🍃လည်ပတ်ရတာပျော်နိုင်ဖို့ဆို ဒီအချက်လေးတွေ သိထားမှ အဆင်ပြေမယ်နော်…… 💙 – Hlawga National Park
🍃လည်ပတ်ရတာပျော်နိုင်ဖို့ဆို ဒီအချက်လေးတွေ သိထားမှ အဆင်ပြေမယ်နော်...... 💙 ✨ချစ်ရသူနဲ့ နီးစပ်နိုင်ဖို့ မေတ္တာလမ်းက သွားရမလား ? သစ္စာလမ်းက သွားရမလားဆိုတာ ? ကိုပဲ ချစ်သောလေးတို့အနေနဲ့ အသေအချာ စဉ်းစားနေလိုက်ပါ ။ လှော်ကားဉယျာဉ်ကို အရောက်သွားနိုင်ဖို့နည်းလမ်းကိုတော့ ဒီက မင်မင်ကပဲ ချစ်ရတဲ့စိတ်ကလေးနဲ့ ဂရုတစိုက် လမ်းညွှန်ပြပေးလိုက်ပါ့မယ်ရှင့် ။ 💁💙 💙လှော်ကားဉယျာဉ်ကို YBS Bus နဲ့ အလည်လာမယ့် ချစ်သောလေးတွေအတွက်ကတော့ အတွေးများပြီး အရွေးမမှားရအောင် အခုပြောပြမယ့် Bus ကားနံပါတ်လေးတွေကို သေချာစီးပြီး လာခဲ့ရပါမယ်နော်....🍀✨ 🚍YBS Bus – 96 , 90 , 37 , 36 ( မှော်ဘီ ) ကားများကို စီးပြီး ထောက်ကြံ့ဈေး (သို့မဟုတ်) ဂိတ်‌ဟောင်းမှတ်တိုင် မှာဆင်းလိုက်ရပါမယ်နော် ။ ကားပေါ်ကဆင်းပြီးတာနဲ့ အပေါင်းအဖော်တွေနဲ့ စကားလေးဖောင်ဖွဲ့ရင်းဖြင့် လမ်းလျှောက်ပြီးလည်း အရောက်လာနိုင်သလို ဆိုင်ကယ်ကယ်ရီစီး ပြီးလည်း လွယ်လွယ်ကူကူဖြင့် အရောက်လာနိုင်ပါတယ်ရှင့် ။ 💁💙 🚘ကိုယ်ပိုင် ကားရှိတဲ့ ချစ်သောလေးတွေအတွက်ကတော့ ဂိတ်မှာ လတ်မှတ်ဖြတ်ပြီးတာနဲ့ တစ်ခါထဲ ဝင်ရောက်လည်ပတ်နိုင်ပြီပဲ ဖြစ်ပါတယ်ရှင့် ။ 💙✨ 💙အခုပြောပြသွားတာလေးတွေက လာရောက်လည်ပတ်နိုင်မယ့် လှော်ကားဉယျာဉ်အပြင်ဘက်ရဲ့ လမ်းကြောင်းလေးပဲ ဖြစ်ပါတယ် ။ လှော်ကားဉယျာဉ်အတွင်း ပျော်ရွင်လွယ်ကူစွာ ချောချောမွေ့မွေ့ လည်ပတ်နိုင်ဖို့အတွက်ဆိုရင်တော့ နောက်ထပ်ပြောပြသွားမယ့် အကြောင်းအရာလေးတွေကို သေချာဖတ်ပေးဖို့ လိုအပ်ပါမယ်နော် ...... 🙌🙇‍♀️ 👉သတိထားသင့်တဲ့အကြောင်းအရာလေးတွေကတော့ ....... 💙လှော်ကားဉယျာဉ်ဟာ လူအများ အပန်းဖြေအနားယူနိုင်ရန် သဘာဝရဲ့ သယံဇာတတစ်ခုလို အေးချမ်း တိတ်ဆိတ်ပြီး အနုပညာမြောက် ပန်းချီကားချပ်တစ်ချပ်လို ရှုမောမဆုံးနိုင်အောင် လှပခြင်း နှင့် တိရစ္ဆာန်လေးများအတွက် ခိုလှုံစရာ အကာအကွယ် ဘေးမဲ့တောအဖြစ် ကျယ်ပြန့်စွာ တည်ရှိနေသော အပန်းဖြေစခန်းကြီး တစ်ခုပဲ ဖြစ်တဲ့အတွက်ကြောင့် YBS Bus ကားစီး၍ လာရောက်လည်ပတ်မည့် ချစ်သောလေးတွေအတွက် စခန်းတစ်ခုလုံးကို စ လယ် ဆုံး အထိ ခြေလျင်လည်ပတ်နိုင်ဖို့ သိပ်တော့အဆင်မပြေလောက်ပါဘူးရှင် ။ ဒါ့ကြောင့်လည်း လှော်ကားဉယျာဉ်မှာ အပန်းဖြေ စခန်းတစ်ခုလုံးကို စ လယ် ဆုံး အထိ ချောချောမွေ့မွေ့ဖြင့် လွယ်ကူစွာ လည်ပတ်နိုင်စေရန် Buggy Service များကို ထားရှိ ထားခြင်းဖြစ်ပါသည် ။ 💁🚌 👷Buggy များကို ဉယျာဉ်အတွင်း ကျွမ်းကျင်သူများမှ ဂရုတစိုက်ဖြင့် မောင်းနှင်ပေးသွားမှာဖြစ်ပါတယ်။ တနင်္လာနေ့ မှ သောကြာ နေ့အထိ ကြားရက်များတွက် 2 နာရီခြား တစ်ခါဖြင့် လှည့်ပတ် မောင်းနှင်ပြီး စနေ နှင့် တနင်္ဂနွေလို ပိတ်ရက်ကြီးများတွင် 1 နာရီခြား တစ်ခါနှုန်းဖြင့် လှည့်ပတ်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင့် ။ 👷💙 🚘ကိုယ်ပိုင်ကားရှိသော ချစ်သောလေးများအတွက် သတိထားသင့်တဲ့ အချက်ကတော့ လှော်ကားဉယျာဉ်ရဲ့ လမ်းများသည် One Way ဖြစ်သည့်အတွက်ကြောင့် စခန်း 1 , 2 , 3 , 4 ခုလုံးကို လည်ပတ် မောင်းနှင်ပြီးမှသာ လမ်းကြောင်းမှန်ကန်စွာဖြင့် ပြန်လည် ထွက်ခွာ နိုင်မည်ဖြစ်ပါတယ် ။ 💙✨ 👉ဒီအချက်လေးတွေကို သေချာသိထားပြီးပြီဆိုရင်တော့ ချစ်သောလေးတို့အနေနဲ့ လှော်ကားဉယျာဉ်ကြီးထဲမှာ ချောချောမွေ့မွေ့ဖြင့် ပျော်ရွှင်စွာ လည်ပတ်နိုင်ပြီပဲဖြစ်ပါတယ်ရှင့်.......🙆✨💙

#Hlawgapark #Traveltips

Copyright 2018. All rights reserved.