အပန်းဖြေစခန်း(၂)ကတော ့ဧရိယာအကျယ်ဆုံးနဲ့ အလှပဆုံးသော တောအုပ်ထဲက အပန်းဖြေစခန်း တခုဖြစ်ပါတယ်။ စခန်း(၂)မှာတော့ ကန်သာယာအတွင်း ကြာပင်တွေပေါက်ရောက်နေတဲ့ ကြာကန် ကြီးတည်ရှိပြီး ကန်ပတ်လမ်းလေးတလျှောက် လမ်းလျောက်ရင်း လှပတဲ့ရှုခင်းတွေကိုလည်း မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် အစားသောက်များရရှိနိုင်တဲ့ စားသောက် ဆိုင်လေးများကို ဖွင့်လှစ်ထားပြီး အေးချမ်းစွာအနားယူနိုင်တဲ့ နားနေဆောင်တွေကိုလည်း ငှားရမ်းပြီး မိသားစုအလိုက် အပန်းဖြေနိုင်ပါ တယ်။