🐅🐆မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) 🦏🐘
မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) ဆိုသည်မှာ တောရိုင်းတိရစ္ဆာန်နှင့် မျိုးစိတ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လူတိုင်းတွင် တာဝန်ရှိကြောင်းကိုအသိပညာပေးတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ 🐅🦏🌳
"မျိုးသုဉ်းရန်အန္တရာယ်ရှိသော" ဟူသည့် စကားရပ်၏ အဓိပ္ပါယ်မှာ လူ (သို့မဟုတ်) ပြင်ပ သက်ရောက်မှုတစ်ခုခုကြောင့် နေရင်းဒေသအတွင်းရှိ ဇီဝမျိုးစိတ်တစ်မျိုး၏ အရေအတွက်သည် စံသတ်မှတ်ချက်များအရ အလွန်အမင်းကျဆင်းနေခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ 🦏🐘🌳
မျိုးစိတ်ဟု ခေါ်ဆိုရာတွင် မျိုးရိုးဗီဇ ဖလှယ်ခြင်း (သို့မဟုတ်) အပြန်အလှန်ပေါက်ပွားနိုင်သော သတ္တလောကနှင့် ရုက္ခလောကရှိ ဇီဝရုပ်များကို ဆိုလိုခြင်းဖြစ်ပါတယ်။ 🐢🐘🌳
ကမ္ဘာကြီးရဲ့ ဂေဟစနစ် ပြောင်းလဲလာခြင်း၊ ကမ္ဘာ့လူဦးရေ ပိုမိုများပြား တိုးပွားလာခြင်း၊ အလွန့်အကျွံ့ အမဲလိုက်ခံရခြင်း၊ ရှင်သန်ပေါက်ဖွားရာ နေရင်းဒေသများ နည်းပါးလာခြင်းတို့က မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်နှင့်နီးစပ်ကာ ကမ္ဘာကြီးပေါ်မှ အပြီးတိုင်ပျောက်ကွယ်မည့် အရေးနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
🐅🌱🌳🌏
မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ကြုံ တွေ့နေရသော ဇီဝမျိုးစိတ်များထဲတွင် နို့တိုက်သတ္တဝါမျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ်များ၊ ရေနေသတ္တဝါမျိုးစိတ်များ၊ အပင်မျိုးစိတ်များ အများအပြားရှိနေပါတယ်။ 🦥🦒🐋🦆
လွန်ခဲ့သော နှစ်သန်းပေါင်း (၅၀၀) ကျော်ခန့်က စတင်ခဲ့သည်ဟု ခန့်မှန်းရသော ဤကမ္ဘာပေါ်တွင် သက်ရှိသက်မဲ့ အဖွဲ့အစည်းများ (Ecosystem) သည် တစ်ခုနှင့်တစ်ခု ဟန်ချက်ညီညီ အပြန်အလှန်အမှီသဟဲပြု နေထိုင်ခဲ့ကြပါတယ်။ ထိုကဲ့သို့ ရှင်သန်နေထိုင်ခဲ့ရာမှ မိမိတို့လူသားများအနေဖြင့် ပျက်စီးယိုယွင်းလာနေသော ဂေဟစနစ် တည်ငြိမ်မျှတမှု ပျက်ယွင်း မသွားစေရန် ထိရောက်စွာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မည်ဆိုပါက မျိုးတုန်းပျောက်ကွယ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်များ၏ အရေအတွက်ကို လျှော့ချနိုင်မှာဖြစ်ပြီး မျိုးသုဉ်းမည့်အန္တရာယ်မှ ကင်းဝေးနိုင်မှာလည်းဖြစ်ပါတယ်။ 🌏🌳🌱
မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) တွင် မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်များကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ပူးပေါင်းပါဝင်ပါ (Celebrate Saving Species) ဆောင်ပုဒ်နှင့်အညီ မိမိတို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင်ရှိ ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင် ဝိုင်းဝန်းပါဝင်ကူညီကြရန် လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော်ရင်း မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် တိရစ္ဆာန်များသာမက ထူးခြားလှပတဲ့ ကျေးငှက်မျိုးစိတ်များကိုလဲ လှော်ကားဥယျာဥ်တွင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ထားတာဖြစ်လို့ လာရောက် လေ့လာကြည့်ရှုရင်း အပန်းဖြေ အနားယူဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ 🐅🦏🌳🌏