Stand-up paddle board စီးခြင်း

SUP : Another Water Adventure Activity @ Hlawga Park
လှော်ကားချစ်သူတို့အတွက် သဘာဝတောအုပ်လေးတွေ အုပ်မိုးဝန်းရံထားတဲ့ လှော်ကားဥယျာဉ်ရဲ့ ကန်ရေပြင်အလယ်မှာ တစ်နေ့တာ နေ့စဉ်လှုပ်ရှားရုန်းကန်မှုတွေကြားထဲက ခဏတာ ရုန်းထွက်ပြီး စိတ်ဖိစီးမှုတွေ ပြေလျော့စေဖို့ရာ SUP Activity ပြုလုပ်ရင်း အပန်းဖြေနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးပါရစေ. ☺️👏
SUP ဆိုတာ ဘာလဲ? 🤔
ယနေ့ခေတ်လူငယ်များအကြား ရေပန်းစားနေတဲ့ အပန်းဖြေအားကစားအစီအစဉ်တစ်ခုဖြစ်တဲ့ Stand Up Paddling (မတ်တပ်ရပ်လှေလှော်ကစား) နည်းပဲ ဖြစ်ပါတယ်။
Stand Up Paddling အတွက် လိုအပ်တဲ့ Board ပေါ် သို့ တက်ရောက်တဲ့ လှုပ်ရှားပုံ၊ လှော်ခတ်နည်း အဆင့်ဆင့်တွေကိုလည်း ဥယျာဉ်မှ ကျွမ်းကျင်တဲ့ Trainers တွေက အနီးကပ်သင်ပြပေးသွားမှာမို့ အတွေ့အကြုံလုံးဝမရှိတဲ့ Beginner တွေပါ ပျော်ပျော်ရွှင်ရွှင်ပြုလုပ်နိုင်တဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။
SUP Activity လေးကို မတ်လ (၅) ရက်နေ့မှာ စတင်ပြုလုပ်နိုင်မှာဖြစ်ပြီး မတ်လအတွင်း Promotion Price (15,000) ကျပ်ကိုလည်း ခံစားခွင့် ရရှိဦးမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့ သူငယ်ချင်းအုပ်စု ဘော်ဒါအပေါင်းအဖွဲ့နဲ့ဖြစ်စေ၊ ချစ်သူစုံတွဲတွေပဲဖြစ်စေ လှော်ကားဥယျာဉ်ရဲ့ ကျယ်ပြန့်လွန်းတဲ့ ကန်ရေပြင်အလယ်မှာ အမှတ်တရ ဓါတ်ပုံလှလှလေးတွေ ဖန်တီးရင်း SUP အစီအစဉ်ကို လာရောက် ခံစားအပန်းဖြေကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်! 🤗
For more information and Booking :
📞09 429998624, 09 423104231