🌳✨လှော်ကားဥယျာဥ်မှာ SUP စီးဖို့ ရယ်ဒီပဲလား ဗျို့ ……. 👏👏
⛈️⛈️မိုးလေးအေးတုန်း ကွေးနေရတာထက်စာရင် မိုးထဲ ရေထဲ ဝုန်းဒိုင်းကြဲပြီး လန်းဆန်း တတ်ကြွသွားစေမယ့် ထူးခြားဆန်းသစ်တဲ့ Water activity တစ်ခုကို အခုပဲ စတင်လုပ်ဆောင်ကြည့်လိုပါသလား ? 💁♂️💁
👉💦ဒီလို အချိန်အခါ မှာ တစယောက်ထဲပဲ ဖြစ်စေ ၊ မိသားစု (သို့) သူငယ်ချင်း အဖွဲ့လိုက်ဖြစ်စေ လုပ်ကို လုပ်ကြည့်သင့်တဲ့ ထူးခြား ဆန်းသစ် တဲ့ Water activity တစ်ခုကတော့ SUP (Stand Up Paddle) ဆိုတဲ့ အားကစားတစ်မျိုးပဲ ဖြစ်ပါတယ် ။ ဒီအားကစားနည်းလေးက ဟာဝိုင်အီ ကမ်းခြေကနေ စတင်ခဲ့တာပဲ ဖြစ်ပြီး ရေပြင်လယ် မှာ Paddle board ပေါ် ထိုင် (သို့) မက်တပ်ရပ်ပြီး လှော်တတ်ဖြင့် လှော်ခက်ရင်း လှုပ်ရှား ပျော်ပါးရသော ကစားနည်းပဲဖြစ်ပါတယ် ။ 🏄♂️🏄♀️
🏄♂️🏄♀️SUP စီးရင်း Safety အတွက်လည်း စိတ်ပူစရာမလိုရအောင် Paddle နှင့် ကိုယ်ကို ကြိုးချိတ်ထားခြင်း ၊ Life Jacket များ ဝတ်ဆင်ခြင်း နှင့် ကျွမ်းကျင်သည့် Guide များမှလည်း အဖော်အဖြစ် လိုက်ပါပေးမည်ဖြစ်သောကြောင့် Beginners များအတွက်လည်း စိုးရိမ်ဖွယ်ရာ ကိစ္စများ ကင်းပြီး စိတ်ချလက်ချ ပျော်ပျော်ပါးပါး ဆော့ကစားနိုင်မှာ ဖြစ်ပါတယ် ။ 🥰🥰
💦✨ဒီလို ထူးခြားဆန်းသစ်တဲ့ Water activity တစ်ခုဖြစ်တဲ့ SUP ကို လှော်ကားဥယျာဥ်ရဲ့ ကန်ရေပြင်ကျယ်ကြီးအထက်မှာ စီးမြောရင်း ကောင်းမွန်တဲ့ ကျန်းမားရေး အကျိုးရလဒ်များကိုလည်း ရရှိ ခံစားနိုင်ဦးမှာ ဖြစ်ပါတယ် ။ ၎င်း ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကတော့ စိတ် နှင့် ကိုယ် တည်ငြိမ် မျှတမှုကို ရရှိပြီး နှလုံးသွေးကြောများအတွက် ပိုမို ကျန်းမာစေခြင်း ၊ သဘာဝ နှင့် နီးကပ်စွာရှိနေခြင်းကြောင့် ကိုယ် ၊ စိတ် ၊ နှလုံး အေးချမ်းမှုကို ခံစားရနိုင်ခြင်း … စတဲ့ ကောင်းကျိုးရလဒ်တွေကိုလည်း ခံစားရနိုင်မှာ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ကိုယ်ရော စိတ်ပါ ကျန်းမာ ပျော်ရွှင်နိုင်ဖို့ SUP စီးဖို့ လှော်ကားဥယျာဥ်သို့ အခုပဲ အရောက်လာခဲ့ကြပါစို့နော်။🥰🥰
------------------------------------------------------------
🐯🐒🐢လှော်ကားဥယျာဥ် (ရန်ကုန်) သည် အများပြည်သူ အပန်းဖြေရာ နေရာတစ်ခုဖြစ်သောကြောင့် ဥယျာဥ်ဝန်းအား မနက် ( ၈ ) နာရီ မှ ညနေ ( ၄ ) အထိ နေ့စဥ် နေ့တိုင်း ပိတ်ရက် လုံးဝ မရှိဘဲ နွေးထွေး ကြိုဆိုလျက် ဖွင့်လှစ်ထားပါသည် ။ ✨
📍ဝင်ကြေးများမှာ……
လူကြီး - 4000 ကျပ် ၊
ကလေး - 2500 ကျပ်
Buggy – 1000 ကျပ် ဖြစ်ပါသည်။ 🎉🎉
👉အသေးစိတ်သိရှိလိုသမျှကို
Hot Line Number
☎️ 09 423 104 231
☎️ 09 429 998 624 ...... တို့ကို ဆက်သွယ် မေးမြန်းခြင်းဖြင့် စုံစမ်း သိရှိနိုင်ပါတယ်ရှင် ။ 🙌
🤞💚ထပ်မံ၍ သတင်းကောင်းအနေဖြင့် အသိပေး ကြေညာပေးသွားမှာကတော့ လှော်ကားဥယျာဥ် ( ရန်ကုန် ) မှာ ပညာရေး နဲ့ ပတ်သတ်သော စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာကောင်းတွေ ၊ Zoo Moments တွေကို နောက်ထပ် Channel 5 ခုမှာလည်း အစဉ်တစိုက်ဖြင့် ဖော်ပြနေပြီ ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်ရှင် ။💁💁♂️
🔹 LinkedIn Page
https://www.linkedin.com/company/hlawgapark/
🔹 Telegram Channel
https://t.me/hlawgapark
https://www.instagram.com/hlawga_park?igsh=cGlnN2ZwdHlsZXBm
🔹 YouTube
https://youtube.com/@hlawga_park?si=YNdFY_H5skpGtWQp
🔹 Tik Tok
https://www.tiktok.com/@hlawgapark?_t=ZS-8yQEttUnmw4&_r=1
🔹 Website
http://www.hlawgapark.com ………တို့မှာ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး တောရိုင်း တိရစ္ဆာန်များအကြောင်း လေ့လာ လိုသူများ အနေဖြင့် သင်ယူနိုင်ဖို့ ယခုဖော်ပြပါ Channel & Page link တွေကို အခုပဲ Like & Subscribe လုပ်ထားလိုက်ကြစို့ နော် ။🙆♂️🙆
Copyright 2018. All rights reserved.