Hlawga Trekking – Hlawga National Park

✨🥳အသက်ရှည် ကျန်းမာ စိတ်ချမ်းသာစွာ နေထိုင်နိုင်ဖို့ ၊ လှော်ကားဥယျာဉ်ဝန်းအတွင်း Trekking အားကစားကို အခုပဲ စတင်လုပ်ဆောင်လိုက်ကြပါစို့ ။💪💪

❗️😔မြို့ပြရဲ့ ဆူညံမှုများက လူတိုင်းရဲ့ နေ့စဉ်ဘဝကို မွန်းကြပ် ပိတ်လှောင် စေနိုင်ပါတယ် ။ လမ်းမပေါ်တွင်လည်း ကားများဖြင့် ပြည့်ကြပ်နေပြီး အပြိုင်အဆိုင် ဟွန်းတီးသံများ ၊ အလုပ်ထဲ ရုံးထဲရှိ စိတ်ဖိအား များ ၊ မိသားစု နှင့် ကိုယ်ပိုင် အချိန်နည်းပါးမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက် ချို့ယွင်းမှုများ ...... စတာတွေ စတင် ကြုံတွေ့ ခံစားနေရပြီလား ?😪😪

🥳🥳ဒီလိုအချိန်မျိုးမှာဆိုရင် သဘာဝနဲ့ ထိတွေ့ပြီး စိတ်လှုပ်ရှားဖွယ်ရာ ပျော်ရွှင်မှုတွေကို ရရှိစေမယ့် လှုပ်လှုပ် ရှားရှား အားကစားတစ်ရပ်ကို မဖြစ်မနေ လုပ်ဆောင်ဖို့ အရေးကြီး လိုအပ်လာပြီး ဘယ်လို အားကစား တစ်ရပ်ကို ဘယ်လို နေရာမှာ လုပ်ဆောင်မလဲ ဆိုတာကိုလည်း မဖြစ်မနေ စဉ်းစား ရွေးချယ်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ် ။

ထိုသို့ စဉ်းစား ရွေးချယ်တဲ့ နေရာမှာ မျှော်လင့်ချက်တစ်ခုအဖြစ် ရှိနေတဲ့နေရာကတော့ လှော်ကား ဥယျာဉ် ပဲဖြစ်ပါတယ် ။ ✨💚

🌳✨လှော်ကားဥယျာဉ်ဟာ သစ်ပင် ပန်းမန်များ နှင့် လတ်ဆတ်သော လေထု ၊ သဘာဝ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် ဥယျာဉ်တစ်ခုဖြစ်ပြီး ၄အတွင်း၌ လှုပ်လှုပ် ရှားရှား အားကစားတစ်ရပ် အနေဖြင့် ခြေလျင် တောင်တတ်/လမ်းလျှောက်ခြင်းအစီအစဉ် ( Trekking activity ) ကို လုပ်ဆောင်ပါက ခန္ဓာကိုယ်ကိုသာမက စိတ်ကိုပါ ပျော်ရွှင် တက်ကြွစေပြီး ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေမှာ ဖြစ်ပါတယ်။ 🥰🥰

🌳✨လှော်ကားဥယျာဉ်အတွင်းမှာ မိသားစု (သို့ ) သူငယ်ချင်းများနှင့် အုပ်စုဖွဲ့၍ Trekking activity ကို အတူတကွ ဘေးကင်း ပျော်ရွှင်စွာ ပြုလုပ်နိုင်ပါတယ် ။ Trekking activity လေးမှာ (3.9) Km အကွာအဝေးရှိတဲ့ လမ်းတို နှင့် (7.9) km အကွာအဝေးရှိတဲ့ လမ်းရှည်ဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ် ။ လမ်းတိုမှာ (၁:၃၀) နာရီခန့် ကြာမြင့်မှာဖြစ်ပြီး လမ်းကြောင်းအရှည်ကို ရွေးချယ်ရင်တော့ (၃:၀၀) နာရီခန့် ကြာနိုင်မှာဖြစ်ပါတယ် ။ 💁💁‍♂️

🌳🌱💚ဒီလို လှော်ကားဥယှာဉ်ဝန်းအတွင်း Trekking activity မှာ မိသားစု ( သို့ ) သူငယ်ချင်းများ နှင့်အတူ ပူးပေါင်း ပါဝင်ခြင်းဖြင့် .....

