မိကျောင်း – Hlawga National Park

မိကျောင်း

 ဦးခေါင်းမှ ခန္ဓာကိုယ်အရှည် အထီး - ၁၄ မှ ၁၇ ပေ၊
အမ - ၇.၅ မှ ၁၁ ပေ။
ခန္ဓာကိုယ်အလေးချိန် အထီး - ၈၀၀ မှ ၂၂၀၀ ပေါင်၊
အမ - ၁၈၀ မှ ၂၂၀ ပေါင်။
အရွယ်ရောက်ချိန် ၁၂ နှစ် မှ ၁၆ နှစ် အထိ။
ကိုယ်ဝန်ဆောင်ကာလ ၁ လ မှ ၂ လ အတွင်း (၄ ပတ် မှ ၆ ပတ်)။
ဥဝပ်ချိန်ကာလ ရက် ၉၀ ခန့် ( ၁၂) ပတ်။
သက်တမ်း ၇၀ နှစ်။
မိကျောင်း (Crocodylus porosus)

တွေ့ရှိရာဒေသ -  အိန္ဒိယအရှေ့ပိုင်း၊ အရှေ့တောင်အာရှနှင့် သြစတေးလျ မြောက်ပိုင်းဒေသတို့ ၏ ရေချိုရေငံနေရာများတွင် တွေ့ရသည်။

သွင်ပြင်လက္ခဏာ - ကမ္ဘာ့အကြီးဆုံးတွားသွားသတ္တဝါဖြစ်ပါသည်။ သူတို့၏ အရောင်မှာမွဲပြာ ရောင်သို့မဟုတ် အညိုရောင်ရှိပါသည်။ ဦးခေါင်းကြီးပြီး နှာရောင်ကျယ်သည်။ မျက်လုံးမှ နှာခေါင်းအထိ ကုန်းတန်းတစ်စုံပါရှိပါသည်။ သွားမှာ ရှည်လျားပြီး အကြီးဆုံးသွားများမှာ ၉ စင်တီမီတာ(၃.၅လက်မ) အထိရှိပါသည်။ မေးရိုးမှာသန်မာသည်။ သန်မာပြီးတိုသော ခြေလက်ရှိသည်။သူတို့၏ ဦးနှောက်မှာ တခြားသော နို့တိုက်သတ္တဝါများ၏ ဦးနှောက်ထက် အများကြီး သေးငယ်ပါသည်။

နေထိုင်မှုသဘာဝ - စိုစွက်သော ရာသီတွင် ရွှံ့စေးမြေနှင့် မြစ်များတွင် အချိန်ကုန်တတ်ကြသည်။ ခြောက်သွေ့သောရာသီတွင် စမ်းချောင်းများမှမြစ်ဝများသို့ဆင်းကြပြီး တစ်ခါ တစ်ရံ ၄င်းတို့ကို ပင်လယ်ဝတွင် တွေ့ရတတ်သည်။ သူတို့သည်နယ်ချဲ့ တတ်ပြီး အထီးများက မြစ်များနှင့် စမ်းချောင်းများ၏ အစာရရှိနိုင်သော နေရာ များကို သိမ်းယူတတ်ကြသည်။

အစားအစာ - အဓိကအစားအစာများမှာ နို့တိုက်သတ္တဝါများ၊ ငှက်များနှင့် ငါးတို့ဖြစ်သည်။

ထိန်းသိမ်းမှုအဆင့်သတ်မှတ်ချက် - ၄င်း၏ထိန်းသိမ်းမှုအဆင့်မှာ ပြုန်းတီးမှု အန္တရာယ်နည်းသေးသည့် သတ္တဝါဖြစ်သည်။

RELATED ANIMALS

Copyright 2018. All rights reserved.