☘️သဘာဝ ဆိုတာ ကိုယ်တိုင် ပါဝင် နစ်မြောလိုက်မှပဲ သူ့ရဲ့ အရသာကို ထိထိမိမိ ခံစားနိုင်မယ်ဆိုတာ ဟုတ်ပါသလား ? 🤷♀️🤷♂️
💁အဖြေကတော့ ဟုတ်ပါတယ် ။ သဘာဝဆိုတာ မြင်တွေ့ရရုံထပ်ပိုပြီး ကိုယ်တိုင် ပါဝင် နစ်မြောလိုက်မှပဲ သူ့ရဲ့ အလှတရားတွေကို နီးစပ်စွာ ခံစားနိုင်မှာ ဖြစ်ပါတယ် ။ ဒီလို သဘာဝရဲ့ အလှတရားတွေကို အေးချမ်းစွာ ခံစားနိုင်ဖို့အတွက်ဆိုရင် ရန်ကုန်မြို့လယ်ခေါင်နှင့် မလှမ်းမကမ်းမှာရှိနေတဲ့ ကျယ်ကျယ် ဝန်းဝန်း စိမ်းစိမ်း စိုစိုဖြင့် အေးချမ်းလှပမှုတွေ ပြည့်နှက်နေတဲ့ လှော်ကားဥယျာဥ်ကြီးရှိနေပါတယ် ။ 🌳🌳
🌳🐒အေးချမ်း လှပပြီး စူးစမ်းလေ့လာစရာတွေဖြင့် ပြည့်နှက်နေသော လှော်ကားဥယျာဥ်ဝန်းကြီးထဲမှာ သဘာဝကို ချစ်မြတ်နိုးသူတိုင်းအတွက် အနည်းဆုံး တကြိမ် တခါလောက်တော့ လုပ်ကို လုပ်ကြည့် သင့် တဲ့ activity လေးတွေလည်း ရှိနေပါသေးတယ် ။ 🙌
👉ဒီ activity လေးတွေကတော့ ဘာလဲဆိုရင်တော့ ..... လှပတဲ့ ရှုခင်းတွေကို အနီးစပ်ဆုံး စူးစမ်းနိုင်မယ့် Trekking Activity ဖြစ်တဲ့ တောင်တတ်ခြင်း အစီအစဉ်ဖြစ်ပြီး ၊ လူငယ်တွေအကြိုက် အုပ်စုဖွဲ့ပြီး ပါဝင်နိုင်မယ့် Biking Activity ဖြစ်တဲ့ စက်ဘီး စီးနင်းခြင်း အစီအစဥ်လည်းရှိနေပါသေးတယ် ။ နောက်ထပ် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အစီအစဥ်တစ်ခုကတော့ ကန်ရေပြင်ကျယ်ပေါ်မှာ Paddle Boat ကို စီးနင်းရင်း ရေပြင်လယ်မှာ လှုပ်ရှားဆော့ကစားရမည့် SUP Activity ပဲဖြစ်ပါတယ်။🌊
✌️ဒီလို အစီအစဥ်ကောင်းတွေဟာ တစ်ဦးတစ်ယောက်ထဲမှ စပြီး မိသားစုလိုက်ပဲ ဖြစ်ဖြစ် ၊ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် ပျော်ပျော်ပါးပါး ပါဝင် ဆော့ကစားနိုင်ပြီး သဘာဝရဲ့ အလှအပ ၊ အေးချမ်းမှု စတဲ့ အရသာတွေကိုလည်း ထိထိ မိမိ ခံစားနိုင်မှာဖြစ်လို့ သဘာဝ နဲ့ ထိတွေ့ နိုင်ဖို့ လှော်ကားဥယျာဥ်ကို လာရောက်လည်ပတ်ကြပါစို့နော် ။☘️✨
#Hlawgapark
#Trekkingactivity
#Bikingactivity
#Supactivity
#Welcometohlawgapark
#Nautrevibe
Copyright 2018. All rights reserved.