🦤📷 Exploring the Nature: Bird Watching 📹🦩 – Hlawga National Park

🦤📷 Exploring the Nature: Bird Watching 📹🦩

ဒီတစ်ပတ်ပိတ်ရက်လေးမှာ ရန်ကုန်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ အေးချမ်းပြီး သဘာဝတောအုပ်လေးတွေ ဖုံးလွှမ်းနေတဲ့ လှော်ကားဥယျာဉ်မှာ လူကြိုက်များတဲ့ Bird Watching Tour Program လေးနဲ့ ထိတွေ့ ခံစားကြည့်နိုင်ဖို့ရာ ဖိတ်ခေါ်ပါရစေ 🤗

Bird Watching Tour ဆိုတာ ဘာလဲ?

📹 🦤 🦩တစတစ ဝင်လာတဲ့ ဆောင်းဥတု မနက်ခင်းမှာ သဘာဝတောအုပ်ကလေးဖြစ်တဲ့ လှော်ကားဥယျာဉ်အတွင်းရှိ သဘာဝအတိုင်းပျံသန်း ကျက်စားနေကြတဲ့ ငှက်များ၊ ခေတ္တမျှ လာရောက်ဆောင်းခိုကြတဲ့ ငှက်များ၊ သားပေါက်ရန် ဥယျာဉ်သို့ လာရောက်နားခိုကြတဲ့ ငှက်မျိုးစုံကို Binoculars တွေထဲမှတစ်ဆင့် ငှက်နာမည်၊ မျိုးစိတ်နဲ့ ကွဲပြားခြားနားတဲ့အရောင်အသွေး အသွင်အပြင်တွေကို ဥယျာဉ်မှ Guide မှ တစ်ဆင့် လေ့လာခွဲခြားရှင်းပြပြီး နားထောင်မှတ်သားရင်း စိတ်လှုပ်ရှားစရာ အတွေ့အကြုံအသစ်တွေနဲ့အတူ အပန်းဖြေလေ့လာဖန်တီးနိုင်ကြမယ်။

🏕 ငှက်ကြည့်လေ့လာအပန်းဖြေပြီးတဲ့အခါ ဥယျာဉ်အလှ၊ ရေကန်အလှ၊ သဘာဝအလှတွေကို ခံစားကြည့်ရှုပြီး Camping Ground မှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့အတူ ပျော်ပျော်ပါးပါး နေ့လည်စာ သုံးဆောင်ရင်း ရွေးချယ်စရာများတဲ့ ဂိမ်းလေးတွေ ကစားကြမယ်၊ ဂစ်တာတီးပြီး သီချင်းလေးတွေ ဆိုကြမယ်၊ စက်ဘီးစီးနိုင်ကြမယ်။

⏰ ညနေ (၄) နာရီထိ ဥယျာဉ်အတွင်း လွတ်လွတ်လပ်လပ် စိတ်ကြိုက် အပန်းဖြေလည်ပတ်ခွင့်ရမယ်။

🍱 ပင်တိုင် Food Menu တွေဖြစ်ကြတဲ့ 🔸လှော်ကားဥယျာဉ်ရဲ့ တမူထူးခြားတဲ့ လယ်တော Menu 🔸ဖက်ထမင်း များကို 👨‍👩‍👧‍👦 (၅) ယောက် 👨‍👩‍👧‍👦 (၁၀) ယောက် 👨‍👩‍👧‍👦 (၁၅) ယောက် ဆိုပြီး နှစ်သက်ရာ ရွေးချယ်အပန်းဖြေစားသောက်နိုင်ကြမယ်။

📣 ဒီလို စိတ်လှုပ်ရှားစရာ Activities တွေနဲ့ တစ်နေ့တာ ကုန်ဆုံးရင်း မြို့ပြရဲ့ မွန်းကြပ်မှုတွေကို ခေတ္တဖြေဖျောက်ချင်တယ်ဆိုရင်တော့ အခုပဲ booking တင်လိုက််တော့နော်🤗🤗🤗

For more information and Booking : 📞09 429998624, 09 423104231 📩 Chat Box

Copyright 2018. All rights reserved.