ကမ္ဘာ့ရွှေ့ပြောင်းနေထိုင်သောငှက်များနေ့ (သို့မဟုတ်) ကမ္ဘာ့ဆောင်းခိုငှက်များနေ့
World Migratory Bird Day, May-10
🌈တောရိုင်းတိရစ္ဆာန်များသည် ၎င်းတို့နေထိုင်ကျက်စားရာဒေသနှင့် ရာသီဥတုအခြေအနေများ ကြောင့် ပြောင်းရွေ့နေထိုင်ကြခြင်းမျိုးကိုပြုလုပ်ကြပါသည်။ ထိုသို့ တစ်နေရာမှတစ်နေရာသို့ ပြောင်းရွေ့နေထိုင်ခြင်းမျိုးကို (Migrate) လုပ်သည်ဟု ခေါ်ဆိုကြပါသည်။ ပြောင်းရွေ့နေထိုင်ကြ သူများထဲတွင် ငှက်များလည်းပါဝင်နေပါသည်။🙌
🌍ကမ္ဘာ့မြောက်ဘက်ပိုင်းရှိငှက်များသည် ၎င်းတို့အသက်ရှင် ရပ်တည်နိုင်ရန်အတွက် နှစ် စဉ်ရွေ့ပြောင်းနေထိုင်လေ့ရှိပါသည်။ ထိုအရာကို ငှက်များဆောင်းခို သည်ဟု ခေါ်လေ့ရှိပါသည်။ (Migrate) ဆောင်းခိုရခြင်းမှာ ဆောင်းရာသီတွင် ယင်းတို့ ရှင်သန်ကျက်စားရာ နေရာများတွင် ရေခဲများဖုံးလွှမ်းလာခြင်း၊ အစာရေစာရှားပါးလာခြင်း၊ မျိုးပွားသားပေါက်ရန် အခက်အခဲဖြစ်လာ ခြင်း၊ ရာသီဥတုဆိုးရွားလာခြင်းတို့ကြောင့် ပူနွေးပြီး အစာရေစာပေါများသည့် ကမ္ဘာ့တောင်ဘက် ခြမ်းနေရာဒေသများသို့ ပြောင်းရွေ့နေထိုင်ကျက်စားကြပါသည်💁🥰
🕊️ဆောင်းခိုငှက်များ ပျံသန်းရာ လမ်းကြောင်းကို Fly Way ဟုခေါ်ဆိုပြီး လမ်းကြောင်း (၉) ကြောင်းဖြင့် ပျံသန်းကြပါသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့်ငှက်များသည့် အာရှအလယ် လမ်းကြောင်းနှင့် အရှေ့အာရှဩစတျေးလျ/ပစိဖိတ် ကျွန်းနိုင်ငံများပါဝင်သည့် လမ်းကြောင်းဟူ၍ လမ်းကြောင်း (၂) ကြောင်းတို့မှ ရောက်ရှိလာကြခြင်းဖြစ်ပါသည်။ ဆောင်းခိုငှက်များသည် နှစ်စဉ် အောက်တိုဘာလတွင် စတင်ရောက်ရှိလာကြပြီး မေလတွင် ၎င်းတို့နေထိုင်ရာဒေသသို့ လာရာ လမ်းကြောင်းများအတိုင်း ပြန်လည်ပျံသန်းသွားကြခြင်းဖြစ်ပါသည်။ ယခုအချိန် ပျံသန်းခြင်းမှာ ယင်းတို့မူရင်းဒေသများသို့ ပြန်လည်နေထိုင်ပြီး သားပေါက်ဖွားမှုများပြန်လည် ပြုလုပ်ရန်အတွက် ပျံသန်းကြခြင်းဖြစ်ပါသည်🙆💚
💁ကျွန်ပ်တို့မြန်မာနိုင်ငံသည်လည်း ဆောင်းခိုငှက်များ ခတ္တလာရောက်နေထိုင်သည့် နေရာ တစ်ခုဖြစ်ပါသည်။ ရာသီအလိုက်ရွေ့ပြောင်းကျက်စားလာကြပြီး ဝေးလံစွာပျံသန်းကြသည့် ငှက် များအား သတိပြုမိလာစေရန်နှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်၍ ကမ္ဘာ့ ငှက်များနေ့ကို ကျင်းပရခြင်းဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်ဆောင်ပုဒ်အရ “Creating Bird-friendly Cities and Communities” “ငှက်များနှင့် အတူတကွယှဉ်တွဲနေထိုင်နိုင်သည့် မြို့ပြနှင့်လူ့မူ အဖွဲ့အစည်းများဖြစ်အောင်ဖန်တီးကြပါစို့” ဟု ဆောင်ပုဒ်အတိုင်း လွန်စွာမှ ဝေးကွာလှသည့် နေရာများမှ မိုင်ထောင်းချီဖြတ်သန်းကာ ခေတ္တခနဆောင်းခိုရန် လာရောက်ကြသည့် ဧည့်သည် ငှက်များ နေထိုင်ရာဒေသများကို တန်ဖိုးထားတတ်စေရန်နှင့် အသက်ရှင်သန်ရေးအတွက် မိမိ နေရင်းဒေသကိုစွန့်ခွာကာ ခေတ္တရောက်ရှိလာသည့် ဧည့်သည်ငှက်များအား ဖမ်းဆီးခြင်း၊ စား သောက်ခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဂုဏ်ပြုရေးသားလိုက်ရပါသည်။🥳🎉
--------------------------------------------------
World Migratory Bird Day, May-10
Wild animals that move from one place to another to adapt to their habitat and climatic conditions are called migratory, and birds are among those who migrate.
Many birds from the northern part of the world fly to warmer places every year to survive. This is called bird migration. Birds migrate because, in winter, their homes become very cold, covered with snow and ice. There is less food and it becomes hard to find a place to raise baby birds. So, they fly to the southern part of the world where it is warmer and food is easier to find.
The paths that birds use to fly during migration are called flyways. There are nine major flyways in the world. Birds that come to Myanmar follow two of these flyways — the Central Asian Flyway and the East Asian-Australasian Flyway.
Every year, migratory birds start arriving in Myanmar around October. They stay here during the cold season and then fly back to their homes around May to breed.
Myanmar is one of the resting places for many migratory birds. This special day helps people learn about migratory birds, the dangers they face, and why we must keep them safe.
To help protect these birds and raise the awareness for the world celebrates World Migratory Bird Day. This day helps people learn about the birds and why we must keep them safe.
The theme for 2025 is: "Creating Bird-friendly Cities and Communities."
This means we should create safe places for birds to rest and feed, and we should not hunt or eat these birds. They travel long distances just to survive, so we must respect and protect them.
Let’s all work together to make the world a better home for both people and birds.
#Hlawgapark
#Worldmigratorybirdday