တည်နေရာ
လှော်ကားဥယျာဥ်သည် ရန်ကုန်မြို့မြောက်ဘက် (၂၂) မိုင်အကွာ ရန်ကုန်-ပြည် ကားလမ်းမကြီးဘေး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်-လှော်ကား ရွာသွား ကားလမ်းဘေးတွင် တည်ရှိပြီး၊ မြေက်လတ္တီတွဒ် ၁၇ံ ၀၁' နှင့် ၁၇ံ အကြား၊ အရှေ့လောင်ဂျီကျု ၉၈ံ ၀၅' နှင့် ၉၈ံ အကြား တည်ရှိပါသည်။
နောက်ခံသမိုင်း
၁၉၅၅ ခုနှစ်တွင် သစ်တောဦးစီးဌာနမှ ဆဌမသံဃယန အထိမ်းအမှတ်အဖြစ် လှော်ကားကန်ပတ်လည်အား ဘေးမဲ့တောအဖြစ် တည်ထောင်ရန် နိုင်ငံတော်အစိုးရသို့ အဆိုပြုခဲ့ပါသည်။ ၁၉၈၁-၈၂ မှ စ၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဥ် တို့ပူးပေါင်းပြီး သဘာဝ ထိန်းသိမ်းရေးနှင့် အမျိုးသားဥယျာဥ်များတည်ထောင်ရေးစီမံကိန်းအရ လှော်ကားဥယျာဥ် တည်ထောင်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ဖွင့်လှစ်ခဲ့ ပါသည်။ ယခုလက်ရှိ လှော်ကားဥယျာဥ် တည်ထောင်ထားသော နယ်မြေသည် ဥယျာဥ်အဖြစ် မတည်ထောင်မီက လှော်ကားကန်၏ ရေဝေဒေသ ဖြစ်ပါသည်။ မိုးရာသီတွင် ဥယျာဥ်အတွင်းရှိ ကန်သာယာမှ ရေတို့သည် ရေလွှဲမြောင်းအတိုင်း လှော်ကားကန်အတွင်းသို့ စီးဝင်းပါသည်။ မိုးရာသီကုန်ဆုံးသောအခါ ကန်သာယာမှ ရေစီးဆင်းမှု ရပ်ဆိုင်းသွားပါသည်။ ထို့ကြောင့် ကန်သာယာသည် လှော်ကားကန်ကြီးအား ရေဖြည့်ဆည်းပေးသော ကန်ဖြစ်ပါသည်။
ဧရိယာအကျယ်အဝန်း
လှော်ကားဥယျာဉ်၏ ဆာဖာရီအကျယ်အဝန်းမှာ (၈၁၈) ဧက၊ တိရစ္ဆာန်ဥယျာဉ်ငယ်မှာ (၆၂) ဧက၊ ဥယျာဉ်ကြားခံနယ်မြေမှာ (၆၆၀) ဧကကျယ်ဝန်းပါသည်။
မြေမျက်နှာသွင်ပြင်နှင့် မြေအမျိုးအစား
တောင်ကုန်းများ၊ လျှိုမြောင်များရှိပြီး အနောက်တောင်နှင့် အနောက်မြောက်အရပ်တွင် တောင်ကုန်းများ၊ လျှိုမြောင်များ ပိုမိုထူထပ် ပါသည်။ ဥယျာဥ်၏ အနောက်တောင်ဘက်ပိုင်းတွင် မိုးရာသီ၌သာ စီးဆင်းသော သူရဲချောင်းသည် အရှေ့တောင်အရပ်မှ အစပြု၍ အနောက်မြောက်အရပ်ရှိ ကန်သာယာအတွင်းသို့ စီးဝင်ပါသည်။ ကုန်းကျောများပေါ်တွင် များသောအား ဖြင့် ကျောက်စရစ်နှင့် ဂဝံကျောက် ရောနှောနေသော သဲဆန်သည့် မြေဆီလွှာ များ တွေ့ရပါသည်။ လျှိုမြောင်များအတွင်း၌ အဝါရောင်ရွှံ့စေးများ တွေ့ရှိရ ပါသည်။ မြေဆီလွှာများသည် မြေဆွေးပါဝင်မှု နည်းပါသည်။ ကျောက်စရစ် ရောနှောပြီး သဲဆန်သည့် ရွှံ့စေးမြေဖြစ်ပါ သည်။
ရည်ရွယ်ချက်
တောရိုင်းတိရစ္ဆာန်များ
(က) နို့တိုက်သတ္တဝါမျိုးစိတ် (Mammals) - ၂၅မျိုး
(ခ) တွားသွားသတ္တဝါမျိုးစိတ် (Reptiles) - ၉မျိုး
(ဂ) ကျေးငှက်သတ္တဝါမျိုးစိတ် (Birds) - ၁၉၂ မျိုး
(ဃ) ကုန်းနေရေနေ သတ္တဝါမျိုးစိတ် (Amphibian) - ၅၄ မျိုး
(င) လိပ်ပြာမျိုးစိတ် (Butterfly) - ၁၀၃ မျိုး
(စ) ငါးမျိုးစိတ် (Fish) - ၂၃ မျိုး
ဘယဆေးပင်များ
ဘုမ္မရာဇာ၊ ဆင်တုံးမနွယ်၊ ဂုံခါး၊ ဝံအူနီ၊ ဝံအူဖြူ၊ ပေါက်နီ၊ ပေါက်နက်၊ သက်ရင်းကြီး၊ သွေးမင်း၊ လေမင်း၊ နွယ်နီ၊ ခေါင်နွယ်၊ နဘူးနွယ်၊ အုန်းနွယ်၊ ကတက်၊ ခတ်ချို၊ တောင်ကြာဥ၊ ဆီမီးတောက်၊ ကင်ပွန်းချဥ်၊ ကလိန်၊ ရင်ခတ်၊ ပဒဲကော၊ တောက်တာ၊ ဂန့်အိတ်၊ ပိတ်ချင်း၊ ကြက်သဟင်း၊ ကြောင်မြီးတူ၊ ဖလံတောင်ဝှေး၊ ဝက်ကဘိုင်၊ တောင်ဇီးဖြူ၊ သံမနိုင်ကျောက်မနိုင်၊ ရွှေကူသံလျက်၊ ငဖုန်းဆေး၊ ဘုမ္မသိမ်၊ ယင်းပြား၊ ငရံ့ပလူ၊ ပျဥ်းတော်သိမ်၊ ဝက်ချီးနဲ၊ ဆိတ်နို့၊ ကျားမုတ်ဆိတ်၊ မြင်းခွါရိုင်း၊ ကျားမနိုင်၊ ဒန့်ဒလောင်၊ ကျီးအာ၊ နဂါးမောက်၊ တပင်ရွှေထီး၊ နလင်ကျော်၊ သိကြားမကိုဋ်၊ နဂါးစက်၊ တောရှောက် စသည်တို့ပေါက်ရောက်ပါသည်။
Copyright 2018. All rights reserved.