🐢ကမ္ဘာ့လိပ်များနေ့ 🐢
(World Turtle Day)
မေလ (၂၃) ရက်
🐢🐢လိပ်များသည် ကမ္ဘာပေါ်တွင် ဒိုင်နိုဆောများ(Dinosaurs) မပေါ်ပေါက်ခင် လွန်ခဲ့သော နှစ်သန်းပေါင်း(၂၀၀) ကျော်ခန့်ကပေါ်ပေါက်ခဲ့ပြီး ရှေးအကျဆုံးသော ထူးဆန်းသည့် တွားသွား သတ္တဝါများပဲဖြစ်ကြပါတယ် ။ လိပ်များသည် ရှေးအစဉ်အဆက်ကပင် လူသားတို့အတွက် အစား အစာနှင့် လူ့အသုံးအဆောင်ပစ္စည်းများတို့ကို တိုက်ရိုက်အားဖြင့် အကျိုးကျေးဇူးပြုလျက်ရှိပြီး လူသားတို့အားအကျိုးမပြုသော အင်းဆက်ပိုးမွှားများအား စားသုံးခြင်း၊ ရေကို ညစ်ညမ်းစေသော ဒြပ်ဝတ္ထုများနှင့် ရေညှိရေမှော်တို့ကိုစားသုံးခြင်းအားဖြင့် လူသားတို့ အသုံးပြုနေသော မြစ်၊ ချောင်း၊ အင်းအိုင်တို့မှ ရေကိုသန့်စင်စေခြင်းဖြင့် လူသားတို့အား သွယ်ဝိုက်သော နည်းများဖြင့် အကျိုးကျေးဇူး ပြုပေးနေခြင်း ဖြစ်ပါတယ် ။ ထိုကဲ့သို့ အကျိုးကျေးဇူးများအပြင် သဘာဝဂေဟစနစ်တွင် ချိန်ခွင် လျှာညီမျှစေရန် တာဝန်တစ်ရပ်ကိုလည်းထိန်းကျောင်းပေးလျက်ရှိပြီး လူသားတို့ အလွယ်တကူ မြင်နိုင်စွမ်းမရှိသည့် အဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများကို အစဉ်ပံ့ပိုးပေးနေသော သတ္တဝါ များပင် ဖြစ်ကြပါသည်။🥰🥰
💁ယခုအခါ ကမ္ဘာပေါ်တွင် ရှင်သန်ကျက်စားနေထိုင်ခဲ့သည့် လိပ်မျိုးစိတ်အများစုသည် လူတို့၏ ပယောဂများဖြစ်သော လိပ်တို့ပေါက်ပွားရှင်သန်ရာ နေရင်းဒေသများ ဆုတ်ယုတ်ပျက်စီး ယိုယွင်းလာစေခြင်း၊ လိပ်နှင့်လိပ်ဥများကို လွန်ကဲစွာရှာဖွေရောင်းချခြင်း၊ စားသောက်ခြင်းနှင့် အခြားသော အသားစားသတ္တဝါများ၏ စားသုံးခြင်းကိုခံရခြင်းတို့ကြောင့် တဖြည်းဖြည်း မျိုးသုဉ်း ပျောက်ကွယ်တော့မည့် အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ထို့အပြင် အမျိုးမျိုး သော လိပ်မျိုးစိတ်များနှင့် ယင်းတို့၏ဥများကို ရှာဖွေဖမ်းဆီးစုဆောင်းပြီး ပြည်တွင်းပြည်ပသို့ တရားမဝင် တင်ပို့ရောင်းချခြင်းများသည်လည်း လိပ်များအားမျိုးသုဉ်းပျောက်ကွယ်စေသော အဓိကအချက်တစ်ချက်အဖြစ် ပါဝင်ပါသည်။ 🙌
✌️💚ယခု ၂၀၂၅ ခုနှစ် ကမ္ဘာ့လိပ်များနေ့ (World Turtle Day) အတွက် ဆောင်ပုဒ်မှာ "Dancing Turtles Rock!" ဖြစ်ပါသည်။ ၂၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား၏ တစ်စိတ် တစ်ပိုင်းဖြစ်သည့် ဤဆောင်ပုဒ်သည် လူသားများအနေဖြင့် လိပ်များကို ထိန်းသိမ်းကာကွယ်ရန် အတွက် တက်ကြွစွာလှုပ်ရှားကြဖို့ တိုက်တွန်းခြင်းနှင့် ထိန်းသိမ်းရေးအသိပညာများ မြှင့်တင်ရန် လှုံ့ဆော်ခဲ့ပါသည်။ 🎉🎉
🌍ကမ္ဘာဦးအစ ရှေးနှစ်သန်းပေါင်းများစွာကတည်းက ကမ္ဘာပေါ်တွင် လူသားများနှင့် အတူ ယှဉ်တွဲနေထိုင်ခဲ့ကြပြီး လူသားတို့အကျိုးကို အစဉ်ထာဝရ သယ်ပိုးထမ်းရွက်နေသည့် ဖိုးသက် ရှည်လိပ်များ ဆက်လက်ပြီး ကမ္ဘာတည်သရွေ့ အဒွန့်ရှည်တည်တံ့နိုင်စေရေး ဝိုင်းဝန်း ထိန်းသိမ်း ကြပါရန်နှင့် လှော်ကားဥယျာဉ်(ရန်ကုန်)တွင် မြန်မာနိုင်ငံဒေသရင်း လိပ်မျိုးစိတ်များအပြင် ဒေသတွင်းရှိလိပ်မျိုးစိတ်များအား မွေးမြူထိန်းသိမ်းစောင့်ရှောက် ပြသထားရှိလျှက်ရှိပြီး လာရောက် ကြည့်ရူ့လေ့လာနိုင်ပါကြောင်း ကမ္ဘာလိပ်များနေ့ (World Turtle Day) နေ့တွင် ဖိတ်ခေါ်လိုက်ရပါတယ်ရှင် ။🙆💚🐢
#HlawgaPark
#Worldturtleday
Copyright 2018. All rights reserved.