SUP စီးနင်းရင်း အားလပ်ရက်မှာ အပေါင်းအသင်း၊ သူငယ်ချင်းများနှင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံများကို ရယူလိုက်ပါ။ 🚣🏻♂️🚣🏻♂️🚣🏻♂️
SUP ဆိုတာ ဘာလဲ? 🤔 Standup Paddleboarding (SUP) သည် ရေလွှာလျှောစီးခြင်း (Surfing) မှ အစပြုလာသော Water Sport တမျိုးဖြစ်ပါတယ်။ SUP စီးနင်းရာတွင် SUP rider များသည် Board ပေါ်တွင် မတ်တတ်ရပ်ပြီး Paddle ကို အသုံးပြုကာ စီးနင်းကြပါသည်။ ဟာဝိုင်ယီကျွန်းစုများမှ စတင်ပေါ်ပေါက်လာသော Water Sport Activity တခုဖြစ်သည့်အပြင် Paddle boarding နဲ့ Yoga practice ပေါင်းစပ်ပြီး SUP Yoga လေ့ကျင့်ကြသူများလဲရှိပါတယ်။ 🚣🏻♂️🚣♂️🚣♂️ ဒီလိုမျိုး စိတ်လှုပ်ရှားစရာကောင်းတဲ့ Water Activity ကို Hlawga Park မှာ အနားယူ အပန်းဖြေရင်း လာရောက်စီးနင်းလို့ရပါတယ်။ ယခုမှစတင်စီးနင်းမည့် သူများအတွက်လည်း လှော်ကားဥယျာဉ်မှ ကျွမ်းကျင်တဲ့ Trainers တွေက အနီးကပ်သင်ပြပေးသွားမှာမို့လို့ အတွေ့အကြုံလုံးဝမရှိတဲ့ Beginners တွေပါ ပျော်ပျော်ရွှင်ရွှင်ပြုလုပ်နိုင်တဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ 🚣♂️🚣♂️🚣♂️SUP Water Activity နှင့်အတူ လှော်ကားဥယျာဉ်ရဲ့ သဘာဝကန်ရေပြင်ကျယ်ကြီးအလယ် သစ်တောသစ်ပင်တွေရဲ့သဘာဝအလှ၊ သဘာဝရဲ့ အေးချမ်းသာယာမှုတွေကို ခံစားနိုင်ဖို့ လှော်ကားဥယျာဉ်သို့ အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🚣🏻♂️🏞️🌍🤗
Copyright 2018. All rights reserved.