မေးလေ့ရှိသောမေးခွန်များ – Hlawga National Park

မေးလေ့ရှိသောမေးခွန်များ

ဘီးတပ်ကုလားထိုင်ဖြင့် ဝင်လိုရသောဝင်ပေါက်ရှိပါသလား။

ရှိပါတယ်။မသန်စွမ်းသူများအားနွေးထွေးစွာကြိုဆိုပါတယ်။

မြန်မာကျပ်ငွေတစ်ခုတည်းဖြင့်သာဝင်ကြေးကိုလက်ခံပါသလား။

မြန်မာငွတမျိုးတည်းသာ လက်ခံပါတယ်။

ဥယျာဉ်ထဲမှာအနားယူရင်စားသောက်လို့ရမည်နေရာရှိပါသလား။

လူမျိုးဘာသာမရွေးစာသုံးလို့ရအောင် စီစဉ်ပေးထားသောစားသောက်ဆိုင်များဆင်ရုံနားမှာရှိပါတယ်။

အခြားကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် အုပ်စုလိုက်ဝင်ချင်ပါကမည်သို့ဆောင်ရွက်ရမည်နည်း။

အုပ်စုလိုက်ဝင်ခွင့်အတွက် ကြိုတင်၍ ဖောင်လျှောက်ထားသူများအတွက်ရပါတယ်။

ဥယျာဉ်အတွင်းလှည့်ပတ်ကြည့်ရှုရန် ကားနှင့်အခြားလူစီးနိုင်သည့်အရာများ ဘိုကင်ကြိုလုပ်ရန် လိုပါသလား။

မလိုအပ်ပါဘူး၊ ဥယျာဉ်သို့ရောက်မှသာမိမိကြိုက်နှစ်သက် စက်ဘီး ၊ ဘက်ဂီကားများ ငှားစီးနိုင်ပါတယ်။

ဥယျာဉ်အနီးအနားမှာဘာစိတ်ဝင်စားစရာနေရာတွေရှိပါသလဲ။

ဥယျာဉ်အနီးအနားမှာ Htauk Kyant War Memorial Cemetery (ထောက်ကြန့်စစ်သင်္ချိုင်း) တည်ရှိပါတယ်။

အလှူငွေများပါဝင်လှူဒါန်းလို့ရပါသလား။

အလှူငွေများပါဝင်လှူဒါန်းလိုပါကနွေးထွေးစွာကြိုဆိုပါတယ်။လက်မှတ်အရောင်းကောင်းတာတွင် အသေးစိတ်မေးမြန်နိုင်ပါတယ်။ ၀၉၄၂၃၁၀၄၄၂၃၁ ကိုခေါ်ဆို၍ အသေးစိတ် မေးမြန်းနိုင်ပါတယ်။

တောရိုင်းတိရစ္ဆာန်များကိုလည်းဆက်သွယ်လှူဒါန်းလို့ရပါသလား။

ရပါတယ်။သို့သော် သတ်မှတ်ထားသောအကောင်များရှိပါသဖြင့် ၀၉၄၂၃၁၀၄၄၂၃၁ ကိုခေါ်ဆို၍ အသေးစိတ် မေးမြန်းနိုင်ပါတယ်။

ဥယျာဉ်ဝင်ကြေးလက်မှတ်ခတွင် အခြားအဖိုးအခများပါဝင်ပါသလား။

Mini Zoo အတွက် လူဝင်ကြေးခ သီးသန့် ကောက်ခံပြီး ၊ ဆာဖာရီဥယျာဥ် ဝင်ကြေးတွင် ဥယျာဥ်အတွင်းသို့ဝင်မည့် ကားဝန်ဆောင်ခနှင့် လူဝင်ကြေးအား လက်မှတ်ရယူသည့်အခါ ပေးချေရမည်ဖြစ်ပါတယ်။ အခြားအဖိုးအခများအား သက်ဆိုင်ရာနေရာအလိုက်တွင် ကောက်ခံပါသည်။

ပြင်ပမှာ တိရစ္ဆာန်အစားအစာများကြွေးမွေးလှူဒါန်းလို့ရပါသလား။

တိရစ္ဆာန်အစားအစာများကြွေးမွေးလှူဒါန်းလိုပါက လှော်ကားဥယျာဥ်(ရန်ကုန်) အုပ်ချုပ်ရေးရုံး ဖုန်းနံပါတ် ၀၉၄၂၃၁၀၄၄၂၃၁ သို့ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပြီး တိရစ္ဆာန်ထိန်းသိမ်းရေးနှင့်  ဆေးကုသရေးဌာန၏ စစ်ဆေးခွင့်ပြုချက်ရရှိပါက ကြွေးမွေးလှူးဒါန်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Copyright 2018, Htoo Zoos and Gardens Business Unit. All rights reserved.