Map not available
45 minutes
Outdoor
လှော်ကားအမျိုးသားဥယျာဉ်ရှိ အသေးစားတိရစ္ဆာန်ဥယျာဉ် (Mini Zoo) သည် ဆင်စွယ်ပုံမုခ်ဦးကြီး၊ ဒိုင်နိုဆောရုပ်တုကြီး၊ သားကောင်သွင်းပြခန်းနှင့် ရှားပါးတောရိုင်းတိရစ္ဆာန်ပြကွက်များ ပါဝင်သော လမ်းလျှောက်လေ့လာရေးဇုန် ဖြစ်ပါသည်။
လှော်ကားအမျိုးသားဥယျာဉ်ကို ဆာဖာရီတောရိုင်းတိရစ္ဆာန်နယ်မြေနှင့် ဧက ၆၂ ဧကကျယ်ဝန်းသော အသေးစားတိရစ္ဆာန်ဥယျာဉ် (Mini Zoo) ဟူ၍ အပိုင်း (၂) ပိုင်းဖြင့် ဖွဲ့စည်းထားရှိပါသည်။ အသေးစားတိရစ္ဆာန်ဥယျာဉ်သို့ လှပခမ်းနားသည့် ဆင်စွယ်ပုံမုခ်ဦးကြီးမှတစ်ဆင့် စတင်ဝင်ရောက်ပြီး အရိပ်ရလမ်းလျှောက်လမ်းများအတိုင်း အေးချမ်းစွာ လေ့လာနိုင်ပါသည်။
ဥယျာဉ်လမ်းတစ်လျှောက်တွင် အလွန်ကြီးမားသော ဒိုင်နိုဆောရုပ်တုကြီးနှင့်အတူ တိရစ္ဆာန်ခန္ဓာအစိတ်အပိုင်း သားကောင်သွင်းပြတိုက် အဆောက်အအုံကို တွေ့မြင်နိုင်ပါသည်။ ပြခန်းအတွင်း၌ တောရိုင်းတိရစ္ဆာန်မျိုးစုံ၏ သားကောင်သွင်းလက်ရာများကို မှန်ဘောင်များဖြင့် စနစ်တကျ ခင်းကျင်းပြသထားရာ သားငှက်တိရစ္ဆာန်ဆိုင်ရာ ဗဟုသုတများကို အနီးကပ် လေ့လာနိုင်ပါသည်။
ထို့အပြင် လမ်းလျှောက်လမ်းတစ်လျှောက် သဘာဝနှင့် လိုက်လျောညီထွေရှိသော ခြံလှောင်အိမ်များဖြင့် ကျား၊ ဝက်ဝံ၊ မိကျောင်း၊ လိပ်၊ မျောက်၊ သမင်၊ ဒရယ်နှင့် သဘာဝငှက်မျိုးစိတ်စုံလင်စွာကို စနစ်တကျ ထိန်းသိမ်းပြသထားသဖြင့် တောရိုင်းတိရစ္ဆာန်များကို ဘေးကင်းလုံခြုံစွာ အနီးကပ် ကြည့်ရှုလေ့လာနိုင်ပါသည်။
လှော်ကားအမျိုးသားဥယျာဉ်သို့ သွားရောက်လည်ပတ်ရာတွင် ပိုမိုပြည့်စုံပြီး စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းစေရန် ဤနေရာလေးကိုလည်း သင့်ခရီးစဉ်တွင် ထည့်သွင်းလိုက်ပါ။
လည်ပတ်မည်