Birds Watching Tour – Hlawga National Park
လှော်ကားချစ်သူတို့ရေ အစီအစဉ်အသစ်လေးတစ်ခုဖြစ်တဲ့ Birds Watching Tour လေးနဲ့မိတ် ဆက်ပေး ပါရစေ။ ဒီအစီစဉ်လေးမှာဘာတွေလုပ်လို့ရမှာလဲဆိုရင်တော့ 🔹ဆောင်းခိုငှက်ကလေးတွေ နဲ့ လှော်ကားဥယျာဉ်အတွင်း သဘာဝအတိုင်းပျံသန်း ကျက်စားနေကြတဲ့ ငှက်ကလေးတွေကို ကြည့်ရှုလေ့လာခွင့်ရမှာဖြစ်ပါတယ် 🔹အိမ်မှာနေရတာကြာတော့ ငြီးငွေ့ နေကြတဲ့သူတွေအတွက်လည်း သဘာဝတောအုပ်လေးထဲမှာ Camp လေထိုးပြီးမြို့ပြရဲ့ မွန်းကြပ်မှုတွေကို ခတ္တဖြေဖျောက်လို့ရမယ် 🔹ကျန်းမာရေးအတွက်လည်း တောလမ်းကလေးတွေမှာလမ်းလျှောက်ကြမယ် 🔹စက်ဘီးစီးရတာဝါသနာပါတဲ့ သူတွေအတွက်လည်းတောလမ်းကလေးမှာ စက်ဘီးစီးခွင့်ရမယ် 🔸ငါးမျှားချင်သူတွေအတွက်လည်း ငါးမျှားလို့ရမယ့် နေရာလေးတွေဖန်တီးပေးထားပါတယ်နော် ဒါကတော့ဘာတွေလုပ်လို့ရမှာလဲပြောပြီးပြီဆိုတော့ အစားအသောက်ပိုင်းမှာလည်း မနက်စာနဲ့ နေ့လည်စာတွေစီစဉ်ပေးမှာဖြစ်ပြီး ထူးထူးခြားခြားလေးဖြစ်အောင် 🔹လှော်ကားဥယျာဉ်ရဲ့ တမူထူးခြားတဲ့ လယ်တော Menu 🔹ကိုယ်တိုင်ကင်စားလို့ရမယ့် BBQ Menu ဆိုပြီး Menu ၂မျိုးရှိလို့ မိမိနှစ်သက်ရာ Menu ကိုရွေးချယ်လို့ရပါတယ် လူဘယ်နှစ်ယောက်လာလို့ရတာလဲဆိုရင်တော့ 🔹၅ယောက် 🔹၁၀ယောက် 🔹၁၅ယောက် ဆိုပြီးသတ်မှတ်ထားပါတယ် ကျန်းမာရေးဌာနကထုတ်ပြန်ချက်တွေအရ လူအများကြီးလက်ခံလို့မရလို့ တနေ့ကို ၂ဖွဲ့ပဲ လက်ခံပေးမှာ ဖြစ်ပါတယ် (အများဆုံးအယောက်၂၀ခန့်) လာရမယ့်အချိန်နဲ့ပြန်ရမယ့်အချိန်ကတော့ ⏰မနက် ၆နာရီကို အရောက်လာရမယ် ညနေ ၄နာရီမှာပြန်လည်ထွက်ခွာရပါမယ် Booking ကိုဘယ်နေ့စလက်ခံမှာလဲဆိုရင်တော့ 🗓ဒီဇင်ဘာ ၂၀ရက်နေ့မှာ လာရောက်လည်ပတ်နိုင်မှာပါ Booking ဘယ်လိုယူရမှာလဲ ☎️ 09423104231 📩 Chat Box မှာ ၃ရက်ကြိုတင် Booking ယူရမှာပါ စျေးနှုန်း နဲ့ Tour Itinerary ကိုတော့မကြာခင်ကြော်ငြာပေးမှာဖြစ်လို့ Page မှာ See First လုပ်ပြီးစောင့်ကြည့်ပေးကြပါနော် အားလုံးစိတ်ဝင်စားနေတဲ့ အစီစဉ်လေးဖြစ်မယ်လို့မျှော်လင့်ပါတယ် အသေးစိတ်သိချင်ရင်တော့ Chat Box သို့မဟုတ် 09423104231 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ

Copyright 2018. All rights reserved.