World Wildlife Day (ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့) 🐅🦌🦏🦍 – Hlawga National Park
World Wildlife Day (ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့) 🐅🦌🦏🦍   မတ်လ ( ၃ ) ရက်နေ့သည် ကမ္ဘာပေါ်ရှိ ရှင်သန် ကျက်စားနေကြသည့် တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းရန် အသိပညာပေးသည့်အနေဖြင့် World Wildlife Day ကို စတင်ဂုဏ်ပြုခဲ့သည့် နေ့ ဖြစ်ပါတယ်။ 🤗🤗🤗   ၂၀၁၃ ခုနှစ်မှ စတင်၍ United Nation General Assembly မှ World Wildlife Day ကို မတ်လ ( ၃ ) ရက်နေ့တွင် ဂုဏ်ပြုကျင်းပရန် သတ်မှတ်ခဲ့ကြပါတယ်။   ၂၀၂၄ ခုနှစ်၊ World Wildlife Day ဆောင်ပုဒ်မှာ (Connecting People and Planet: Exploring Digital Innovation in Wildlife Conservation) ဟူ၍ ကွန်ပျူတာ ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များဖြင့် ဆန်းသစ်တီထွင်၍ တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းကာကွယ်ခြင်း ဖြစ်ပါတယ်။   တောရိုင်းတိရစ္ဆာန်များသည် ဂေဟစနစ်ကို ဟန်ချက်ညီမျှအောင် ထိန်းသိမ်းဆောင်ရွက်ကြရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက် ရှိကြပါတယ်။ ဝတ်မှုန်ကူးခြင်းမှသည် အစာအာဟာရကွင်းဆက်အထိ မျိုးစိတ်တစ်ခုနှင့် တစ်ခုသည် အချင်းချင်း မှီခိုနေကြရပါတယ်။   ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့၏ အဓိကရည်ရွယ်ချက်မှာ တောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းမှုအန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့နေရသော ခြိမ်းခြောက်မှုများ၊ ယင်းတို့၏ နေရင်းဒေသများ ဆုံးရှုံးလာရခြင်းနှင့် ပက်သက်၍ အသိပညာပေးနိုင်ရန် ဖြစ်ပါတယ်။ နေရင်းဒေသများ ဆုံးရှုံးလာရခြင်း၊ တောရိုင်းတိရစ္ဆာန်များအား တရားမဝင် ကူးသန်းရောင်းဝယ်ဖောက်ကားခြင်း အစရှိသည့် ဖြစ်ရပ်များသည် ကမ္ဘာပေါ်ရှိ တောရိုင်းတိရစ္ဆာန်မျိုးစိတ်များအား မျိုးသုဉ်း ပျောက်ကွယ်သွားစေရန် တွန်းအားပေးလျက်ရှိပြီး မျိုးသုဉ်းရန် အန္တရာယ်ရှိသည်ဟု သတ်မှတ်ခြင်းခံရသော မျိုးစိတ်မှ မျိုးသုဉ်း ပျောက်ကွယ်သွားသော မျိုးစိတ်ဟူ၍ မဖြစ်ရလေအောင် ပိုမိုထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လျက်ရှိပါတယ်။   ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကြီး International Union For Conservation Of Nature မှ ထုတ်ပြန်ချက်အရ IUCN Red List ဟုခေါ်သည့် တိရစ္ဆာန်များအား မျိုးသုဉ်းပျောက်ကွယ်မှု အဆင့်သတ်မှတ်ချက် အနီရောင်မှတ်တမ်းစာအုပ်တွင် မျိုးစိတ်ပေါင်း (၁၅၇,၁၀၀) ကျော်ရှိသည့် အနက် မျိုးစိတ်ပေါင်း (၄၄,၀၀၀) ကျော်သည် မျိုးသုဉ်းရန် အန္တရာယ်နှင့် ခြိမ်းခြောက်ခံနေရပြီး ဖြစ်ပါသည်။  

   ယခုဆိုလျှင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုတို့ကြောင့် တိရစ္ဆာန်များသာမက အပင်များနှင့် သက်ဆိုင်သည့် အထိမ်းအမှတ်နေ့များကို ဂုဏ်ပြုဖော်ပြခြင်းများအပြင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို လှော်ကားဥယျာဥ်မှပါဝင်ဆောင်ရွက်‌ပေးလျက်ရှိပါတယ်။ 🤗🤗🤗

Copyright 2018. All rights reserved.