👀ကြည့်ပြီး ချစ်ပါ ထိပြီး မချစ်ပါနဲ့🤞
🌳🌳လှော်ကားဥယျာဥ်သို့ အလည်လာသည့်အခါတွင် များစွာသော မျောက်ကလေးတို့ လွတ်လပ်စွာ ဆော့ကစား ပျော်ပါးနေသည်ကို မြင်တွေ့ရသည်မှာ လှော်ကားဥယျာဥ်၏ အမှတ်အသား တစ်ခုလိုပင် ဖြစ်နေပါသည် ။ 🥰🥰
✌️✌️ဒါပေမယ့်လို့ ခြွင်းချက်အနေဖြင့သတိထားသင့်ပြီး အလည်လာသူများ မလုပ်ဆောင် သင့်သည့် အချက်အလက်များရှိနေပါသည် ။ ၎င်းအချက်အလက်များများ .......
🌳🌳လှော်ကားဥယျာဥ်သို့ အိမ်မွေးတိရစ္ဆာန်များ ခေါ်ယူသယ်ဆောင်လာခွင့် မပြုပါ ။❕❕
🐒🐒မျောက်များအား အိမ်မွေး တိရစ္ဆာန်ကဲ့သို့ ထင်မြင်ယူဆ၍ ထိတွေ့ ကိုင်တွယ်ခြင်းကို လုံးဝ ( လုံးဝ ) မလုပ်ဆောင်သင့်ပါ ။❗️❗️
🌳🐒တောရိုင်းတိရစ္ဆာန်များဖြစ်သည့်အတွက် ၎င်းတို့၏သဘာဝအား တန်ဖိုးထားသင့်သောကြောင့် မျောက်များအား စနောက် ကျီစယ်ခြင်းများ မပြုလုပ်ရပါ ။🙌🙌
🐒🐒မျောက်များအား အနီးကပ်ကြည့်ရှု့ခြင်းအား ရှောင်ကြဉ်၍ အန္တာရာယ်မရှိနိုင်သည့် အကွာအဝေးမှ မျောက်များ၏ သဘာဝအား လေ့လာကြည့်ရှုပါ ။ 🥰🥰
🐒🐒မျောက်များအား အနီးကပ်အစာကျွေးခြင်းကိုရှောင်ကြဉ်ပါ။🍌🍌
🐒🐒မျောက်များအား သွားပေါ်အောင် ရယ်ပြ ပြုံးပြခြင်းသည် ၎င်းတို့အား ရန်လိုသည်ဟု ယူဆနိုင်ခြင်းကြောင့် ထိုကဲ့သို့ အပြုအမူများကို ရှောင်ကြဉ်သင့်ပါသည် ။ 🥰✌️
🐒🐒မျောက်များအား ကြောက်လန့်၍ ပြေးလွှားခြင်းမပြုရပါ ။ 🤫🤫
🍔🧀မိမိတို့ စားသောက်ရန် ယူဆောင်လာသည့် အစားအစာများအား မျောက်များ အလွယ်တကူ ယူနိုင်သည့် နေရာများတွင် မထားရပါ ။🤩🤩
🐒🐒မျောက်များကို ကျွေးရန်ယူဆောင်လာသည့် အစာများအား ပလတ်စတစ်အိတ်များဖြင့် ထည့်ယူလာခြင်းသည် မျောက်ကလေးများမှ အစာစားမိချိန်တွင် ပလက်စတစ်များ ပါဝင်သွားနိုင်ပြီး ၎င်းတို့အတွက် အသက်အန္တရာယ်အားထိခိုက်စေနိုင်ခြင်းကြောင့် ပလတ်စတစ်အိတ်များဖြင့် ထည့်ယူလာခြင်းများ မပြုလုပ်ရပါ။❗️❕
🌳🌳ဒီအချက်လေးတွေကတော့ လှော်ကားဥယျာဥ်သို့ လာရောက်လည်ပတ်ရာတွင် မျောက်ကလေးတွေ နှင့် ပတ်သတ်ပြီး သိထား၍ သတိထားသင့်သော အချက်ကလေးတွေပဲ ဖြစ်ပါတယ်ရှင့်။🥰🥰
✨🌈သဘာဝနဲ့ ထိတွေ့ ပြီး လွတ်လပ်စွာ အပန်းဖြေ အနားယူနိုင်ဖို့အတွက် လှော်ကားဥယျာဥ်ကို အရောက်လှမ်းလာခဲ့ဖို့ မမေ့ပါနဲ့နော် ။🙉✨
-----------------------------------------------------
🐯🐒🐢တိရစ္ဆာန်ဥယျာဥ် (ရတနာပုံ) သည် အများပြည်သူ အပန်းဖြေရာ နေရာတစ်ခုဖြစ်သောကြောင့် ဥယျာဥ်ဝန်းအား မနက် ( ၈ ) နာရီ မှ ညနေ ( ၄ ) အထိ နေ့စဥ် နေ့တိုင်း ပိတ်ရက် လုံးဝ မရှိဘဲ နွေးထွေး ကြိုဆိုလျက် ဖွင့်လှစ်ထားပါသည် ။ ✨
📍ဝင်ကြေးများမှာ……
လူကြီး - ၂၅၀၀ ကျပ် ၊
ကလေး - ၁၅၀၀ ကျပ် ဖြစ်ပါသည်။ 🎉🎉
👉အသေးစိတ်သိရှိလိုသမျှကို
Hot Line Number
☎️ 09 255 564 324 ...... ကို ဆက်သွယ် မေးမြန်းခြင်းဖြင့် စုံစမ်း သိရှိနိုင်ပါတယ်ရှင် ။ 🙌
🤞💚ထပ်မံ၍ သတင်းကောင်းအနေဖြင့် အသိပေး ကြေညာပေးသွားမှာကတော့ တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) မှာ ပညာရေး နဲ့ ပတ်သတ်သော စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာကောင်းတွေ ၊ Zoo Moments တွေကို နောက်ထပ် Channel 5 ခုမှာလည်း အစဉ်တစိုက်ဖြင့် ဖော်ပြနေပြီ ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်ရှင် ။💁💁♂️
🔹 LinkedIn Page
https://www.linkedin.com/company/yadanarbonzoo/
🔹 Telegram Channel
https://t.me/mdyzoo
🔹 Instagram
https://www.instagram.com/yadanarbon_zoo?igsh=MXFwbDN0NG41M201Yw==
🔹 YouTube
https://youtube.com/@yadanarbon_zoo?si=2Hq6qnubBh0vrFbL
🔹 Tik Tok
https://www.tiktok.com/@yadanarbonzoo?_t=ZS-8yQCVU8uqIS&_r=1
🔹 Website
http://www.mdyzoo.com ………တို့မှာ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး တောရိုင်း တိရစ္ဆာန်များအကြောင်း လေ့လာ လိုသူများ အနေဖြင့် သင်ယူနိုင်ဖို့ ယခုဖော်ပြပါ Channel & Page link တွေကို အခုပဲ Like & Subscribe လုပ်ထားလိုက်ကြစို့ နော် ။🙆♂️🙆