မျောက်စပ် – Hlawga National Park

မျောက်စပ်

မျောက်စပ် (Macacamulatta)

အာရှတိုက်တောင်ပိုင်း၊အလယ်ပိုင်းနှင့် အရှေ့တောင်အာရှတွင် တွေ့ရသည်။ခန္ဓာကိုယ်အညိုရောင်ရှိပြီး မျက်နှာပန်းရောင်သန်းသည်။ အမြီးမှာ ခန္ဓာကိုယ်မှာဦးခေါင်းအလျား၏တစ်ဝက်ခန့်ရှိရာ တွဲလောင်းကျနေ တတ်သည်။ မြေကြီးပေါ်တွင် အနေများကာ သစ်ပင်၊ သစ်ကိုင်းများပေါ်တွင် အနေနည်းသည်။ ရေကူး ကျွမ်းကျင်၍ အရွယ်ရောက်သောမျောက်စပ်သည် မိုင်ဝက်ခန့်ရေကူးနိုင်သည်။ အကောင်ရေ(၄၀)အထိ အုပ်စုဖွဲ့ နေတတ်ပြီး အမကောင်ရေသည် အထီးများထက် ၄ဆခန့်ပိုများသည်။ သက်တမ်း ၂၀ မှ ၂၅ နှစ်ထိ နေနိုင်ပြီး မျိုးသုန်းမှုအန္တရာယ် နည်းပါးသော သတ္တဝါဖြစ်သည်။

RELATED ANIMALS

Copyright 2018. All rights reserved.