“ အာဇာနည်နေ့ ဒို့မမေ့ ”
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာပြည်သူ ပြည်သား များသည် အဖိုးမဖြတ် နိုင်ဖွယ်ရာ တန်ဖိုးရှိ လူ ၉ ဦးကို ဆုံးရှုံးခဲ့ကြရပါသည် ။ ယခုအချိန်တွင် အာဇာနည်နေ့ ဖြစ် မှတ်တမ်းတင် ကျန်ခဲ့ပါသည် ။ ထိုနေ့တွင် ကျဆုံးသွားသော အာဇာနည် ၉ ဦး၏ စွန့်လွှတ် အနစ်နာခံ ခြင်း နှင့် ပေးဆပ်ခဲ့ခြင်းတို့ကို အောက်မေ့သတိရရင်း အာဇာနည်နေ့ အခမ်းအနားများကို ကျင်းပကြပါသည် ။
ယခုနှစ် ၂၀၂၅ ဇူလိုင်လ ၁၉ ရက် ( စနေနေ့ ) တွင် ကျရောက်သော ၇၈ ကြိမ်မြောက် အာဇာနည်နေ့တွင် ကျဆုံးပြီးလေသော အာဇာနည်ခေါင်းဆောင်ကြီးများကို လှော်ကားဥယျာဥ် (ရန်ကုန်) မိသားစုမှ လွမ်းဆွတ် တမ်းတရင်း အမှတ်ရဂုဏ်ပြုလိုက်ပါတယ်ရှင် ။
#အာဇာနည်နေ့
#MartyrsDay
#19July
#MartyrsDayMyanmar
#အာဇာနည်များကိုမှတ်ရာနေ့