Mini Zoo

Hlawga National Park ဆိုတာနဲ့ဥယျာဉ်တွင် Mini Zoo (တိရစ္ဆာန်ဥယျာဉ်ငယ်အပိုင်း)နဲ့ SafariPark အပိုင်းဆိုပြီး အပိုင်း(၂)ပိုင်းရှိပါတယ်။ လှပတဲ့ဆင်စွယ်ကြီးမုခ်ဦးတည်ရှိရာ Mini Zoo အပိုင်းကို လမ်းလျှောက်ဝင်ရောက်နိုင်ပြီး Mini Zooအတွင်းမှာတော့ ဒိုင်နိုဆောရုပ်အကြီးကြီးကို ပြတိုက်အနီးမှာ တွေ့ရမှာဖြစ်ပါတယ်။ ထို့အပြင် ကျား၊ ဝက်ဝံ၊ မိကျောင်း၊ လိပ်၊ ငှက်အမျိုးမျိုး၊ မျောက်၊ ရွှေသမင်များနှင့် အခြားသော တိရစ္ဆာန်လေးများကို စုစည်းပြသထားပါတယ်။ ရုပ်လုံးသွင်းထားသည့် တိရစ္ဆာန်မျိုးစုံကို Mini Zoo အတွင်းရှိ သဘာဝထိန်းသိမ်းရေးပြတိုက်တွင် လေ့လာနိုင်ဦးမှာ ဖြစ်ပါတယ်။