လှော်ကားဥယျာဉ်မှာ လက်ရှိ ဆင်ကလေး ၆ကောင်ကိုထိန်းသိမ်းစောက်ရှောက်ထားပါတယ်။ ဆင်ကလေးတွေရဲ့စားသောက်ခြင်းနဲ့ အိပ်စက်ခြင်းအကြောင်းပြောရမယ်ဆိုရင် သူတို့လေးတွေက တနေ့ကို သူ့ကိုယ်အလေးချိန်ရဲ့ ၁၀% ပမာဏလောက်ကို စားနိုင်ပါတယ်တဲ့၊ အသီးအရွက်စားတဲ့ တိရစ္ဆာန်ဖြစ်လို့ မြက်၊ သစ်ရွက်၊ သစ်ခေါက်၊ သစ်ခက်၊ သစ်သီးသစ်ဖု နှင့် ဟင်းသီးဟင်းရွက်တွေကိုစားပါတယ်၊ တနေ့ကိုရေ ၅၀လီတာခန့်လည်းသောက်နိုင်ပါတယ်နော်၊ တောထဲမှာနေတဲ့တောရိုင်းဆင်တွေကတနေ့ကို ၂နာရီခန့်ပဲအိပ်ကြတယ်တဲ့ အန္တရာယ်တွေရှောင်ရသလို အစာရှာဖို့ကိုလည်းစိုးရိမ်ပူပန်းနေရလို့ပါ. ဥယျာဉ်တွေထဲမှာမွေးပြီးစောက်ရှောက်ထားတဲ့ဆင်ကလေးတွေကတော့တနေ့ကို ၄နာရီကနေ ၆နာရီကြား ကောင်းမွန်စွာအိပ်စက်ကြပါတယ် အရင်ကတော့ လာရောက်လည်ပတ်ကြသူတွေ နဲ့ တရင်းတနှီးနေရတော့အခုလို လူတွေနဲ့ဝေးကွာနေတဲ့ ကာလအတွင်းမှာ ဆင်လေးတွေကအလွမ်းကြီးလွမ်းနေရပါတယ် ဒါကြောင့်မို့ ဥယျာဉ်ကနေ ဆင်ကလေးတွေနဲ့ တွေဆုံဖို့အတွက် "ဆင်ဘူဖေး" ဆိုတဲ့ တန်ဖိုးရှိလှတဲ့ အလှူဒါနပြုနိုင်တဲ့အစီအစဉ်လေးကိုဖန်တီးပေးလိုက်ပါတယ် "ဆင်ဘူဖေး" မှာ
-ဖရဲသီး -မုန်လာဥနီ -ငှက်ပျောသီး -ကန်စွန်ဥ -ပြောင်းဖူး -မြက် -ကြံ အစရှိတာတွေပါဝင်မှာဖြစ်ပါတယ်၊ အလှူအတွက်ကျသင့်ငွေကတော့ ဆင်တကောင်စာအတွက်ဆို ၆၀,၀၀၀ကျပ်ဖြစ်ပြီး၊ (၆)ကောင်စာအတွက်ဆိုရင် ၃၆၀,၀၀၀ကျပ်ဖြစ်ပါတယ်။ ပါဝင်လှူဒါန်းလိုသူများ အနေဖြင့် 09423104231 ကိုဆက်သွယ်ပြီးလာရောက်လှူဒါန်းနိုင်မှာပါ။ ဆင်တွေရဲ့အစားအစာတွေကိုတော့ ဥယျာဉ်ကပြင်ဆင်ပေးထားမှာဖြစ်လို့ အစီစဉ်လေးတစ်ခုပါ။ လူကိုယ်တိုင်လာဖို့ အခက်အခဲရှိသူများအနေဖြင့်လည်း အလှူအတွက်ကုန်ကျငွေကိုလည်း ဖော်ပြပါ Bank Account များမှတဆင့် ပါဝင်လှူဒါန်းနိုင်ပါတယ်။
AGD Bank Account - 3590011000234019 KBZ Bank Account - 2781 03278 003 08001 AYA BANK Account - 0164 1030 1000 0353
Copyright 2018. All rights reserved.