အရှေ့တောင်အာရှ တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံး – Hlawga National Park

အရှေ့တောင်အာရှ တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံး (Southeast Asia Zoos and Aquariums Association-SEAZA) အဖွဲ့ကြီး၏ လုပ်ငန်းခွဲကော်မတီတစ်ခု ဖြစ်သည့် Animal Welfare and Ethic Committee-AWEC သည် ပုံမှန်ကျင်းပမြဲဖြစ်သော Online Zoom Meeting ကို ၂၀၂၄ ခုနှစ်၊ မတ်လ(၆) ရက်နေ့ နေ့လည် (၁:၃၀) မှ (၂:၃၀) ထိ ကျင်းပပြုလုပ်သွားခဲ့ရာ မြန်မာနိုင်ငံ၊ Htoo Zoos and Gardens Business မှ AWEC ကော်မတီဝင် ဒေါက်တာမြင့်သိန်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ကော်မတီသည် SEAZA မှချမှတ်ပေးထားသော တိရစ္ဆာန်မျိုးစိတ်များ၏ မွေးမြူခြင်းဆိုင်ရာ လမ်းညွှန်ချက် (Husbandry Guideline) ကို ရေးဆွဲမည်ဖြစ်ပြီး ကနဦးစီမံကိန်း Pilot Project အတွက် Best Practice Guidelines များရှိပြီးဖြစ်သည့် လူဝံမျိုးစိတ် အော်ရမ်အူတန် (Orangutan) အား ရွေးချယ်ခဲ့ကြပါသည်။ ထို့အပြင် AWEC အနေဖြင့် တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာဖော်ဆောင်နိုင်ရေးနှင့် ပတ်သက်ပြီး လက်ရှိစစ်ဆေးတွေ့ရှိခဲ့သည့် အတွေ့အကြုံများကို ဖလှယ်ခဲ့ကြပြီး အစည်းအဝေးတွင် တိရစ္ဆာန်ဥယျာဉ်များရှိ တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာဖော်ဆောင်နိုင်ရေးတို့ကို အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

Copyright 2018. All rights reserved.