🌳Back to Nature🌳
မွမ်းကြပ်မှုတွေ စိတ်ဖိစီးမှုတွေဖြေဖျောက်ဖို့ မြို့ပြရဲ့ဆူညံရှုပ်ထွေးမှုအဝေးမှာ စိတ်ပြေလက်ပျောက် အနားယူအပန်းဖြေနိုင်ဖို့အတွက် သဘာဝအငွေ့အသက်တွေပြည့်နှက်နေတဲ့ ရန်ကုန်မြို့အနီးရှိ လှော်ကားဥယျာဉ်မှာ ပြုလုပ်နိုင်တဲ့ Activity လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Camping🏕️ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ပဲဖြစ်ဖြစ် အနားယူအပန်းဖြေရင်း ဂိမ်းလေးတွေကစားကြမယ်၊ ကြက်တောင်ရိုက်၊ စက်ဘီးစီးကြမယ် ဆိုရင်တော့ Hlawga Camping ကတော့ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ နေ့လည်စာပါ စီစဉ်ပေးထားမှာဖြစ်တဲ့အတွက် ပျော်ပျော်ပါးပါး ထမင်းလက်စုံစားလို့ရတာပေါ့ ☺️
Birdwatching🐦🦤 ငှက်ကြည့်ဝါသနာအရပဲဖြစ်ဖြစ်၊ ဗဟုသုတရချင်လို့ပဲဖြစ်ဖြစ် လေ့လာချင်တယ်ဆိုရင်တော့ Hlawga Birdwatching ကို ရွေးချယ်နိုင်ပါတယ်။ သဘောကောင်းတဲ့ ငှက်ကြည့်လမ်းပြလည်းရှိပြီး နေ့လည်စာအတွက်လည်း စီစဉ်ပေးထားတာမို့ ပေါ့ပေါ့ပါးပါး အပန်းဖြေရင်း ငှက်ကြည့်နိုင်ပါတယ်။
Trekking🚶 အားကစားဝါသနာပါသူများအတွက်ကတော့ တောခရီးကြမ်းလမ်းလျှောက်ခြင်း (Trekking) ကို ရွေးချယ်နိုင်ပါတယ်။
Water activities (SUP & ADV Boat)🏄🚣 Adventure Boatနဲ့ SUP စီးရတာ နှစ်သက်သူတွေအတွက် မိသားစု၊ သူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါး စီးလို့ရပါတယ်။ မစီးတတ်သေးတဲ့သူတွေအတွက်လည်း သေချာဂရုစိုက်ပြီး သင်ပြပေးမယ့် နည်းပြလည်း ရှိတာမို့ စမ်းသပ်စီးချင်သူတွေအတွက်လည်း စိတ်ပူစရာမလိုတော့ဘူးပေါ့။
Activity လေးတွေရဲ့ ဈေးနှုန်းလေးတွေ သိချင်တယ်၊ လာရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ Hlawga Park Page Messenger (သို့) ဖုန်း-09 429998624, 09 423104231 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် 🤗🤗🤗
Copyright 2018. All rights reserved.