ဝါဆိုလပြည့်နေ့ – Hlawga National Park
🙏🙏ဝါဆိုလပြည့်နေ့သည် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ”ဆိုသည့်အတိုင်း ဘုရားအလောင်းတော်သည် မယ်တော်မာယာ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ တည်တော်မူသောနေ့၊ သိဒ္ဓတ္ထမင်းသားဘဝတွင် နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ သံဝေဂရပြီး တောထွက်တော်မူသောနေ့ ၊ ဘုရားအဖြစ်သို့ ရောက်ရှိပြီး ဓမ္မစင်္ကြာ တရားဦးကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဟောကြားတော်မူသောနေ့၊ တိတ္ထိသင်းကိုနှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့တို့ဖြစ်ခြင်းကြောင့် ဝါဆိုလပြည့် ❝ ဓမ္မစင်္ကြာအခါတော်နေ့ ❞ သည် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် ထူးခြား မွန်မြတ်သောနေ့ တစ်နေ့ပဲ ဖြစ်ပါတယ်ရှင် ။ 🙇‍♀️🙇‍♂️  

🙏🙏ထိုကဲ့သို့ မွန်မြတ်လှသော ဝါဆိုလပြည့် ❝ ဓမ္မစင်္ကြာအခါတော်နေ့ ❞ တွင် ဗုဒ္ဓဘာသာအနွယ်ဝင်တို့သည် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာများရွတ်ဆိုပွားများခြင်းဖြင့် ကောင်းခြင်းအဖြာဖြာတို့ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း လှော်ကားဥယျာဉ် (ရန်ကုန် ) မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🙇‍♀️🙇‍♂️

Copyright 2018. All rights reserved.