မန်ဒရင်းဘဲငှက် (Mandarin Duck) သည် ရေဘဲအမျိုးအစား ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တွေ့ရခက်ခဲသော ဆောင်းခိုငှက်တစ်မျိုး လည်းဖြစ်ပါတယ်။ ရေဘဲအမျိုးအစားများထဲတွင် အမွေးအတောင် အရောင်စုံလင်လှပြီး ကျောကုန်းအပေါ်တွင် ကွေးတက်သွားတဲ့ ရွက်အတောင် (Sail Fins) ပါသဖြင့် တခြား‌သော ငှက်အမျိုးအစားများထက် သာလွန်ထူးခြား လှပပါတယ်။

လှော်ကားဥယျာဉ်ရှိ ရေကန်တွင် မနှစ်က လာရောက်ဆောင်းခိုခဲ့သော မန်ဒရင်းဘဲငှက်တစ်ကောင်သည် ယခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ရောက်ရှိဆောင်းခိုနေပြီဖြစ်သဖြင့် ငှက်ချစ်သူများနှင့် ငှက်ကြည့်ဝါသနာရှင်အပေါင်းတို့ လာရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ဒီလိုရှားပါးလှပသော ဆောင်းခိုငှက်မျိုးစိတ်ဖြစ်တဲ့ မန်ဒရင်းဘဲငှက်များအပြင် တခြားထူးခြားရှားပါးလှပသော ဆောင်းခိုငှက်များကို လှော်ကားဥယျာဉ်ကြီးမှာ လာရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်နော်။

ငှက်ကြည့်ဝါသနာရှင်များ သက်တောင့်သက်သာနဲ့ လေ့လာနိုင်ပြီး Guide နှင့် နေ့လည်စာပါဝင်သော Birdwatching Package လည်းရှိတာမို့ လှော်ကားဥယျာဉ်ကိုသာ လှမ်းလာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါရစေ။

Booking နှင့် အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက Hlawga Park Page Messenger (သို့) ဖုန်း- 09429998624, 09423104231