လှော်ကားအမျိုးသားဥယျာဉ်

လှော်ကားအမျိုးသားဥယျာဉ်

တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် (ရုံးပိတ်ရက်များ အပါအဝင်) • နံနက် ၈:၀၀ မှ ညနေ ၅:၀၀ အထိ

ပွဲတော်လေးများ

လှော်ကားအမျိုးသားဥယျာဉ်မှ ပွဲတော်လေးများ

လှော်ကားအမျိုးသားဥယျာဉ်တွင် ကျင်းပပြုလုပ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပွဲတော်များနှင့် ရာသီအလိုက် အခမ်းအနားများတွင် ပါဝင်လိုက်ပါ။

ခရစ္စမတ်နှင့် နှစ်သစ်ကူး အထူးပွဲတော်
Next Event

ခရစ္စမတ်နှင့် နှစ်သစ်ကူး အထူးပွဲတော်

လှော်ကားအမျိုးသားဥယျာဉ်တွင် ဒီဇင်ဘာလ အထိမ်းအမှတ်အဖြစ် ခရစ္စမတ်နှင့် နှစ်သစ်ကူး အထူးအစီအစဉ်များကို စီစဉ်ထားရှိပါသည်။ ခရစ္စမတ်အလှဆင်မှုများ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် နေရာများနှင့်အတူ မိသားစုနှင့် ကလေးငယ်များအတွက် သဘာဝတောတောင်နှင့် တောရိုင်းတိရစ္ဆာန်များအကြား ပျော်ရွှင်အေးချမ်းစွာ အပန်းဖြေလည်ပတ်နိုင်မည့် အစီအစဉ်များ ပါဝင်ပါသည်။

  • နေ့ရက်: 23 Dec 2026 – 27 Dec 2026
  • အချိန်: 8 am - 5 pm
  • နေရာ: လှော်ကားအမျိုးသားဥယျာဉ်
အသေးစိတ်ကြည့်ရန်

နီးကပ်လာသော ပွဲလမ်းသဘင်များ

ကျရောက်လာမည့် ပွဲတော်များ မရှိသေးပါသဖြင့် နောက်တစ်ကြိမ် ပြန်လည်ကြည့်ရှုပေးပါရန်။

ကျင်းပပြီးစီးခဲ့သော ပွဲတော်များ

(သီတင်းကျွတ်၊ တန်ဆောင်တိုင်) ရာသီပွဲတော်များ
Event Ended
(သီတင်းကျွတ်၊ တန်ဆောင်တိုင်) ရာသီပွဲတော်များ

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် October လအထိမ်းအမှတ်အဖြစ် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ယဉ်ကျေးမှုပွဲတော်ကို စီစဉ်ထားရှိပါသည်။ မြန်မာ့ရိုးရာအလှဆင်မှုများနှင့် ယဉ်ကျေးမှုတင်ဆက်မှုများ၊ မိသားစုနှင့်ကလေးများအတွက် လှုပ်ရှားပျော်ရွှင်ဖွယ်အစီအစဉ်များနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်မည့်နေရာများပါဝင်ကာ ရိုးရာအငွေ့အသက်ပြည့်စုံသော အတွေ့အကြုံတစ်ခု ဖြစ်ပါသည်။

Ended:
27 Oct 2026

ဝါဆိုလပြည့်နေ့
Event Ended
ဝါဆိုလပြည့်နေ့

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် ဝါဆိုလပြည့်နေ့အထိမ်းအမှတ်အဖြစ် မိသားစုနှင့်ကလေးများအတွက် ပျော်ရွှင်ဖွယ် အထူးအစီအစဉ်များကို စီစဉ်ထားရှိပါသည်။ ဥယျာဉ်အတွင်း လမ်းလျှောက်အပန်းဖြေခြင်း၊ ဖျော်ရည်နှင့် အပန်းဖြေစားသောက်မှုများ၊ ကလေးများအတွက် လှုပ်ရှားဂိမ်းများနှင့် တိရစ္ဆာန်များအား အစာကျွေးခြင်းအစီအစဉ်များကို ပါဝင်ခံစားနိုင်မည်ဖြစ်ပါသည်။ မိသားစုတစ်စုလုံးအတူတကွ သဘာဝအလှတရားနှင့် တိရစ္ဆာန်ကမ္ဘာကို အနီးကပ်ခံစားနိုင်မည့် အထူးအတွေ့အကြုံတစ်ခု ဖြစ်ပါသည်။

Ended:
29 Jul 2026

ကျောင်းဖွင့်ရာသီ
Event Ended
ကျောင်းဖွင့်ရာသီ

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် May လအတွင်း ကျောင်းပြန်လည်ဖွင့်ရာသီအထိမ်းအမှတ်အဖြစ် မိသားစုနှင့်ကလေးများအတွက် ပျော်ရွှင်ဖွယ်ပွဲတော်ကို စီစဉ်ထားရှိပါသည်။ ပွဲတော်အတွင်း စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းဆိုင်ခန်းများအပြင် ကလေးများအတွက် ပန်းချီဆွဲခြင်းနှင့် လက်မှုပညာလှုပ်ရှားမှုများကို ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် မိသားစုတစ်စုလုံး အတူတကွ ပျော်ရွှင်စွာ အပန်းဖြေနိုင်မည့် ဖျော်ဖြေရေးနှင့် လှုပ်ရှားမှုအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပါသည်။

