🌳Back to Nature🌳
ရန်ကုန်မြို့နဲ့ အနီးဆုံး မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ ရုန်းထွက်ဖို့ အကောင်းဆုံးနေရာ တစ်ခုကို ညွှန်းပါဆိုရင် လှော်ကားသဘာ၀ဉယျာဉ် လို့ပဲ ပြောပါရစေရှင်🤗🤗
မွန်းကြပ်မှုတွေ စိတ်ဖိစီးမှုတွေဖြေဖျောက်ဖို့ မြို့ပြရဲ့ဆူညံရှုပ်ထွေးမှုအဝေးမှာ စိတ်ပြေလက်ပျောက် အနားယူအပန်းဖြေနိုင်ဖို့အတွက် လှော်ကားသဘာ၀ဉယျာဉ်🤗🤗
သဘာဝအငွေ့အသက်တွေပြည့်နှက်နေတဲ့ ရန်ကုန်မြို့အနီးရှိ လှော်ကားဥယျာဉ်မှာ ပြုလုပ်နိုင်တဲ့ Activity လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Birdwatching🐦🦤
ငှက်ကြည့်ဝါသနာအရပဲဖြစ်ဖြစ်၊ ဗဟုသုတရချင်လို့ပဲဖြစ်ဖြစ် လေ့လာချင်တယ်ဆိုရင်တော့ Hlawga Birdwatching ကို ရွေးချယ်နိုင်ပါတယ်။ သဘောကောင်းတဲ့ ငှက်ကြည့်လမ်းပြလည်းရှိပြီး နေ့လည်စာအတွက်လည်း စီစဉ်ပေးထားတာမို့ ပေါ့ပေါ့ပါးပါး အပန်းဖြေရင်း ငှက်ကြည့်နိုင်ပါတယ်။
Trekking🚶
အားကစားဝါသနာပါသူများအတွက်ကတော့ တောခရီးကြမ်းလမ်းလျှောက်ခြင်း (Trekking) ကို ရွေးချယ်နိုင်ပါတယ်။
Water activities (SUP & ADV Boat)
Adventure Boatနဲ့ SUP စီးရတာ နှစ်သက်သူတွေအတွက် မိသားစု၊ သူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါး စီးလို့ရပါတယ်။ မစီးတတ်သေးတဲ့သူတွေအတွက်လည်း သေချာဂရုစိုက်ပြီး သင်ပြပေးမယ့် နည်းပြလည်း ရှိတာမို့ စမ်းသပ်စီးချင်သူတွေအတွက်လည်း စိတ်ပူစရာမလိုတော့ဘူးပေါ့။
🏄🏄SUP ရဲ့ ဈေးနှုန်းလေးတွေကတော့
✨✨Week Day တွေမှာ ဆိုရင်တော့ - ၁၅၀၀၀ ကျပ်
✨✨Week end တွေမှာဆို - ၁၈၅၀၀ ကျပ်နဲ့ အပန်းဖြေ လာရောက်စီးလို့ရပါတယ်နော်🤗🤗
Activity လေးတွေရဲ့ ဈေးနှုန်းလေးတွေ သိချင်တယ်၊ လာရောက်လည်ပတ်ချင်တယ်ဆိုရင်တော့
Hlawga Park Page Messenger (သို့)
ဖုန်း-09 429998624, 09 423104231 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် 🤗🤗🤗