ဆတ် – Hlawga National Park

ဆတ်

ဦးခေါင်းမှ ခန္ဓာကိုယ်အရှည် ၅ပေ-၉ပေ
ခန္ဓာကိုယ်အလေးချိန် ၄၀ဝပေါင်-၆၀ဝပေါင်
အရွယ်ရောက်ချိန် ၁နှစ်ခွဲ-၂နှစ်
ကိုယ်ဝန်ဆောင်ကာလ ၈လ
မွေးဖွားနှုန်း ၁ကောင်
သက်တမ်း ၂၀ နှစ်
ဆတ် (Rusa unicolor)

သွင်ပြင်လက္ခဏာ - အထီးတွင် ဦးချိုပါရှိပြီး အမများတွင် မပါရှိပါ။ ဦးချိုကြီးများသည် ခိုင်ခံ့၍ အတက် (၃) တက်ထွက်သည်။ အရွယ်အစားကြီးမား၍ သန်မာကြံ့ခိုင်သည်။အမွေးမှာ ကြမ်း၍ အညိုနှင့် နီညိုရောင် စပ်ထားသော အရောင်ရှိသည်။ အမြီး၏ အောက်ဖက်တွင် အဖြူရောင်ရှိသည်။

တွေ့ရှိရာဒေသ -  အာရှတိုက်တောင်ပိုင်း၊ အရှေ့တောင်အာရှနိုင်ငံများ၊ မြန်မာ၊ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုချိုင်းနား၊ မလေးကျွန်းဆွယ်၊ တရုတ်ပြည်တောင်ပိုင်း၊ ထိုင်ဝမ်၊ ဆူမားတြားနှင့် ဘော်နီယို   ကျွန်းများတွင် တွေ့ရှိရသည်။

နေထိုင်မှုသဘာဝ - အပူပိုင်းခြောက်သွေ့သစ်တော၊ အမြဲစိမ်းသစ်တော၊ သစ်တောမျိုးစုံတွင် နေထိုင်သည်။ မြစ်ချောင်းများကြားရှိ သစ်ပင်ထူထပ်သည့် တောင်ကမ်းပါးနေရာများကို နှစ်သက်သည်။ ညထွက်သတ္တဝါဖြစ်၍ တောတောင်များတွင် လှည့်လည် ကျက်စားသည်။ အထီးများသည် တစ်ကောင်တည်းနေလေ့ရှိပြီး အမများသည် ကလေးငယ်များနှင့်အတူ အုပ်စုဖွဲ့ နေလေ့ရှိသည်။ ဧပြီလနှင့် မေလတွင် ဦးချိလဲကြသည်။ ဦးချိုကို တစ်ဖက်ချင်းစီ ချလေ့ရှိသည်။

အစားအစာ - မြက်များကို စားသောက်ပြီး ဆားတွင်းများရှိရာကို ရှာဖွေ စားသောက် လေ့ရှိသည်။

ထိန်းသိမ်းမှုအဆင့်သတ်မှတ်ချက် - ဆတ်သားများကို စားသုံးကြပြီး ဆတ်ချိုနုများကို ဆေးဖက်ဝင်သည်ဟူသော အယူအဆများကြောင့် တောတွင်းမှာရှိသော ဆတ်များ၏ အရေအတွက်မှာ သိသာစွာ လျော့နည်းလာပြီး မကြာမီတွင် မျိုးသုဉ်းမှုအန္တ္တရာယ်နှင့်  ကြုံတွေ့ရမည့် အဆင့်သို့ ရောက်သွားနိုင်သော သတ္တဝါဖြစ်ပါသည်။

RELATED ANIMALS

Copyright 2018. All rights reserved.