မေတ္တာရပ်ခံချက် – Hlawga National Park

လှော်ကားဥယျာဉ်သို့အစာလာရောက်လှူဒါန်းကြသောတိချစ်သူများကို ကျေးဇူးအထူးတင်ရှိပါသည်။ ယခုအချိန်သည် အသက်ရှူလမ်းကြောင်ဆိုင်ရာ ရောဂါပိုး COVID-19 ကူးစက်ပျံ့နှံ့နေပါသောကြောင့် နိုင်ငံတော်မှလည်း လူစုလူဝေးမဖြစ်ပွားရန်တားမြစ်ခြင်းများ ရှိနေပါသည်။ ဥယျာဉ်မှလည်း အစာလာရောက်လှူဒါန်းသူများကို လူအရေအတွက်ကန့်သတ်ချက်ဖြင့် လက်ခံနေပါသည်။ အလှူရှင်များအနေဖြင့် အစားလာရောက်လှူဒါန်းပါက ကြိုတင် Booking တင်ကြစေလိုပါသည်။ ဥယျာဉ်အနေဖြင့်လည်း ကြိုတင် Booking တင်ထားသော အဖွဲ့ကိုသာဥယျာဉ်အတွင်းသို့ ပေးဝင်မည်ဖြစ်ပါသည်။ ကြိုတင် Booking မတင်ထားပဲရောက်ရှိလာသူများအတွက် ဥယျာဉ်သို့ဝင်ခွင့်ပြုမည်မဟုတ်ပဲ ဝယ်ယူလာသောတိရစ္ဆာန်အစားများအား ဥယျာဉ်၏ ရုံးခန်းတွင် လှူဒါန်းနိုင်အောင်စီစဉ်ပေးမည်ဖြစ်ပြီး ထိုအစာများအား နောက်ရက်များတွင်ဥယျာဉ်ရှိတာဝန်ရှိသူများမှ လိုက်လံကျွေး ပေးမည်ဖြစ်ပါသည်။ လာရောက်လှူဒါန်းသူများ များပြားနေသည့်အတွက် ဥယျာဉ်အတွင်းရှိ တိရစ္ဆာန်များမှာ ၎င်းတို့စားသောက်နိုင်သောပမာဏထက်လွန်ကဲနေသောကြောင့် အစားအသောက်များ အလေအလွင့်ဖြစ်နေပါသည်။

ဥယျာဉ်ပြင်ပ မှနေ၍ အစားအသောက်များ ကျွေးမွေးခြင်းကိုမလုပ်ဆောင်ကြပါရန် နှင့် ထိုသို့လုပ်ဆောင်ခြင်းသည် ဥယျာဉ်အတွင်းရှိ မျောက်ကလေးများ အန္တရာယ်ဖြစ်စေနိုင်ကြောင်း အသိပေးအပ်ပါသည်။

ဥယျာဉ်အတွင်းလာရောက်လှူဒါန်းကျသောအလှူရှင်များအနေဖြင့် မိမိတို့ အသုံးပြုပြီးသော Mask များအားစနစ်တကျ စွန့်ပစ်ပေးစေလိုပါသည်။

သို့ဖြစ်ပါ၍ 09423104231 သို့နံနက် ၉:၃၀ မှ ညနေ ၄:၃၀အတွင်း ကြိုတင် Booking တင်ပေးခြင်းအားလုပ်ဆောင်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်

Copyright 2018. All rights reserved.