လှော်ကားအမျိုးသားဥယျာဉ်

လှော်ကားအမျိုးသားဥယျာဉ်

တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် (ရုံးပိတ်ရက်များ အပါအဝင်) • နံနက် ၈:၀၀ မှ ညနေ ၅:၀၀ အထိ

ပွဲတော်လေးများ

ခရစ္စမတ်နှင့် နှစ်သစ်ကူး အထူးပွဲတော်

စတင်သည့်ရက်

23 December 2026

ပြီးဆုံးသည့်ရက်

27 December 2026

တည်နေရာ

လှော်ကားအမျိုးသားဥယျာဉ်

မြေပုံ

Map not available

လှော်ကားအမျိုးသားဥယျာဉ်တွင် ဒီဇင်ဘာလ အထိမ်းအမှတ်အဖြစ် ခရစ္စမတ်နှင့် နှစ်သစ်ကူး အထူးအစီအစဉ်များကို စီစဉ်ထားရှိပါသည်။ ခရစ္စမတ်အလှဆင်မှုများ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် နေရာများနှင့်အတူ မိသားစုနှင့် ကလေးငယ်များအတွက် သဘာဝတောတောင်နှင့် တောရိုင်းတိရစ္ဆာန်များအကြား ပျော်ရွှင်အေးချမ်းစွာ အပန်းဖြေလည်ပတ်နိုင်မည့် အစီအစဉ်များ ပါဝင်ပါသည်။

🎄 ဒီဇင်ဘာလ Christmas & New Year အထူးပွဲတော် 🎆
တစ်နှစ်တာ၏ နောက်ဆုံးအချိန်ကာလကို… ချစ်ခင်ရသူများနှင့်အတူ နွေးထွေးစွာ ပြန်လည်ဆုံစည်းပြီး အမှတ်တရအသစ်များ ဖန်တီးရာ အထူး Holiday Destination တစ်ခုအဖြစ် လှော်ကားအမျိုးသားဥယျာဉ်တွင် ခံစားလိုက်ပါ။
ဒီဇင်ဘာလသည် ပျော်ရွှင်မှုများကို ပြန်လည်မျှဝေခြင်း၊ ချစ်ခင်ရသူများနှင့် အချိန်ကောင်းများ ဖြတ်သန်းခြင်းနှင့် နှစ်သစ်အတွက် မျှော်လင့်ချက်အသစ်များကို ကြိုဆိုခြင်းတို့ဖြင့် ပြည့်နှက်နေသော အထူးအချိန်ကာလတစ်ခု ဖြစ်ပါသည်။
ဤသို့ ထူးခြားသောကာလကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် လှော်ကားအမျိုးသားဥယျာဉ်တွင် Christmas နှင့် New Year အငွေ့အသက်များ ပေါင်းစပ်ထားသော Year-End Family Nature Celebration အထူးအစီအစဉ်ကို စီစဉ်ထားရှိပါသည်။
ခရစ္စမတ်၏ နွေးထွေးသော အလှဆင်မှုများ၊ ဒီဇင်ဘာလ၏ အေးမြသောလေပြည်နှင့် စိမ်းလန်းစိုပြည်သော သဘာဝသစ်တောပတ်ဝန်းကျင်ကြားတွင် မိသားစုများအနေဖြင့် မြို့ပြဘဝ၏ ပင်ပန်းမွန်းကြပ်မှုများမှ ခဏတာလွတ်မြောက်ကာ ချစ်ခင်ရသူများနှင့်အတူ အေးချမ်းပျော်ရွှင်သော အချိန်များကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။
ကလေးငယ်များနှင့် သဘာဝချစ်မြတ်နိုးသူများအတွက်လည်း ဆာဖာရီဇုန်နှင့် တိရစ္ဆာန်ဥယျာဉ်ငယ် (Mini Zoo) အတွင်းရှိ တောရိုင်းတိရစ္ဆာန်လေးများကို လေ့လာရင်း Christmas ပွဲတော်၏ ပျော်ရွှင်ဖွယ် အငွေ့အသက်များနှင့် အမှတ်တရအခိုက်အတန့်များကို ခံစားရရှိနိုင်မည်ဖြစ်ပါသည်။
တစ်နှစ်တာကုန်ဆုံးချိန်တွင် မိသားစု၊ ချစ်ခင်ရသူများ၊ သူငယ်ချင်းများနှင့်အတူ စုဝေးကာ အတိတ်ကာလ၏ အမှတ်တရများကို ပြန်လည်မျှဝေပြီး နှစ်သစ်အတွက် အိပ်မက်အသစ်များ၊ မျှော်လင့်ချက်အသစ်များနှင့်အတူ ပျော်ရွှင်စွာ ကြိုဆိုနိုင်မည့် အထူးနေရာတစ်ခု ဖြစ်ပါသည်။
ဒီ ဒီဇင်ဘာလမှာ…
🎄 သဘာဝဥယျာဉ်ကြီးအတွင်း Christmas ၏ နွေးထွေးမှုနှင့် ပျော်ရွှင်ဖွယ်အငွေ့အသက်များကို ခံစားပါ။
✨ စိမ်းလန်းသော သဘာဝအလှနှင့် အလှဆင်မှုများကြားတွင် မိသားစုအမှတ်တရများကို ဖန်တီးပါ။
🦌 ဒေသမျိုးရင်း တောရိုင်းတိရစ္ဆာန်များ၊ သစ်တောလမ်းကြောင်းများနှင့် လှော်ကားကန်၏ အလှတရားများကြားတွင် အေးချမ်းစွာ အပန်းဖြေပါ။
🎆 New Year ၏ မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုများကို အတူကြိုဆိုပါ။
Christmas ၏ ချစ်ခြင်းမေတ္တာ၊ New Year ၏ မျှော်လင့်ချက်နှင့် လှော်ကားအမျိုးသားဥယျာဉ်၏ သဘာဝအတွေ့အကြုံတို့ ပေါင်းစည်းရာ…
တစ်နှစ်တာ၏ နောက်ဆုံးအချိန်များကို တန်ဖိုးရှိသော အမှတ်တရများဖြင့် ဖြတ်သန်းရန် လှော်ကားအမျိုးသားဥယျာဉ်မှ လူကြီးမင်းတို့အား နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

ဤပွဲတော်တွင် ပါဝင်ရန် စိတ်ဝင်စားပါသလား။

ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ယခုပဲ ကြိုတင်စာရင်းသွင်းထားနိုင်ပါသည်။

လည်ပတ်မည်
ပွဲလမ်းသဘင်များ ထပ်မံကြည့်ရှုရန်