Htoo Zoos & Gardens Business Unit – Hlawga National Park

Htoo Zoos & Gardens Business Unit နှင့် ထိုင်းနိုင်ငံမှ အတွေ့အကြုံရှိ ‌Dr.Visit Arsaithamkul နှင့် Chaing Mai တိရစ္ဆာန်ဥယျာဉ်မှ Nutritionist Miss Somprattana Sirikulpan တို့အား ပင့်ဖိတ်၍ 2-9-2025 မှ 4-9-2025 အထိ တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)၏ ရှင်းလင်းဆောင်တွင် Zoo Animals Nutrition Workshop အား ကျင်းပပြုလုပ်ခဲ့ပါသည် ။

တိရစ္ဆာန်ဥယျာဥ် ဆိုသည်မှာ တောရိုင်းတိရစ္ဆာန်တွေကို မျိုးသုဥ်း ပျောက်ကွယ်သွားခြင်း (Extinction) ပပျောက်စေရေး အတွက် ကြိုးစား၍ ထိန်းသိမ်း ကာကွယ် စောင့်‌ရှောက်နေကြသော ဒိုင်းသဖွယ် အကာအကွယ်များ ဖြစ်ကြပါသည် ။ ထို့ကြောင့် တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်း စောင့်ရှောက် သည့်အခါ Animals Welfare ဆိုသည့် တိရစ္ဆာန်များ ကောင်းကျိုးချမ်းသာ သုခကို ခံစားရ‌ရေးသည် အလွန် အရေးပါ အရာရောက်ပြီး တောရိုင်းတိရစ္ဆာန်များ၏ အာဟာရဗေဒ ( Nutrition ) သည်လည်း တိရစ္ဆာန်ဥယျာဥ်များ၏ ရေရှည်ဖွင့်ဖြိုးတိုးတတ်မှုအတွက် အသက်တမျှ အရေးကြီးသော အစိတ် အပိုင်းမှ ( Vital Role ) ပါဝင်နေပါသည် ။

 မျိုးသုဥ်းလုနီးပါး မျိုးစိတ်များကို ထိမ်းသိမ်းစောင့်‌‌ရှောက်ခြင်းသည် ခေတ်သစ် တိရစ္ဆာန်ဥယျာဥ်များ၏ အဓိက ရည်ရွယ်ချက် ဖြစ်ပါသည် ။ တိရစ္တာန်ဥယျာဥ်အတွင်းရှိ တိရစ္ဆာန်များအတွက် ၎င်းတို့မျိုးစိတ် များအလိုက် သဘာဝအတိုင်း ကောင်းမွန် မှန်ကန်သော အစားအစာများ ရွေးချယ်ပေးခြင်းသည် Nutrition ၏ အခြေခံအုတ်မြစ်ဖြစ်ပါသည် ။

ယခုကျင်းပသည့် Workshop မှ ရရှိလာမည့် အသိပညာများသည် တိရစ္ဆာန်မျိုးစိတ်အလိုက် သင့်တော်သော အာဟာရပြည့်ဝသည့် အစားအစာများ ကျွေးနိုင်ရန် ၊ ရောဂါ များကင်းရှင်းစေရန် ၊ သက်တမ်းရှည်ကြာစွာနေနိုင်ရန် နှင့် ကောင်းကောင်း မွန်မွန် အောင်မြင်စွာ သားဖောက်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် အသိပညာများကို ဟောပြော ရှင်းပြနေခြင်းဖြစ်ပါသည် ။

ကျန်းမာသည့် တိရစ္ဆာန်များသည် ပိုမိုတတ်ကြွကြပြီး ဧည့်သည်များ အတွက် ပညာပေးလုပ်ငန်းများပါဝင်ကာ ဥပမာ (Keeper Talk) ကဲ့သို့ အစီအစဥ်များဖြင့် ဧည့်သည် ပရိတ်သတ်အား ပိုမို ဆွဲဆောင် နိုင်စွမ်းများ ရှိလာပါသည် ။

WAZA ကမ္ဘာ့တိရစ္ဆာန်ဥယျာဥ်များ နှင့် ငါးပြတိုက်များဆိုင်ရာ အသင်းအဖွဲ့ကြီးသည် တိရစ္ဆာန်များ၏ ကျန်းမာရေး နှင့် အာဟာရ စီမံ ခန့်ခွဲမှုများကို အလေးထား ဆောင်ရွက်လျက်ရှိသော အသင်းအဖွဲ့ကြီး ဖြစ်ပါသည် ။ မိမိတို့ နိုင်ငံရှိ တိရစ္ဆာန်ဥယျာဥ်များ၏ လူပ်ဆောင်မှုများ ဥပမာ (Nutrition Workshop) များ ဆောင်ရွက်ခြင်းသည် နိုင်ငံတကာ တိရစ္ဆာန်ဥယျာဥ်အဖွဲ့အစည်းများမှ လက်ခံကာ ယုံကြည်မှု ရှိစေပြီး ထိုလုပ်ဆောင်ချက်များသည် နိုင်ငံတကာ အဆင့်မှီ တိရစ္ဆာန်ဥယျာဥ်တစ်ခုအဖြစ် အသိအမှတ်ပြုခံရရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခု ပင်ဖြစ်ပါသည် ။

ဤကဲ့သို့ Nutrition Workshop ကို ပြန်လည် စီစစ်ဆောင်ရွက်သည့်အတွက် တောရိုင်းတိရစ္ဆာန်များအတွက် မလိုလားအပ်သည့် အစားအစာများ အချည်းနှီး ဖြစ်မှုများကို လျော့ချနိုင်ပြီး ကုန်ကျစရိတ်များကိုလည်း လျော့စေနိုင်သည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည် ။ ဤကဲ့သို့ Nutrition Workshop ကိုဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများအတွက်လည်း ခေတ်မှီပြီး လက်တွေ့ကျသည့် အသိပညာများ သင်ယူ တတ်မြောက်နိုင်ပြီး တိရစ္ဆာန်ဥယျာဥ်၏ အနာဂတ် အတွက်လည်း ကောင်းမွန်သော ရင်းနှီးမြုပ်နှံမှု တစ်ခု ဖြစ်ပါသည် ။

ထိုကဲ့သို့ Nutrition Workshop အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် တိရစ္ဆာန်ဥယျာဥ်၏ ဂုဏ်သိက္ခာ ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကို မြင့်တင်ပေးပြီး ရေရှည်မှာ ကြီးမားသော အကျိူးကျေးဇူး ရရှိစေမှာ ဖြစ်ပါသည် ။

#NutritionWorkshop #nutrition

Copyright 2018. All rights reserved.