👉 သွေးလည်ပတ်မှုကောင်းစေပြီး ၊ သွေးတိုးရောဂါ ၊ နှလုံးရောဂါ ကင်းရှင်းစေနိုင်ခြင်း ။

👉 သဘာဝတော/တောင်ထဲ၌ လမ်းလျှောက်ရခြင်းကြောင့် စိတ်အေးချမ်းပြီး စိတ်ဖိစီးမှု ၊ စိတ်ပင်ပန်းမှုတွေကို သက်သာစေခြင်း ။

👉 သဘာဝနဲ့ ထိတွေ့ပြီး Trekking ပြုလုပ်ခြင်းကြောင့် စိတ်အာရုံ တက်ကြွ လန်းဆန်းစေခြင်း ။

👉 တော/တောင်အတွင်း လမ်းလျှောက်ရခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ကယ်လိုရီများစွာကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ထိန်းသိမ်းရာတွင် အထောက်အကူပြုခြင်း ။

👉 ကိုယ်ခံအား တိုးတက်ခြင်း ။

👉 အိပ်စက်ရေးတွင် အထူးကောင်းမွန်ခြင်း ။

👉 မိသားစု/သူငယ်ချင်းတွေနဲ့ ကောင်းမွန်သောဆက်ဆံရေး တိုးတက်ခြင်း ...... စသည့် ကိုယ် ၊ စိတ် ၊ နှလုံး သုံးပါးစလုံးအတွက် ကောင်းမွန်သည့် အားသာချက်များကို ရရှိနိုင်မည့်အပြင် မိသားစု ၊ သူငယ်ချင်းများနှင့် အမှတ်တရ အခိုက်အတန့်များ ဖန်တီးနိုင်မှာ ဖြစ်လို့ ကျန်းမာ ပျော်ရွှင် အောင်မြင်သော နေထိုင်မှုဘဝကို ရယူ ပိုင်ဆိုင် လိုက်ကြပါစို့နော် ။ 💪💪

#HlawgaPark #HlawgaTrekking #WalkToWellness #TogetherWeTrek

#ExploreWithFriends #OutdoorActivity #HlawgaNatureTrip #TrekkingForHealth

------------------------------------------------------------

🐯🐒🐢လှော်ကားဥယျာဥ် (ရန်ကုန်) သည် အများပြည်သူ အပန်းဖြေရာ နေရာတစ်ခုဖြစ်သောကြောင့် ဥယျာဥ်ဝန်းအား မနက် ( ၈ ) နာရီ မှ ညနေ ( ၄ ) အထိ နေ့စဥ် နေ့တိုင်း ပိတ်ရက် လုံးဝ မရှိဘဲ နွေးထွေး ကြိုဆိုလျက် ဖွင့်လှစ်ထားပါသည် ။ ✨

📍ဝင်ကြေးများမှာ……

လူကြီး - 4000 ကျပ် ၊

ကလေး - 2500 ကျပ်

Buggy – 1000 ကျပ် ဖြစ်ပါသည်။ 🎉🎉

👉အသေးစိတ်သိရှိလိုသမျှကို

Hot Line Number

☎️ 09 423 104 231

☎️ 09 429 998 624 ...... တို့ကို ဆက်သွယ် မေးမြန်းခြင်းဖြင့် စုံစမ်း သိရှိနိုင်ပါတယ်ရှင် ။ 🙌

🤞💚ထပ်မံ၍ သတင်းကောင်းအနေဖြင့် အသိပေး ကြေညာပေးသွားမှာကတော့ လှော်ကားဥယျာဥ် ( ရန်ကုန် ) မှာ ပညာရေး နဲ့ ပတ်သတ်သော စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာကောင်းတွေ ၊ Zoo Moments တွေကို နောက်ထပ် Channel 5 ခုမှာလည်း အစဉ်တစိုက်ဖြင့် ဖော်ပြနေပြီ ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်ရှင် ။💁💁‍♂️

🔹 LinkedIn Page

https://www.linkedin.com/company/hlawgapark/

🔹 Telegram Channel

https://t.me/hlawgapark

🔹 Instagram

https://www.instagram.com/hlawga_park?igsh=cGlnN2ZwdHlsZXBm

🔹 YouTube

https://youtube.com/@hlawga_park?si=YNdFY_H5skpGtWQp

🔹 Tik Tok

https://www.tiktok.com/@hlawgapark?_t=ZS-8yQEttUnmw4&_r=1

🔹 Website

http://www.hlawgapark.com ………တို့မှာ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး တောရိုင်း တိရစ္ဆာန်များအကြောင်း လေ့လာ လိုသူများ အနေဖြင့် သင်ယူနိုင်ဖို့ ယခုဖော်ပြပါ Channel & Page link တွေကို အခုပဲ Like & Subscribe လုပ်ထားလိုက်ကြစို့ နော် ။🙆‍♂️🙆

Copyright 2018. All rights reserved.