ဘီးတပ်ကုလားထိုင်ဖြင့် ဝင်လိုရသောဝင်ပေါက်ရှိပါသလား။
ရှိပါတယ်။မသန်စွမ်းသူများအားနွေးထွေးစွာကြိုဆိုပါတယ်။
မြန်မာကျပ်ငွေတစ်ခုတည်းဖြင့်သာဝင်ကြေးကိုလက်ခံပါသလား။
မြန်မာငွတမျိုးတည်းသာ လက်ခံပါတယ်။
ဥယျာဉ်ထဲမှာအနားယူရင်စားသောက်လို့ရမည်နေရာရှိပါသလား။
လူမျိုးဘာသာမရွေးစာသုံးလို့ရအောင် စီစဉ်ပေးထားသောစားသောက်ဆိုင်များဆင်ရုံနားမှာရှိပါတယ်။
အခြားကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် အုပ်စုလိုက်ဝင်ချင်ပါကမည်သို့ဆောင်ရွက်ရမည်နည်း။
အုပ်စုလိုက်ဝင်ခွင့်အတွက် ကြိုတင်၍ ဖောင်လျှောက်ထားသူများအတွက်ရပါတယ်။
ဥယျာဉ်အတွင်းလှည့်ပတ်ကြည့်ရှုရန် ကားနှင့်အခြားလူစီးနိုင်သည့်အရာများ ဘိုကင်ကြိုလုပ်ရန် လိုပါသလား။
မလိုအပ်ပါဘူး၊ ဥယျာဉ်သို့ရောက်မှသာမိမိကြိုက်နှစ်သက် စက်ဘီး ၊ ဘက်ဂီကားများ ငှားစီးနိုင်ပါတယ်။
ဥယျာဉ်အနီးအနားမှာဘာစိတ်ဝင်စားစရာနေရာတွေရှိပါသလဲ။
ဥယျာဉ်အနီးအနားမှာ Htauk Kyant War Memorial Cemetery (ထောက်ကြန့်စစ်သင်္ချိုင်း) တည်ရှိပါတယ်။
အလှူငွေများပါဝင်လှူဒါန်းလို့ရပါသလား။
အလှူငွေများပါဝင်လှူဒါန်းလိုပါကနွေးထွေးစွာကြိုဆိုပါတယ်။လက်မှတ်အရောင်းကောင်းတာတွင် အသေးစိတ်မေးမြန်နိုင်ပါတယ်။ ၀၉၄၂၃၁၀၄၄၂၃၁ ကိုခေါ်ဆို၍ အသေးစိတ် မေးမြန်းနိုင်ပါတယ်။
တောရိုင်းတိရစ္ဆာန်များကိုလည်းဆက်သွယ်လှူဒါန်းလို့ရပါသလား။
ရပါတယ်။သို့သော် သတ်မှတ်ထားသောအကောင်များရှိပါသဖြင့် ၀၉၄၂၃၁၀၄၄၂၃၁ ကိုခေါ်ဆို၍ အသေးစိတ် မေးမြန်းနိုင်ပါတယ်။
ဥယျာဉ်ဝင်ကြေးလက်မှတ်ခတွင် အခြားအဖိုးအခများပါဝင်ပါသလား။
Mini Zoo အတွက် လူဝင်ကြေးခ သီးသန့် ကောက်ခံပြီး ၊ ဆာဖာရီဥယျာဥ် ဝင်ကြေးတွင် ဥယျာဥ်အတွင်းသို့ဝင်မည့် ကားဝန်ဆောင်ခနှင့် လူဝင်ကြေးအား လက်မှတ်ရယူသည့်အခါ ပေးချေရမည်ဖြစ်ပါတယ်။ အခြားအဖိုးအခများအား သက်ဆိုင်ရာနေရာအလိုက်တွင် ကောက်ခံပါသည်။
ပြင်ပမှာ တိရစ္ဆာန်အစားအစာများကြွေးမွေးလှူဒါန်းလို့ရပါသလား။
တိရစ္ဆာန်အစားအစာများကြွေးမွေးလှူဒါန်းလိုပါက လှော်ကားဥယျာဥ်(ရန်ကုန်) အုပ်ချုပ်ရေးရုံး ဖုန်းနံပါတ် ၀၉၄၂၃၁၀၄၄၂၃၁ သို့ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပြီး တိရစ္ဆာန်ထိန်းသိမ်းရေးနှင့် ဆေးကုသရေးဌာန၏ စစ်ဆေးခွင့်ပြုချက်ရရှိပါက ကြွေးမွေးလှူးဒါန်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
Copyright 2018. All rights reserved.