အပန်းဖြေစခန်းအမှတ် (၄) သည် နောက်ဆုံး အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး ကန်စပ်တွင် အပန်းဖြေ အနား ယူနိုင်စေရန် ရေပေါ်စင်တစ်ခုတည်ဆောက်ထားပြီး လူအများ စုဝေးနေထိုင်နိုင်သည့် နေရာတစ်ခုဖြစ်ပါ သည်။ အပန်းဖြေစခန်းအနီးအနားတွင် အပန်းဖြေအနားယူနိုင်သည့် ရိုးရာ အဆင့်မြင့် နားနေဆောင်(၃) လုံးတည်ရှိပါသည်။ လွတ်လပ်စွာအနားယူလိုသည့် မီသားစုများအနေဖြင့် ငှားရမ်းတည်ခိုနားနေနိုင်သည့် အပြင် ရေစပ်မျက်ခင်းဧရိယာမှာလည်း ကျယ်ပြန့်သည့်အတွက် လူအများပျော်ပွဲစားခြင်း၊ အပျော် ကစားနည်းများကိုလည်း လွတ်လပ်ပျော်ရွှင်စွာ ကစားနိုင်ပါသည်။