Ended:
12 Jul 2026

သဘာဝနှင့် ပညာရေး
Event Ended
သဘာဝနှင့် ပညာရေး

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် June လ မိုးရာသီအထိမ်းအမှတ်အဖြစ် သဘာဝနှင့် ပညာရေးပေါင်းစပ်ထားသော အထူးအစီအစဉ်များကို စီစဉ်ထားရှိပါသည်။ သစ်ပင်စိုက်ပွဲများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပညာပေးအစီအစဉ်များအပြင် မိုးရာသီနှင့်လိုက်ဖက်သော သဘာဝလေ့လာရေးနှင့် လှုပ်ရှားပျော်ရွှင်ဖွယ်အစီအစဉ်များကို ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ပါသည်။

Ended:
21 Jun 2026

လမ်းလျှောက်သင်္ကြန်
Event Ended
လမ်းလျှောက်သင်္ကြန်

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် “လမ်းလျှောက်သင်္ကြန်” အထူးအစီအစဉ်ကို စီစဉ်ထားရှိပါသည်။ ပွဲတော်အတွင်း ရေကစားပျော်ပွဲများ၊ ရိုးရာနှင့်ခေတ်မီအကဖျော်ဖြေတင်ဆက်မှုများ၊ သင်္ကြန်သီချင်းများနှင့် လှုပ်ရှားပျော်ရွှင်ဖွယ်အစီအစဉ်များကို လမ်းလျှောက်ရင်း ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်မည့်နေရာများနှင့် သဘာဝအလှတရားများပြည့်နှက်သော ဥယျာဉ်ပတ်ဝန်းကျင်တွင် မိသားစုနှင့်အတူ ပျော်ရွှင်စွာ အပန်းဖြေနိုင်မည်ဖြစ်ပါသည်။

Ended:
20 Apr 2026

ကလေးပျော်ပွဲ
Event Ended
ကလေးပျော်ပွဲ

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် March လအထိမ်းအမှတ်အဖြစ် ကလေးများအတွက် ပျော်ရွှင်ဖွယ် အထူးပွဲတော်ကို စီစဉ်ထားရှိပါသည်။ ပွဲတော်အတွင်း ကာတွန်းဇာတ်ကောင်များနှင့် Mascot များဖြင့် အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်မည့် Photo Zone များ၊ ကလေးများအတွက် ပျော်ရွှင်ဖွယ်ဂိမ်းများနှင့် လှုပ်ရှားမှုအစီအစဉ်များကို ပါဝင်စီစဉ်ထားပြီး မိသားစုတစ်စုလုံး အတူတကွ အပန်းဖြေ၍ ပျော်ရွှင်နိုင်မည်ဖြစ်ပါသည်။

Ended:
29 Mar 2026

ချစ်သူများနေ့
Event Ended
ချစ်သူများနေ့

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် ချစ်သူစုံတွဲများ၊ မိသားစုများနှင့် မိတ်ဆွေများအတွက် ပျော်ရွှင်နွေးထွေးဖွယ် အထူးအစီအစဉ်များကို စီစဉ်ထားရှိပါသည်။ စိမ်းလန်းလှပသော ဥယျာဉ်ပတ်ဝန်းကျင်အတွင်း တိရစ္ဆာန်များကို အနီးကပ်လေ့လာခြင်း၊ အေးချမ်းစွာ အပန်းဖြေခြင်းနှင့် romantic ဓာတ်ပုံရိုက်ကူးနိုင်မည့် နေရာများကို ခံစားနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ဖျော်ဖြေရေးနှင့် ပျော်ရွှင်ဖွယ် လှုပ်ရှားမှုအစီအစဉ်များဖြင့် မမေ့နိုင်သော အချစ်ရေးအမှတ်တရများကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။

Ended:
15 Feb 2026

လွတ်လပ်ရေးနေ့
Event Ended
လွတ်လပ်ရေးနေ့

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် မိသားစုနှင့်အတူ ပျော်ရွှင်ဖွယ် အထူးအစီအစဉ်များကို စီစဉ်ထားပါသည်။ မိသားစုဖျော်ဖြေရေးအစီအစဉ်များ၊ ဖျော်ဖြေတင်ဆက်မှုများနှင့် လှုပ်ရှားပျော်ရွှင်စရာ အစီအစဉ်များအပြင် တိရစ္ဆာန်များကို အနီးကပ်လေ့လာနိုင်ခြင်းနှင့် စိမ်းလန်းသော ဥယျာဉ်အတွင်း အပန်းဖြေနိုင်ခြင်းတို့ဖြင့် မမေ့နိုင်သော အတွေ့အကြုံများကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

Ended:
4 Jan 2026