အစာလှူဒါန်းခြင်းနှင့်ဆိုင်သောအမေးဖြေများ – Hlawga National Park

မေး ။ လှော်ကားဥယျာဥ်ပြန်ဖွင့်ပြီလား ၊ ဘယ်တော့ပြန်ဖွင့်မှာလဲ။ ဖြေ ။ ဟုတ်ကဲ့ ပြန်မဖွင့်သေးပါဘူးခင်ဗျာ၊ ဘက်ဆိုင်ရာဌာနတွေရဲ့ လမ်းညွှန်မှုရတဲ့အခါ Hlawga Facebook Page မှာကြေငြာပေးသွားပါ့မယ်ခင်ဗျာ။ မေး ။ အစာလာကျွေးလို့ရလား ။ ဖြေ ။ ဟုတ်ကဲ့၊ ရပါတယ်ခင်ဗျာ။ မေး ။ ကိုယ်တိုင်အစာ၀ယ်လာရမှာလား ၊ ဥယျာဥ်က စီစဥ်ပေးတာလား။ ဖြေ ။ ကိုယ်တိုင်လည်း၀ယ်လာလို့ရသလို ၊ ဥယျာဥ်မှ စီစဥ်ပေးပါဆိုရင်လည်း စီစဥ်ပေးပါတယ်ခင်ဗျာ။ မေး ။ ကိုယ်တိုင်အစာ၀ယ်မယ်ဆိုရင် ဘယ်လို အစာမျိုးတွေ ၀ယ်လာရမလဲ။ ဖြေ ။ ငှက်ပျောသီး ၅၀ ဖီး၊ သခွားသီး ၇၀ လုံး၊ ပြောင်းဖူး ၅၀ လုံး၊ ကန်စွန်းဥ ၅ ပိသာ၊ သဘော်သီး ၅ လုံး၊ ကန်စွန်းရွက် ၅၀ စည်း ဖြစ်ပါတယ်ခင်ဗျာ။ မေး ။ အစာလာကျွေးရင် လူဘယ်နှစ်ယောက် ၀င်လို့ရမလဲ။ ဖြေ ။ (၅) ယောက်ထိ ၀င်ခွင့်ပြုထားပါတယ်ခင်ဗျာ။ မေး ။ အစာလာကျွေးသူတွေအနေနဲ့ ဘာတွေ လိုက်နာရမလဲ။ ဖြေ ။ ကျန်းမာရေး၀န်ကြီးဌာန မှ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း နှာခေါင်းစီးများကို မဖြစ်မနေတပ်ဆင်ရမှာဖြစ်ပါတယ် ခင်ဗျာ။ မေး ။ အစာက တစ်ရက်ကို ဘယ်နှစ်ကြိမ်ကျွေးလို့ရသလဲ။ ဖြေ ။ တစ်ရက်ကို (၂) ကြိမ်ကျွေးလို့ ရပါတယ်၊ မနက်ပိုင်းတစ်ကြိမ်နှင့် နေ့လည်ပိုင်း တစ်ကြိမ် ဆိုပီးသတ်မှတ်ထားပါတယ်။ မေး ။ မနက်ပိုင်းကျွေးရင်ဘယ်ချိန်လာရမလဲ၊ နေ့လည်ပိုင်းဆိုရင်ကော ဘယ်ချိန်လာရမလဲ။ ဖြေ ။ မနက်ပိုင်းကျွေးမဲ့အဖွဲ့က ၈း၃၀ မှ ၉း၀၀ အချိန်အတွင်း ၊ နေ့လည်ပိုင်းအဖွဲ့က ၂း၀၀ မှ ၂း၃၀ အချိန်အတွင်း လှော်ကားဥယျာဥ်ကို လာရောက်ပေးရမှာ ဖြစ်ပါတယ်ခင်ဗျာ။ မေး ။ အစာလာရောက်ကျွေးမယ်ဆိုရင် ဘယ်လိုဆက်သွယ်ရမလဲ။ ဖြေ ။ လာရောက်ကျွေးချင်သူများအနေဖြင့် ကြိုတင်စရင်းပေးဖို့ လိုအပ်သည်အတွက် ၀၉- ၄၂၃၁၀ ၄၂၃၁ သို့ ခေါ်ဆိုပြီး ကျွေးချင်သည့်ရက် ကျွေးချင်သည့်အချိန် နှင့် အစီအစဥ် အသေးစိတ်ကို ကြိုတင်ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါတယ်ခင်ဗျာ။

Copyright 2018. All rights reserved.