Camping Season is Here!!! – Hlawga National Park

🏕️ Camping Season is Here!!! 🤗

❄️အေးမြတဲ့ ဆောင်းအငွေ့အသက်၊ လတ်ဆတ်တဲ့လေထုနဲ့ စိမ်းစိမ်းစိုစို‌ သစ်ပင်များအကြားမှာ ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့အတူ လာရောက်အပန်းဖြေ အနားယူချင်သူတို့အတွက် အားလုံးမျှော်လင့်နေကြတဲ့ လှော်ကားဥယျာဉ်ရဲ့ Camping ရာသီပြန်လည်ရောက်ရှိလို့ လာပါပြီ 🥳🥳🥳

⛺️တောအုပ်လေးထဲမှာ ရွက်ဖျင်တဲလေးထိုးပြီး သဘာဝရဲ့အရသာကို အပြည့်အဝခံစားရင်း အနားယူအပန်းဖြေကြမလား၊

⛹️မိသားစု၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဂိမ်းလေးတွေ ကစားမလား၊

🎸ဂစ်တာတီးပြီး သီချင်းလေးတွေ ဆိုကြမလား၊

♟️Chessထိုးမလား၊ Scrabble ကစားမလား၊ ဒိုးဆက် (Domino) ဆက်ကြမလား၊

🏸ကြက်တောင်ရိုက်မလား၊ ခြင်းခတ်မလား .....စတဲ့ကစားနည်းမျိုးစုံထားရှိပေးထားမှာ ဖြစ်ပါတယ်။

🚶ကျန်းမာရေးအတွက်လည်း တောလမ်းကလေးတွေမှာ လမ်းလျှောက်လို့လည်းရမယ်၊

🚴‍♂️ စက်ဘီးစီးဝါသနာပါတဲ့ သူတွေအတွက်လည်း တောလမ်းကလေးမှာ စက်ဘီးစီးခွင့်ရမယ်၊

မနက် (၈) နာရီမှ ညနေ (၄) နာရီထိ ဥယျာဉ်အတွင်း စိတ်ကြိုက်အပန်းဖြေလည်ပတ်ခွင့်ရမယ့်အပြင်

🦌🐒 သဘာဝအတိုင်းကျက်စားနေတဲ့ တိရစ္ဆာန်လေးတွေကိုလည်း နီးနီးကပ်ကပ်အစာကျွေးနိုင်မှာ ဖြစ်ပါတယ်။

🍱 နေ့လည်စာအတွက်လည်း စိတ်ပူစရာမလိုပါဘူး။ အရသာကောင်းမွန်ပြီး တမူထူးခြားတဲ့ နေ့လည်စာများကို စီစဉ်ပေးထားတာမို့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ထမင်းလက်စုံစားနိုင်ပါတယ်။

📣 ဒီလို စိတ်လှုပ်ရှားစရာ Activity တွေနဲ့ တစ်နေ့တာ ကုန်ဆုံးချင်တယ်ဆိုရင်တော့ အခုပဲ Booking တင်လိုက််တော့နော်🥳🥳🥳

📞09 429998624, 09 423104231 📩 Chat Box မှာ စိတ်ကြိုက်ရက်လေးကို (၂) ရက်ကြိုတင် Booking ယူနိုင်ပါပြီနော် 🤗🤗🤗

Copyright 2018. All rights reserved.