှာဆိုရင်တော့(၃၅) နှစ်တိုင် ပြည့်ခဲ့ပြီဖြစ်ပါတယ်။   ✨လှော်ကားဥယျာဥ်ကို ........

-->

Happy (35th) Anniversary ပါလှော်ကား Fan လေးတို့ရေ…..🎉🎈   ✨လှော်ကားဥယျာဉ်ကို ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ဒီနေ့မှာဆိုရင်တော့(၃၅) နှစ်တိုင် ပြည့်ခဲ့ပြီဖြစ်ပါတယ်။   ✨လှော်ကားဥယျာဥ်ကို လူအများအပန်းဖြေနိုင်ရန်၊ သဘာဝ တရားကို တန်ဖိုးထားတတ်စေရန်နှင့်ဗဟုသုတရစေရန် ရည်ရွယ်၍ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။   ✨ဒါကြောင့် လှော်ကား Fan လေးများ စိတ်လက်သက်သာစွာ အပန်းဖြေနိုင်ရန် Giveaway အစီအစဥ်လေးတွေလဲဖန်တီးပေးထားတာဖြစ်လို့ လာရောက်အပန်း‌ဖြေနိုင်ရန် ပိတ်ရက်မရှိ ဖွင့်လှစ်ထားကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။   🎉Winner လေးတွေကတော့ Myint Myint Thin ခိုင် ရွှေ ပြာ Moh Moh May Thinzar Htoo Myat Tin Tin Win Daw Thin Thin Hlaing Sal Sal Sandar Sandar Ngwe La Win Su Thel Oo Aung Moe Zet Min Swan Saung Thin Zar Tun A Yar...

Copyright 2018. All rights reserved.